ကော်ဖီနှင့်ရောဂါ

ဆူးSeptember 11, 20101min945

ကမာ္ဘ့လူဦးရေ သန်းပေါင်းများစွာဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြတယ်. . ကော်ဖီနှင့်ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုးတွေကို ပြောကြသလို အမျိုးမျိုးလည်း သတ်မှတ်ကြပါတယ်. . တချို့ ကကော်ဖီမှာ ကဖိန်းဓာတ်ပါလို့ အာရုံကြောကို ဒုက္ခရောက်စေတယ်လို့ ဆိုကြတယ်. . .မကြာသေးခင်က ထွက်ရှိခဲ့တဲ့ အစီရင်ခံစာများထဲတွင် ကော်ဖီနှင့်ပက်သက်ပြီး ကောင်းကျိုးတွေပါလာပါတယ်. . ကော်ဖီဟာရောဂါကြီးတွေကိုတောင် သက်သာစေနိုင်တယ်လို့ ပြောတယ်. . စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ကျန်းမာစေတယ်လို့ ဖော်ပြခဲ့ပါတယ်. .

နှလုံးကို အားကောင်းစေပါသလား

အရင်ကတော့ ကော်ဖီဟာ နှလုံးကို အားနည်းစေတယ် . . နှလုံးမကောင်းဘူးလို့ ကောက်ချက်ချခဲ့ကြတယ်. . . လွန်ခဲ့တဲ့ အနှစ်၂ဝက ဆိုရင် လေ့လာဆန်းစစ်မှုများကို ဥရောပကလုပ်ကြပြီး ကော်ဖီပြင်းပြင်းသောက်ရင် ကိုလက်စထရော အများကြီးဖြစ်ပေါ်စေတယ်လို့ ပြောကြတယ်. . . သုတေသီတွေကလည်း အမျိုးမျိုး ဆန်းစစ်ကြည့်ကြပါတယ်. . အဲဒီအခါမှာ ကော်ဖီကို ပုံမှန်သောက်မယ် အလွန်အကျွံ့မဟုတ်ဘဲ အသင့်အတင့် သောက်မယ်ဆိုရင် မိမိရဲ့ သွေးတိုးစေမှုကို အန္တရာယ် မဖြစ်ဘူး . . သွေးတိုးရောဂါလည်း မဖြစ်ဘူးလို့ ဆိုပါတယ် . . ဒါ့အပြင် သွေးခုန်နှုန်း မမှန်တာတွေကို မှန်အောင် အားပေးတယ်. . ကျန်းမာရေး ကောင်းတဲ့ သူတွေဖြစ်အောင် ကော်ဖီကအကျိုးပြုပါတယ်လို့ ဆိုပါတယ် . . ကော်ဖီကြောင့် နှလုံးရောဂါဖြစ်တယ်ဆိုတာ အခုမှဟုတ်တော့ပါဘူးလို့ ဟားဗတ်တက္ကသို်လ်က မိယာစတင်ဖာက ပြောပါတယ်. . ကော်ဖီသောက်တာနဲ့ နှလုံးရောဂါဖြစ်တာ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာလည်း သိရှိလာရပါတယ်. . .

ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို ကာကွယ်ပေးခြင်း

ယခုအခါ ကော်ဖီရဲ့ အာနိသင်နဲ့ပတ်သက်ပြီး အသစ်တွေ့ရှိတာက အသက်ကြီးတဲ့ အခါ ဖြစ်တတ်တဲ့ ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို သက်သာပျောက်ကင်းစေသလို မဖြစ်အောင်လည်း ကာကွယ်တယ်လို့ ဆိုပါတယ်…

ကော်ဖီများများသောက်ရင် ကိုယ်ဝန်ပျက်စီးစေသလား

ကနေဒါက ကော်ဖီနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်သူတွေဟာ သားပျက်ကျတဲ့ ကိုယ်ဝန်ဆောင်သည်တွေကို စစ်ဆေးကြည့်တဲ့အခါ ၃၆% ဟာ တစ်နေ့ကို ကေ်ာဖီနှစ်ခွက်သောက်တဲ့သူတွေ ဖြစ်တယ်လို့သိရပါတယ်. . သူတို့ဟာ ကော်ဖီမသောက်တဲ့ မိန်းမတွေထက်ပိုပြီး အဖြစ်များတာ တွေ့ရတယ်. . . ဒါပေမယ့် အမေရိကန်ပြည်ထောင်စု က လူသားဖွံ့ဖြိုးမှုနှင့် ကလေးကျန်းမာရေး အမျိုးသားဌာနက ဒေါက်တာ မက်ကလေဘာနော့က ဒီအဆိုဟာ မသေချာပါဘူး. ကော်ဖီမသောက်ဘဲနဲ့လည်း သားပျက်ကျတဲ့ မိန်းမတွေ အများကြီးရှိတယ်. . . ကော်ဖီသောက်လို့သားပျက်တယ်ဆိုတာကတော့ အခုအချိန်ထိ အသေအချာ ပြောလို့မရသေးပါဘူး ကော်ဖီကို တစ်နေ့ ၅ခွက်၊ ၆ခွက် အလွန်အကျွံ့သောက်တဲ့ သူတွေကတော့ သားပျက်တာဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်. . .

ကင်ဆာရောဂါဖြစ်နို်င်သလား

၁၉၈ဝ ခုနှစ်ကာလတွေတုန်းကတော့ ကော်ဖီသောက်လို့ရှိရင် ပန်းခရိကင်ဆာဖြစ်နိုင်တယ်လို့ ပြောပါတယ်. . . အဲဒါဟာ တမင်ခြောက်လှန့်တာသက်သက်ပဲ ဖြစ်ပါတယ် ဒါကြောင့်လေ့လာဆန်းစစ်မှုတွေ လုပ်ကြည့်တဲ့ အခါ ကော်ဖီကြောင့် ဖြစ်တယ်ဆိုတာ လက်မခံကြပါဘူး နောက်တစ်ချို့လည်း ဆီးအိမ်ကင်ဆာဟာ ကော်ဖီသောက်လို့လည်းပြောပါတယ်. . . ဒီအချက်ဟာလည်း လေ့လာဆန်းစစ်ကြည့်တဲ့အခါ မမှန်ကန်တာကို တွေ့ရပါတယ်. . တစ်နေ့ကို ကော်ဖီ၁ဝခွက်ကျော် သောက်တဲ့ လူတွေမှာတော့ ကျန်းမာရေး ထိခို်က်စေတာကို တွေ့ရပါတယ် .. . . ဒါပေမယ့် အူမကြီး ကင်ဆာ ဖြစ်တဲ့အခါ ကော်ဖီကြောင့်ဆိုတာကိုတော့ ယနေ့တိုင် မတွေ့ရှိရသေးပါ. . .

အားကစားနှင့်ကော်ဖီ

ကဖိန်းဟာ အမှန်တကယ်တော့ စိတ်ကြွမှုအားကောင်းစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်. . . နိုင်ငံတကာ အိုလံပစ် ကော်မတီက သွေးထဲမှာ ကဖိန်းဓာတ် ဘယ်လောက်ရှိရမလဲဆိုတာကို ကန့်သတ်ထားပါတယ် . . . ပြိုင်ပွဲများတွင် စိတ်ကြွဆေး သုံးမသုံး သက်ဆို်င်ရာ စမ်းသပ်စစ်ဆေးတဲ့အခါ ကဖိန်းဓာတ် ဘယ်လောက် ပါသလဲဆိုတာလည်း စစ်ပါတယ်. . ကဖိန်းဟာ နိုးကြားပြီး စိတ်ဓာတ်တက်ကြွစေတယ်. . ကော်ဖီကို လိုအပ်တာထက် ပိုသောက်ကြရင် အိပ်မပျော်ဘဲ လန်းဆန်းတက်ကြွနေပါတယ်. . ဒါကြောင့် အားကစားသများတွေကို မူးယစ်ဆေး မသုံးရဆိုတာကြောင့် ကဖိန်းဓာတ် ပါဝင်မှုကို ကန့်သတ်ထားတာ ဖြစ်ပါတယ်. .

ကော်ဖီကို သောက်သင့်သလား .

အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်ထဲက ကလေးကို မွေးတဲ့အခါ နို့တိုက်ရမှာဖြစ်တယ်. ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကိုယ် ကော်ဖီ ၂ ခွက်သောက်သင့်ပါတယ်. . ၂ ခွက်ထက်တော့ မပိုသင့်ပါဘူး ကော်ဖီအလွန်အကျွံ့သောက်လို့ ကိုယ်ဝန်ပျက်ကျမှာလည်း ကြည့်ရပါမယ်. . ကော်ဖီ၂ခွက်ပဲသောက်မယ်ဆိုရင် မိခင်ဟာ နို့ထွက်ကောင်းတယ်. . . ကိုယ်ဝန်ဆောင်သည်များ စိတ်ချမ်းသာတာ ၊ နှလုံးခုန်တာကိုလည်း ကော်ဖီကထိန်းပေးပါတယ် . . ဒါကြောင့်ကော်ဖီဟာ နေ့စဉ်ကော်ဖီ၃ ခွက်တော့ သောက်သင့်ပါတယ်. .

ကော်ဖီသောက်တာ ဆိုးကျိုးရှိသလို ကောင်းကျိုးလည်း ရှိနိုင်ပါတယ် . . အလွန်အကျွံ့ မသောက်ဘဲ မျှတအောင်ပဲ သောက်ဖို့ လိုပါတယ်..

မြန်မာ မိသားစုမှ ကူးယူ ဖော်ပြပါသည်။

နေ့စဉ် ရုန်းကန်နေတဲ့ လူနေမှုဘဝအတွက် ကော်ဖီ ဆိုတာ မရှိမဖြစ် ပါနေတဲ့ အတွက်ကြောင့် မနေ့ နေ့လည် ညနေ အိပ်ခါနီး အကြိမ်ရေ များများ သတိမထားမိဘဲ သောက်မနေတဲ့ လူများအတွက် ရည်ရွယ်ပြီး တင်ပြလိုက်ပါသည်။

5 comments

  • chitsayar

    September 11, 2010 at 8:39 am

    တန်ဆေး လွန်ဘေး ဆိုလား
    ကော်ဖီ မသောက်ရရင် အိပ်လို ့မပျော်တဲ့လူနဲ ့
    ကော်ဖီသောက်ပြီး လုံးဝအိပ်လို ့မပျော်တဲ့ သူ နှစ်ယောက်စလုံးကို တွေ ့ဘူးပါတယ်
    ပျော်ရင်ပျော် မပျော်ရင်ငို
    ကျွန်တော်တို ့က တောသားတွေဗျ
    ကော်ဖီဆိုတာ ရွာက အကောင်မတွေ အကောင်တွေ လင်ယူ မိန်းမယူ မင်္ဂလာဆောင်တာပေါ့ဗျာ
    ညားကြတယ်လို ့လည်းခေါ်သဗျ
    အဲ့သည်အခါကြမှ သောက်ရတာဆိုတော့
    တည့်တာ မတည့်တာတိဝူး
    ဖလားထည်းကိုထည့်ပြီး ဆော်လိုက်ရရင်
    သဘောတွေကို ကျလို ့ပေါ့

  • ဆူး

    September 11, 2010 at 9:36 am

    ကိုချစ်စရာ သဘောကျတာက ဖလားနဲ့လား

  • bigcat

    September 12, 2010 at 2:28 am

    ဟားဟားဟား အိုင်ဒုန့်ကဲ၊ ဘာလို့လည်းဆိုတော့ ကော်ဖီမကြိုက်လို့။ ပိုက်ဆံကုန်လဲသက်သာ၊ ရောဂါလည်းကင်း၊ ဂွတ်ထ ဂွတ်ထ။ စိတ်တိုင်းကျလ္ဘက်ရည်ဆိုင်က ချိုဆိမ့်လဘက်ရည်လေးတော့ လွမ်းပါရဲ့။

  • ဆူး

    September 12, 2010 at 3:43 am

    ချိုစိမ့် လက်ဘက်ရည်ဆိုလို့ နယ်က အဒေါ် အိမ်မှာ အလှူလုပ်လို့ သွား ကူညီပေးပြီး လဘက်ရည်ဖျော်ပေးလိုက်တာ superone tea mix ၁ဝ ထုတ်ကို ၅ခွက်ဘဲ ရတယ် ချိုစိမ့် အလုပ်ကောင်းလို့ ဒါပေမဲ့ သောက်လို့တော့ တော်တော် ကောင်းသား အရသာ မှီအောင် နို့မှု့န်လေး နဲနဲလည်း ဖြည့်လိုက်သေးတယ်။

  • Gong Zhu

    September 15, 2010 at 12:40 am

    Gong Zhu ကျတော့ ကော်ဖီသောက်လိုက်ရင် အိပ်သွားရော 😛

Leave a Reply