မဟာစည်ဆရာတော်နှင့် နတ်ပြည်မှနတ်မင်းတို့တရားဆွေးနွေးပုံ

CharTooLanSeptember 11, 20101min22912

မြန်မာနိုင်ငံမှာ
နေလိုလလိုထင်ရှားတဲ့ဆရာတော်တစ်ပါးဖြစ်တဲ့မဟာစည်ဆရာတော်ဘုရားကြီး လက်ထက်
၁၉၅၂ ခုနှစ်မှာ ရိပ်သာမှာ တရားလာအားထုတ်တဲ့ရသေ့မလေးတစ်ပါးဟာ
ရိပ်သာရောက်ပြီး ၁ဝ ရက်အကြာမှာ
သူများနားမလည်တဲ့စကားတွေပြောနေသံ ကြားရတာကြောင့် သူ့ကို
ဆရာတော်ကြီးဆီကိုခေါ်သွားကြပါတယ်။ ဆရာတော်ကြီးနဲ့တွေ့တော့ သူဟာ နတ်ပြည်က
နတ်မင်းတစ်ပါးဖြစ်ကြောင်းနဲ့ ဆရာတော်ကြီးနဲ့တရား
စကားဆွေးနွေးလိုကြောင်းတို့ကို ပါဠိဘာသာနဲ့လျှောက်ကြားပါတယ်။
ဆရာတော်ကလည်း နောက်တစ်နေ့ညမှာ
ဆွေးနွေးကြမယ်လို့ ချိန်းဆိုလိုက်ပါတယ်။

နောက်တစ်နေ့ရောက်လို့ အချိန်ကျတော့ ရသေ့မလေးပါးစပ်က
ပါဠိစကားသံတွေထွက်လာပြီး ဆရာတော်နဲ့ နိမ္မာနရတိနတ်ပြည်က
နတ်သားတစ်ပါးတို့(ရသေ့မလေးကိုကြားခံပြီး) အမေးအဖြေလုပ်ကြပါတယ်။ ဒီစကား
ဝိုင်း ကိုဆရာတော်ရဲ့တကာတွေက အသံဖမ်းယူထားပြီး မြန်မာဘာသာပြန်လို့
မြန်မာ့အသံကနေတစ်နိုင်ငံလုံး ကို ထုတ်လွှင့်ဖို့ပြင်နေတုန်း
သတင်းစာဆရာတစ်ယောက်က“နတ်နဲ့လူနဲ့ စကားပြောတာဟာ ယုံတမ်းစကားပဲ။
မဖြစ်နိုင်ဘူးလို့”ဝေဖန်လိုက်ပါတယ်တဲ့။ ဒါနဲ့ပဲ ဆရာတော်ကြီးက အဲဒီအချိန်က
ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုကိုခေါ်ပြီး မလွှင့်နဲ့တော့လို့တားလိုက်ပါတယ်။

အကြောင်းကတော့ ဒီအသံကိုလွှင့်ခြင်းဖြင့်
အကျိုးရှိသူတွေရှိနိုင်သလိုအကျိုးမရှိသူတွေလည်း ရှိနိုင်တယ်လို့
ယူဆလို့ပါတဲ့။

မြန်မာ့အသံကနေ အသံမလွှင့်နိုင်ခဲ့ပေမယ့် အသံဖမ်းထားတဲ့
ဒီတိပ်ခွေကိုလက်ဆင့်ကမ်းထိန်းသိမ်းထားသူတွေ ရှိတာကြောင့် အခု
ဒီဂျစ်တယ်ခေတ်မှာပြန်လည်နာကြားခွင့်ရကြပါတယ်။ ဒီ နတ်နဲ့လူနဲ့
တရားဆွေးနွေးတဲ့ပွဲမှာ အရှေ့ပိုင်းမှာ နတ်သားတစ်ပါးနဲ့ နတ်သမီးနှစ်ပါးတို့ရဲ့
ပါဠိဂါထာနဲ့ဆရာတော်ကို ချီးကျူးပူဇော်တဲ့အသံတွေကို ကြားရမှာဖြစ်ပြီး
နောက်ပိုင်းမှာဒီစကားဝိုင်းရဲ့အဓိကနတ်သား (ကောသန္တရအမည်ရှိနတ်သား)နဲ့
ဆရာတော်ဘုရားကြီးတို့ ပါဠိဘာသာနဲ့ အမေးအဖြေလုပ်ကြတဲ့အသံကို
နာကြားရမှာဖြစ်ပါတယ်။ (ပါဠိကနေ မြန်မာလိုပြန်ပေးထားတာကို
အမေးအဖြေတစ်ခုနဲ့တစ်ခုကြားမှာ ကြားရမှာပါ) နတ်သားက
ကြားခံပုဂ္ဂိုလ်လုပ်ပြီးစကားပြောနေတဲ့ရသေ့မလေးဟာ
ရိုးရိုးစာကိုသာဖတ်တတ်ပြီး ပါဠိလိုလုံးဝမတတ်ကြောင်းနဲ့
နောက်ပိုင်းမှာ ရသေ့မလေးရဲ့ပင်ကိုအသံကိုပါ
ခွဲခြားနိုင်အောင်ထည့်သွင်းပေးထားကြောင်း အသံဖိုင်ရဲ့ ရှေ့ပိုင်းမှာ
ရှင်းပြထားပါတယ်။ဒီနေရာမှာ နတ်သားနတ်သမီး တွေပြောတဲ့ ပါဠိနဲ့
မြန်မာပြည်မှာသုံးစွဲပြောဆိုတဲ့ ပါဠိတို့အနည်းငယ်ကွာခြားတာကိုလည်း
သတိထားမိမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ နီးပါး
(၁၉၅၂ခုနှစ်)ကအလွန်ရှားပါးတဲ့အခွေဖြစ်ပါတယ်။ ကြည်ညိုသဒ္ဓါပွားနိုင်ကြပါစေ။

12 comments

  • char too lan

    September 11, 2010 at 7:21 am

    Admin ခင်ဗျား..
    ဒီ post တင်တုန်းကအသံဖိုင်ကိုပါ upload လုပ်ခဲ့ပါတယ်
    နည်းမမှန်လို ့လားမသိဘူး မပါလာဘူးဖြစ်နေတယ်
    အသံဖိုင်ဘယ်လိုထဲ့ရလဲဆိုတာကျေးဇူးပြု၍ပြန်ပြောပေးလို ့ရမလားခင်ဗျာ……….

  • Good Idea

    September 11, 2010 at 11:35 am

    ကိုချာတူးလန်ခင်ဗျား…
    ကျွန်တော်လဲနားထောင်ချင်ပါတယ်ခင်ဗျာ…ကျွန်တော့်ရဲ့hlainezarchioo@gmail.comကိုပို့ပေးလို့ရမလား…
    ကျွန်တော်အဲလိုမျိုးဆက်သွယ်တာတွေ့ဖူးထားလို့ပါ…ပီးတော့ကျွန်တော်ကိုယ်တိုင်လဲအဲလိုကြားခံအနေနဲ့ဆက်သွယ်နိုင်နေလို့ပါ….ကျွန်တော့်မှာသက်သေတွေလဲရှိပါတယ်…ကျေးဇူးပါဘဲခင်ဗျာ…

    • bigcat

      September 11, 2010 at 3:43 pm

      ကို အကြံညဏ်ကောင်း၊ တကယ်လားဗျ၊ ဆက်သွယ်ဖူးတယ်ဆို ပို့စ်တပုဒ်လောက်ရေးပါလား။ ဖတ်ရတာပေါ့။ စိတ်ဝင်စားပါတယ်။

    • ဆူး

      September 12, 2010 at 4:14 am

      Good Idea ရေ ကြားခံ ဆက်သွယ်ဘူး တယ်ဆိုလို့ အမြင်ချင်း ဖလှယ်ကြကြည့်မယ်နော်။ နတ်တွေကို ဘယ်လိုမြင်လဲ သူတို့ တွေက ကုသိုလ်ကောင်းမှု ရှိလို့သာ နတ်ပြည်ရောက်နေတာ အမှန်တော့ ဝိပသနာ အတွေးနဲ့ ဉာဏ်ပိုင်းမှာတော့ လူတွေထက် တော်တဲ့ နတ် ဓမ္မကထိကတွေတော့ ရှိမှာပေါ့နော် ပုံမှန်အားဖြင့်တော့ လူတွေလောက်တောင် အသိ မရှိဘူး ဒီလို လုပ်ရင် ကုသိုလ်ဖြစ်တယ် ကုသိုလ်လေးရရင် ဖြင့် သူတို့ သက်တမ်းနှင့် တကွ နောက်အဆက်ဆက် ကောင်းကောင်း နေရချည်သေးရဲ့ ဆိုတဲ့ စိတ်ဘဲ ရှိတယ်။ တော်တော် ရှားရှားပါးပါး ကတော့ ဘယ်သူမှ သံသရာကို မုန်းပြီး နိဗ္ဗာန်ကို လိုချင်သူမရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ စည်းစိမ်နဲ့ သူတို့ ပျော်နေကြတာကိုး။ နောက်ပြီး ရသေ့မလေး အသံဖိုင်က နားထောင်ဘူးတာ ၁နှစ်လောက် နီးပါး ရှိတော့မလားဘဲ။ ဝေဖန်တာတော့ မဟုတ်ဘူး သေချာတာကတော့ ရသေ့မလေး သတ်သတ်လွတ်စားလို့ ဝင်ပူးပြီး စကားပြောလို့ရတယ်ဆိုတာ တော်တော် နိမ့်တဲ့ နတ်ဘဲ ဖြစ်လိမ့်မယ် လူတွေနဲ့ ဝေးလံတဲ့ အရပ်မှာနေတဲ့ နတ်မျိုးတော့ မဟုတ်ဘူး။ လေကြီး လေကျယ်နဲ့ ရှောက်ပြောသွားတာ သူလည်း လောကီဘုံသားမို့ လိမ်ညာခြင်းကို မရွံတတ်ကြဘူး။ နောက်ပြီး ဆရာတော်ကြီးက ရဟန်းကိစ္စပြီးတဲ့ ရဟန်းတပါးကို တရားလျောက်ဖို့ အဲဒီလောက် မခက်ခဲပါဘူး အဝေးကနေ လှမ်းပြီး လျောက်လိုက်ရင်တောင် ဆရာတော်ကြီး ကြားနိုင်သိနိုင်ပါတယ်။ ဘာလို့ ပိတ်လိုက်လဲဆိုတော့ ဘာသာခြားတွေ ဆန့်ကျင်တဲ့ အပြောနဲ့ မဟုတ်တမ်းတရား ပြောဆိုပြီး လုပ်ဇတ်ကြိးပါ ဆိုတဲ့ အသံတွေ ထွက်ပြီး လူတွေ ကြားမှာ ယုံမှား သံသရ ဖြစ်မှာ စိုးတဲ့ အတွက် ဒီတိတ်ကို ပိတ်ထားတာပါ။ နတ်တွေ တရား လျောက်တာတော့ ဟုတ်ပါတယ် ဒါပေမဲ့ အဆင့်မြင့်တဲ့ နတ်ဟုတ်မဟုတ်တော့ ဆရာတော်ကြီး ကိုယ်တိုင်မှ တပါး မသိနိုင်ဘူး။ ဆရာတော်ကြီးကိုလည်း နည်းနည်းမှ ယုံမှား သံသရ မရှိတဲ့ အကြောင်းကိုလည်း သစ္စာ ဆိုနိုင်ပါတယ်။ အခုလို အပြောတွေမှာ ဆရာတော်ကြီးကို ပုတ်ခတ်ပြောသလို ဖြစ်တယ်လို့ ထင်မြင်မှာစိုးတဲ့ အတွက်ပါ။ ဒါနဲ့ ဆက်ပြောချင်တာကတော့ ရသေ့မလေးက ဝင်ပူးကပ်ခံရတာက သူကိုယ်တိုင် ဝိပသနာ အသိနဲ့ အကျင့်မရှိဘဲ သမထ ဘာဝနာနဲ့ သာ အားထုတ်နေလို့ ဝင်ပူးခံရတာ။ သာမာန် အားဖြင့် သိသလောက် ပြောတာနော် သမထ ဘာဝနာ အားကောင်းလာရင် အဖြတ်ဝင်တတ်တယ်။ အဲဒီလို အချိန်မျိုးမှာ ဝိပသနာ ဘက်ကို ပြောင်းပြီး အားထုတ်နိုင်မှ အဆင်ပြေလိမ့်မယ် ထင်တယ် မထုတ်ခဲ့လို့ တချို့ စိတ်ပျော့သူတွေ ဆို ရူးတောင် ရူးသွားတတ်တဲ့ သာဓကတွေ ရှိပါတယ်။ ဝိပသနာ ရှူပွားတဲ့ လူရဲ့ ကိုယ်ခန္ဓာက စေတီ ထိုက်တဲ့ အတွက် အနှောက်အယှက် တွေကင်းပါးကုန်ပါတယ်။ ကိုယ်တိုင်လည်း တချိန်က မမြင်ရတဲ့ နာမ်လောကသားတွေ ပူးကပ် နှောက်ယှက်တာ ခံခဲ့ရဘူးပါတယ်။ သတ်သတ်လွတ်တွေ စားခဲ့ဘူးပါတယ် အဲဒီလို နတ်ကောင်းတွေ အနားကပ်နိုင်မှာ စောင့်ရှောက်နိုင်အောင် ဆိုတဲ့ လမ်းမှားကိုညွန်တဲ့ လူတွေ ရဲ့ စကားကို ဟုတ်နိးမှန်နိုးနဲ့ လိုက်ခဲ့ဘူးလို့ သိတာပါ။ တကယ်တမ်းကြတော့ သတ်သတ်လွတ် စားမှ နတ်တွေက အသွေးအသား စဉ်ကြယ်ပြီး အနားလာနိုင်တယ် ဆိုတာ မဟုတ်မှန်ကြောင်းကို ကိုယ်တွေ့ သိခဲ့ရပြီးပါပြီ။ ဝိပသနာ ကျင့်ကြံ အားထုတ်ခြင်းနဲ့ ကိုယ်ဟာကို လမ်းမှန် လျောက်ခဲ့ တဲ့ သူပါ။ အခုလို ပြောတာ Good Idea အတွက် စိတ်ကသိ ကအောက် ဖြစ်သွားရင် ခွင့်လွတ်ပေးပါ။

      • bigcat

        September 12, 2010 at 4:49 am

        မဟာစည်တိပ်ခွေထဲမှာ ပါတဲ့နတ်သားဆိုတာ အထက်နတ်လို့ တိပ်ခွေထဲမှာပါပါတယ်။ ယာမနတ်ပြည်ကဆိုလားဘဲ။ နတ်ပြည်ခြောက်ထပ်နဲ့ လူပြည် ဘယ်သူကပိုမြတ်၊ ပိုအသိညဏ်ရှိလည်း ဆိုရင် လူ့ပြည်က ၁ဝတန်းနဲ့တူပါတယ်။ တော်ရင် ဆေး၊စက်မှု သွားနိုင်သလို သာမန် အဝေးသင်ဘွဲ့ လည်းဖြစ်နိုင်ပါတယ်။ မအောင်ဘဲ လည်းဖြစ်သွားနိုင်ပါသေးတယ်။ နတ်ပြည်ကို သာမန်ဘွဲ့ဆိုရင် သူက ၁ဝတန်းလူ့ပြည်ထက်သာပါတယ်။ လူပြည်ကနေ အရိယာအဆင့်ကို သွားနိုင်ရင်တော့ နတ်ပြည်ထက်သာတာပေါ့။ အမြဲလူပြည်က သာတယ်လို့တော့ မထင်ပါ။ အဲဒီတိပ်ခွေထဲကနေ သတိပြုမိတာက အထက်နတ်တွေနဲ့ (အနည်းဆုံး အဲဒီနတ်သားရဲ့နတ်ပြည်) လူ့ပြည်ဆက်စပ်ပုံ၊ နတ်တွေရဲ့ ပြုမူနေထိုင်ပုံတွေဟာ စိတ်ထဲမှာ ထင်ထားသလို မဟုတ်ဘဲ ပိုပြီးလက်တွေ့ဆန်သလိုပါပဲ။ ဥမမာ – လူတွေပြောတဲ့ ပါဠိစကားကို ရံဖန်ရံခါ ကောင်းကောင်း နားမလည် ဖြစ်တာမျိုး၊ မယ်တော် မာယာမိနတ်သား ကိုရှာတော့ ရုတ်တရက် တန်းရှာခွင့် မရှိတာမျိုး၊ လူ့ပြည်မှာလုပ်တော့မဲ့ ဆဌသံင်္ဃာယနာတင်ပွဲကို မသိတာမျိုး၊ ဘာဆိုတာတောင် နားမလည်တာမျိုးတွေပါ။
        နောက်တခုက မဟာစည်ဆရာတော်ဘုရားကြီးသည် ရဟန်းကိစ္စပြီးသွားတယ်လို့ပြောလို့ ကျွန်တော်ကြားဖူးတာက ဆုကြီးပန်ဆိုလား။ ရဟနာ္တမဟုတ် လိုု့တော့ ယေဘူယျနားလည်ထားပါတယ်။ အောက်က လင့်ခ်ထဲမှာလဲ လူ့ပြည်နတ်ပြည်ဆက်သွယ်တယ်ဆိုတာတင်ထားလို့ နားထောင်ချင်ရင် နားထောင်လို့ ရအောင်ထည့်ထား ပေးလိုက်ပါတယ်။ ဒီလိုမျိုး အသံဖိုင်တွေကို အချင်းချင်းကြားမှာပဲ ရှယ်သင့်တယ်ဆိုတာ လက်ခံပါတယ်။ ကြည်ညိုမှုထက် ဝေဖန်မှုက ပိုများနိုင်လို့ပါ။ ကိုယ်တိုင်ကြုံမှ သိလို့ရကြပါလိမ့်မယ်။ ကျွန်တော်ကတော့ မကြုံဘူးပေမဲ့ ကိုယ်ယုံကြည်တဲ့ ဆရာတော်ကြီးတွေရဲ့ ခံဝန်ချက်နဲ့ သဒ္ဒါပွားနိုင်ပါတယ်

        01-20050607Daw Hlaing 61 ဒေါ်လှိုင် နတ်ပြည်ရောက်-ကိုယ်တိုင်ပြန်ပြော.mp
        http://www.mediafire.com/kotseikkosit#11,1

  • chitsayar

    September 11, 2010 at 1:16 pm

    http://www.dhammadownload.com မှာရှိပါတယ်
    ဘေးက Audio in myanmar ဘောက်ထဲက မြန်မာ နိုင်ငံ ရဟန္တာ မဟာထေရ်မြတ်ကြီးများ ကို ကလစ်လုပ်ပေတော့
    ဘာလဲ နတ်ပြည်သွားခြင်လို ့လား
    ရွေးကောက်ပွဲ မဲလေးတော့ထည့်သွားကြပါကွယ်

  • chitsayar

    September 12, 2010 at 7:40 am

    ယ္ခု ဝင်ပူးနေတယ်လို ့ဆိုတဲ ့နတ်တွေလား ဘာတွေလားပေါ့
    အဲ့သည် နတ်တွေဘဲရှိစေပေါ့ သူတို ့ကို ကျွန်တော့်အမြင်ကတော့ ဘုံသားတွေလို ့တော့ လက္ခံပေးနိုင်ပါတယ်
    သို ့သော် အရိယာနတ်တွေလို ့တော့ လက္ခံပေးနိုင်စရာ တယ်မရှိလှပါဘူး
    ကြည့်ရတာ စုတေတဲ့အချိန်ကလေးမှာ ကောင်းသောစိတ်ကို ထားနိုင်ခဲ့တဲ့အတွက် ဘုံတစ်ခုခုကို ရောက်သွားတဲ့သဘောတော့ရှိပါလိမ့်မယ်
    သုကတိဘုံဆိုလား
    သို ့ပေမယ့် ပြောနေတဲ့ပုံအရကတော့ လူ ့ဘုံ လူ ့လောကြီးကို ဒုက္ခ ဘုံလို ့တော့ သူကအဆိုသား
    ဒါပေမယ့်သူ ့ရဲ ့ဘုံ သူ ့ရဲ ့ဘဝကို ဒုက္ခ လို ့မမြင်တဲ့သဘောမှာရှိနေပြန်ရော

    ဂုဏ် (ပညက်ချက်ပါ) ချင်းတူရင် ဆိုလိုတာက အရိယာချင်းတူရင် အချင်းချင်းသိနိုင်ကြသလို ဆက်သွယ်လို ့ရကောင်းရနိုင်ပါလိမ့်မယ်
    ဥပမာဗျာ ဘယ်ဆရာတော်ကြီးက ဘယ်နတ်နဲ ့စကားဘယ်လိုပြောတယ် ပေါ့
    အဲ့သည်အခါ ဆရာတော်ကြီးက သည်အကြောင်းတွေကို စကားအဖြစ်နဲ ့ဘဲ လူတွေကို ပြန်ပြောပြနိုင်ပါလိမ့်မယ် ယနေ ့ရုပ်ဝါဒခေတ်ကြီးရဲ ့
    လက်တွေ ့ဆိုတဲ့သဘောအတိုင်း ရုပ်သံတွေနဲ ့လက်တွေ ့ပြနိုင်စွမ်းမရှိကြပါဘူး ဒါက သဘာဝပါ
    သူတို ့လည်းပြောပြချင်ရှာမှာပါ ဒါပေမယ့် လက်ခံနိုင်တဲ့ စွမ်းအားကမရှိကြဘူးလေ
    နိဗ္ဗာန် ဆိုတာကို ပုထုဇဉ်တို ့နားလည်တဲ့သဘောဖြစ်ပါလိမ့်မယ်
    ယုံကြည်တယ်ပေါ့ လက်တွေ ့တော့မပြနိုင်ဘူးပေါ့
    ဘောလုံး တစ်လုံးကို ဖင်ခုထိုင်ပြီး ကမ္ဘာကြီးက လုံးနေတယ်ဆိုလား
    နောက်ပြီး လူတွေအားလုံးဟာ မြေကြီးကို ခြေထောက်နဲ ့နင်းထားတယ်ဆိုဘဲ
    အပေါ်ကနေ ဖင်ခုထိုင်နေတဲ့ ငါ့အတွက်တော့ ဟုတ်ပါရဲ ့
    အောက်ကလူတွေက ဇောက်ထိုးကြီး ဖြစ်နေမှာပေါ့ ( ဆွဲအားဆိုလား)
    ဒါပေမယ့် ကမ္ဘာကြီးကို ပြားတယ်လို ့ ပြောလို ့လဲရနိုင်ပါဘူး
    အလုံးကြီးရဲ ့ဆွဲအားကို သိနိုင်ဘို ့ အာကာသယာဉ်တစ်စီးပေါ်ကို တက်နိုင်တဲ့အရည်ခြင်းရှိနိုင်ရမှာဖြစ်ပြီး
    နိဗ္ဗာန် ဆိုတာကို ့မြင်ဘို ့ရာကလည်း စေတနာ၊ သီလ၊ ပညာ ဆိုတဲ့အကြောင်း တွေ အချက်လက်စုံလင်မှ သိနိုင်ကြပါလိမ့်မယ်
    အထူးသဖြင့် တိုက်တွန်းခြင်တာကတော့
    ဓမ္မနဲ ့ပတ်သက်တဲ့ အကြောင်းတွေကို ယ္ခုကာလကြီးမှာ စာတစ်ပုဒ်ဖတ်ရုံ တရားတစ်ပုဒ် နာရုံလောက်နဲ ့
    တကယ်သိပြီဆိုပြီးတော့ မလုပ်လိုက်ကြပါနဲ ့နင်မှားတယ် ငါမှန်တယ် ဆိုပြီးငြင်းခုန်နေကြတာကိုက မမှန်မကန်ဖြစ်နေတယ်ဆိုတာကိုလည်း သတိချပ်ကြစေခြင်ပါတယ်
    ဤစာမျက်နှာပေါ်မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရှိနေတယ်ဆိုတာကိုလည်း သတိချပ်ပါကြ
    မယုံကြည်သူက ကဲ့ရဲ ့သွားလျှင်လည်း တစ်မျိုးသွားပါလိမ့်မယ်
    ယုံကြည်ပေမဲ ့နားမလည်တဲ့သူက ကိုယ်ရေးထားတဲ့ ပေါက်ကရတွေကို အမှတ်မှားသွားမယ်ဆိုရင်တော့ဖြင့်……………

  • sofiadimple

    September 23, 2010 at 3:48 am

    ကျနော်ကတော့ သူတို့ဆွေးနွေးတဲ့ တရားကြောင်းတွေကဘာလဲဆိုတာ သိချင်တယ်ဗျာ။
    အဲဒါလေးပြောပြပေးပါလား။ တရားနဲ့ပတ်သက်လို့ မေးလျှောက်တဲ့ အကြောင်းအရာနဲ့ ဆရာတော်ကြီးရဲ့
    ဖြေကြားချက်တွေကို ဖတ်ချင်ပါတယ်။ တရားအတွေ့အကြုံလေးတွေကိုပဲသိချင်ပါတယ်။ သိရင်ဝေမျှပေးပါဦး။
    နတ်တွေ လူတွေကိုဘေးဖယ်ထားပြီး တရားသားသက်သက်ကို ပြောပြပေးစေချင်ပါတယ်။

    • kyaw zaya

      September 22, 2011 at 10:48 pm

      မဟာစည်ဆရာတော်ဘုရားကြီးနှင့် နတ်သား တရားဆွေးနွေးခန်း ဆိုတာ တကယ်တော့ တရားဆွေးနွေးခန်း မဟုတ်ပါဘူး။ အဲဒီဖိုင်လိုချင်ရင် kzybyk@gmail.com ကို တောင်း နိုင်ပါတယ်။ တကယ်တော့ ဆရာတော်က ဗုဒဘာသာဟာ အပြောနဲ့ အလုပ် တထပ်ထဲကျတဲ့ အကြောင်း ဆရာတော်က နှောင်းလူတွေကို သက်သေပြသွားခြင်းသာဖြစ်ပါတယ်။ ဆရာတော်ဟာ မင်းကွန်း ဇေတဝန်ဆရာတော်ဘုရားကြီးဆီမှာ တရားအားထုတ်ပြီး ကိုယ်တိုင်တရားထူးရသည့်တိုင် သူ့ဇာတိ ဆိတ်ခွန်မှာပဲ သာမန်ရဟန်းဘဝနဲ့ ပဲ ဝိပသနာ စိတ်ဝင်စားတဲ့ ရွာသား အချို့ကို တရားပြရင်း မထင်မရှားသီတင်းသုံးနေပါတယ်။ အဲ..ရန်ကုန် ဗုဒသာသန နုဂဟ အဖွဲ့က ဗမာပြည်ပတ်ပီး သူတို့လိုချင်တဲ့ ဘုန်းကြီးမျိူးကို ရှာတဲ့အခါ ဆရာတော်ရဲ့ အကြောင်းကို အတွင်းကျကျသိတဲ့ (အဲဒီခေတ်က စစ်ကိုင်းမြို့ မိုးညင်းကျောင်းတိုက်မှာသီတင်းသုံးတဲ့) ဆရာတော်ဘုရားကြီးက သူ့ကို ရအောင်ပင့်ဖို့ ထောက်ခံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဆရာတော် ဘုရားကြီးကိုယ်တိုင် အရှင်သောဘန(မဟာစည်)ထံမှာ နည်းခံ တရားအားထုတ်ဖူးလို့ပါ။ အဲဒီအခါမှာ ခုနက အဖွဲက ဆာဦးသွင်၊ ဦးစံသိန်းစတဲ့ ပုဂိုလ်ကြီးတွေက ဆရာတော်လိုက်မလာမှာစိုးလို့ ဝန်ကြီးချုပ်ဦးနုကို ရအောင်ခေါ်ခဲ့ပီး ဆရာတော်ကို သူတို့ကိုယ်တိုင်လာပင့်ခဲ့တာပါ။ အဲ .ဆရာတော်နဲ့ နတ်သား၊ ပါဠိလို ပြောကြတဲ့ အခါမှာတော့ အမေရိကန်မှာမွေးတဲ့ အဖြူကောင်နဲ့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာကို အခြေခံကျကျသင်ဖူးတဲ့ ဗမာတစ်ယောက် စကားပြောနေတာလိုပါပဲ။ ဆရာတော်က သဒါနည်းကျကျ ပြောတယ်၊ ဗမာပြည်မှာပါဠိကို နေ့စဉ်သုံးစကားလို ဆရာတော်က သုံးနေကျမျိူးမဟုတ်တော့ နတ်သား နားလည်အောင် သူသေချာ စီစဉ်တကျဖြစ်အောင် ကြိုးစားပီးပြောပါတယ်။ နတ်သားပြောတဲ့ ထပ်ဆင့်ပါဠိစကားကိုလဲ သူ ကောင်းကောင်းနားလည်နိုင်စွမ်းရှိပါတယ်။ ဒီနေရာမှာ ပါဠိ အခြေခံ တတ်ကျွှမ်းသူတွေ ဆိုရင် သူတို့ပြောတာကို သေချာနားလည်နိုင်ပါတယ်၊ တော်တော်ရှင်းပါတယ်။ နတ်ပြည်မှာ အဲဒီတုံးက ဆရာတော်ဟာ အခြားနာမည်တစ်ခုနဲ့ ထင်ရှားပါတယ် ၊ အခွေထဲမှာကြားလိုက်ရတာကတော့ ဆရာတော်ရဲ့ အမည်ကို မဟိံဒသက္က မေရဏီ လို့ ခေါ်တဲ့အသံကြားလိုက်ရတာပဲ၊ နာမည်မှာ သူ့အဓိပါယ်နဲ့သူရှိမှာပါ။ ကျနော်အဲဒီနာမည်ရဲ့ အဓိပါယ် မေးမကြည့်မိလို့ပါ။ ဆွေးနွေးတဲ့ အကြောင်းကနဲနဲပါ၊ ဆရာတော်က နတ်ပြည် နတ်လောက အကြောင်းလူတွေသိသာအောင် နတ်သားကို မေးမြန်းတာရယ်၊ နတ်တွေက ဆရာတော်ကို ပူဇော်တာရယ်၊ ဆရာတော်က နတ်သားကို ဂါထာတစ်ပုဒ်နဲ့ တရားဟောတာရယ်၊ ဒါပါပဲ။ ဒီအခွေကို နားထောင်ပီးရင် လုပ်ကြံထားသလား၊ တကယ့် အဖြစ်အပျက်လားဆိုတာ ယုံမှာဖွယ်မရှိပါဘူး။ ဒီထဲက ၁ဝ ပါးသီလနဲ့ ပဲ နေတယ်ဆိုတဲ့ သူတော်ကောင်းရသေ့မလေးကိုမှ နတ်က ဘာကြောင့်ရွေးရသလဲဆိုရင်၊ သူ့လို သီလစင်ကြယ်သူများသာ နတ်တို့ရဲ့ အသံလွှင့်ဌာနအဖြစ်အသုံးပြုလို့ရမှာမို့လို့ပါ။ သာမန်လူတွေ ရဲ့ ညစ်ညမ်းတဲ့ ခနာကိုယ်တွေ စိတ် သဏာန် တွေမှာ သူတို့ နဲ့ ဆက်သွယ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါတွေလောက်ကတော့ ဗုဒဘာသာကို ကောင်းကောင်းလေ့လာရင် လူတိုင်းသိပီးသားတွေပါ။ အခွေနားထောင်ပီး သဒါတရားပွားနိုင်ကြပါစေ။

  • kyaw zaya

    September 22, 2011 at 6:37 pm

    မြန်မာပြည်မှာ သာသနာ ပြုသွားတဲ့ ရဟန်းတော်တွေအကြောင်း၊ အထူးသဖြင့် မဟာစည်ဆရာတော် အကြောင်းကို ပြောကြတဲ့ခါ လွယ်လွယ်လေး ပြောဆိုနေကြတာ တွေ့ရလို့ ကျနော် အလွန် ဝမ်းလဲနဲ၊ အံ့လဲ ဩမိတယ်၊ ကျနော်တို့ မြန်မာပြည်က လူတွေဟာ အိုင်းစတိုင်းတို့၊ အိုင်ဆက်နယူတန်တို့၊ ယခု သက်ရှိထင်ရှားရှိနေသေးတဲ့ black hole အကြောင်းပြောတဲ့ စတီဖင်ဟော့ကင်းတို့ စတဲ့စတဲ့ ပုဂိုလ် တွေအကြောင်းကို ပြောကြတဲ့အခါကျတော့ တကယ့်ကိုကြီးကြီးကျယ်ကျယ်လေ သံတွေနဲ့ ပြောလေ့ရှိကြပါတယ်၊ အဲလိုပြောဖို့ကလဲ သူတို့နဲ့ဆိုင်တဲ့ နယူကလီယားတို့ ကွမ်တန်သီအိုရီတို့ ဂရဗတီတို့ နဲ့ ပတ်သက်တဲ့ နောလိတ်ကလဲ လိုသေးတော့ အဲဒါလေးတွေ အရင်ဖတ်၊ပီးမှ ကိုယ်သိသလောက်ကလေးနဲ့ ခုနက ပုဂိုလ်ကြီးတွေရဲ့ မြင့်မြတ်ပုံ ကို ပြောကြဆိုကြ ဆွေးနွေးကြရတာကိုး။ အဲ ကျနော်တို့ မဟာစည်ဆရာတော်ကြီး အကြောင်းကျတော့ ခုပဲ လယ်တောကနေ ပြန်လာတဲ့ လယ်သမားလဲ ဝေဖန်လိုက်တာပဲ၊ ဆိုက်ကားနင်းနေတဲ့သူလဲ ဝင်ပါလို့ရတာပဲ၊ ဘာမှ ထွေထူးသိဖို့မှမလိုတာ။ သူတို့တွေအားလုံး ဗုဒ ဘာသာအသိုင်းအဝိုင်းမှာပဲ ကြီးလာတော့ ရုပ်၊ နာမ်၊ ဖြစ်၊ ပျက်ဆိုတာလောက်တော့ ကြား ဖူးနားဝရှိနေကြတယ်လေ၊ တကယ်တမ်း university truth ကို သေချာ လေ့လာဖူးတဲ့သူအဖို့ကတော့ ခုနကပြောတဲ့ ပုဂိုလ်ကြီးတွေသိတဲ့ university truth ဆိုတာ elementary အဆင့်လောက်သာရှိပီး မဟာစည်ဆရာတော်ဟာ အဲဒီဘာသာရပ်ကို သင်ကြားပို့ချပေးနေတဲ့ ပါမောက်ခ အဆင့်(အနဲဆုံး)ရှိတယ်ဆိုတာ ထင်ထင်ရှားရှားသိရပါလိမ့်မယ်၊ ဒါကြောင့် ဘာသာရေးကို စိတ်ဝင်စားလို့ ဆွေးနွေးမယ့် ဗုဒဘာသာဝင်ပဲဖြစ် ဖြစ် ဘာသာခြားပဲဖြစ်ဖြစ် အရင် ဆုံး ဗုဒဘာသာကို သေချာလေးလေ့လာပါအုံးလို့ ကျနော် တိုက်တွန်းပါရစေ။ အဲ အခု လို ကျနော် နှိုင်းယှဉ်ပြလိုက်တာ elementary အဆင့်နဲ့ professor ကွာတယ်ဆိုရင် မိတ်ဆွေအားလုံး နဲနဲ တော့ တွန့် သွားကြမှာအမှန်ပဲ။ အနီးစပ်ဆုံးနားလည်အောင် ကျနော် ရှင်းပြပါရစေ၊ ခုနက ကျနော် တို့ လူသားလောကရဲ့ ကျေးဇူးရှင်ကြိးတွေပါလို့ အားလုံးက အသိအမှတ်ပြုထားကြတဲ့ ပုဂိုလ်ကြီးတွေဟာ ဒီကဘာ လောကကြီးအကြောင်းသူတို့ သိချင်တဲ့ အမှန်တရားအကြောင်းကို ရှာဖွေရင်း အဲဒီအထဲက မေးခွန်းသေးသေးလေးတွေရဲ့ အဖြေတချို့လောက်ကိုသာ ရှာဖွေဖော်ထုတ်နိုင်ပီး သူတို့ အမှန်တကယ်သိချင်တဲ့ ပင်မ အဖြေ ကို သူတို့ကိုယ်တိုင် သိမသွားရရှာပဲ ကဘာကြီးအတွက် မေးခွန်းတွေ များကြီး နောက်ထပ်ချန်ထားခဲ့ကြပါတယ်။ မဟာစည်ဆရာတော်ကတော့ အဲဒီ ပုဂိုလ်ကြီးတွေ သိချင်တဲ့ မေးခွန်းတွေအားလုံးရဲ့ အဖြေတွေကို ကိုယ်တိုင်သိသူဖြစ်ပီး ကျန်ရစ်ခဲ့တဲ့ သူတွေကိုပါ အဲဒီအဖြေကို ဂဂနန ပြောပြနိုင်သူပါ။ အဲဒီအဖြေကို ပြောနိုင်ရုံမကပဲ ဘယ်လိုတွက်ယူရသလဲ ဆိုတဲ့ နည်းကို ပါ ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ တခုတော့ရှိတာပေါ့လေ၊ သူ့မှာ ဗုဒ ဆိုတဲ့ ဆရာကောင်းရှိနေလို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့။ အဲ အခု ကျနော် နှိုင်းယှဉ်ပြတာကို မိတ်ဆွေများ မယုံရင် အိုင်းစတိုင်းရဲ့ relativity theorey တို့၊ စတီဖင်ဟော့ကင်းရဲ့ Black Holes and Baby Universes and Other Essays, A Brief History of Time တို့ စတဲ့တဲ့ စာအုပ်တွေကို အရင် မဖတ်သေးပဲ မဟာစည်ဆရာတော်ရဲ့ ဝိပသနာရှုနည်းကျမ်း ပထမတွဲနဲ့ ဒုတိယတွဲ ကို အရင်ဖတ်ကြည့်ပါ။ ဖတ်ပီးတာနဲ့ မိတ်ဆွေများ ကျနော်ကို တခါထဲ ထောက်ခံသွားမှာ သေချာပါတယ်။ ဒီပိုစ့် မှာ ကျနော် ရေးချင်တာတွေ အများကြီးပါ၊ နောက် အချိန်ရမှာ ထပ်ရေးပါအုံးမယ်။ ကျေးဇူး။

  • kyaw zaya

    September 22, 2011 at 10:13 pm

    အဲ ခုနက ပိုစ့်ကို တင်ရင်းနဲ့ နတ်နဲ့ တရားဆွေးနွေးခန်းအခွေကိစ်စ ပြောဖို့ကျန်သွားလို့ပါ။ အခု အပေါ်နားမှာ ဆွေးနွေးထားတဲ့ (ချစ်စရာ)ဆိုတဲ့ ပုဂိုလ်ပြောတာ တော်တော်သင့်မြတ်ပါတယ်။ စာတစ်ပုဒ် ဖတ်ဖူးရုံ၊ တရားတစ်ပုဒ် နားဖူးယုံလောက်နဲ့ တော့ မလုပ်လိုက်ကြပါနဲ့၊ ဒိလိုပြောတာက ဒီမှာ ဆွေးနွေးတဲ့ ပုဂိုလ်များရဲ့ ဗဟုသုတ၊အတွေ့အကြုံမျာကို အထင်သေးလို့ ပြောချင်မဟုတ်ပါ၊ ကျနော်ကိုယ်တိုင် လဲ လေ့လာဆဲ အားထုတ်ဆဲပါပဲ။ အဲ.. ခုခေတ် ကျနော်တို့ လူသားတွေနဲ့ အလှမ်းဝေးလှတဲ့ (တချို့ကလဲ အထင်တော်တော်ကြီးလေ့ရှိကြတဲ့) နတ်လောက အကြောင်းမပြောခင် ကျနော့် အဘိုးအကြောင်း နဲနဲလေးသီးခံပီး နားထောင်ပေးပါ၊ ကျနော်တို့ အဘိုးက အညာကပါ၊ ရွာကလွဲလို့ အဝေးကြီးသွားတတ်တဲ့လူမှုတ်ဘူး၊ ရှေးရိုးလဲဆန်တယ်၊ အဲ ကျနော်တို့စင်္ကာပူမှာဗျာ၊ ကောင်မလေးတွေ ဝတ်ပုံစားပုံများ – ဓါတ်လှေခါးကို ကိုယ်က အောက်ကစီးရင် သူ့ အတွင်းခံ ဘောင်းဘီဘာရောင်ဆိုတာ တန်းကနဲ ပြောနိုင်တယ် အဘိုးရယ်၊ အဲလောက်တောင်ဖြစ်နေပီ လို့ ကျနော်ပြောတော့ အဘိုးက မယုံဘူး၊ အဲ မရုံဘူးလို့တော့သူမပြောဘူး၊ဒါပေမယ့် ဒီကဘာ ကြီးပေါ်မှာ ဟီရိ ဩတပ တရားတွေ အဲလောက်တော့ မဆိတ်သုန်းသေးလောက်ဖူးလို့ သူထင်နေမှာပေါ့လေ။ သူက ဗုဒ တရားတော်တွေနဲ့ ကြီးခဲ့ရပီး တခြားနေရာတွေမှာ ဘာဖြစ်နေလဲ သူမှ မသိတာ။ အဲ သူ့ကို ရန်ကုန်ခေါ်လာတယ် ဘုရားဖူးပေါ့။ အဲမှာ အပြင်ထွက်ရင်း ကောင်မလေးတစ်ယောက်ဝတ်ထားတယ် ကြိုးပါးပါးလေးနဲ့ ကျနော်တို့ ယောကျာ်းတွေ ဝတ်လေ့ရှိတဲ့ စွတ်ကြယ်ကိုယ်ကြပ်လိုမျိူး၊ ဗလမောင်တွေဝတ်ရင် – ရင်သားကြွက် သားတွေ မောက်မောက်မြင်နေရတာမျိူး။ အဲ သူအဲဒါလဲ တွေ့ရော၊ ဝတ်စရာရှားလို့ကွာ ဒို့တောမှာ လယ်ထွန်ရင်းဝတ်တဲ့ စွတ်ကျယ်ကိုများ သူတို့ အဟုတ်မှတ်နေတယ်ထင်တယ်တဲ့။ ရန်ကုန်နဲ့သူတို့ ဒေသနဲ့ တော်တော်ကွာကြောင်းသူ သိသွားတယ် ၊ အဲ စင်္ကာပူကို ရောက်ဖူးရင်လဲ သူယုံသွားမှာပါ။ ဒီမှာ ကျနော် ဆိုလိုချင်တာက ကိုယ့်ဗဟုသုတနဲ့ ကိုယ့်အတွေ့အကြုံနဲ့တိုင်းရင် သိပ်မြင့်နေတဲ့ တချို့ကိစ်စတွေလဲ ရှိနေသေးတယ်ဆိုတာကိုပါ။ အဲ ကျနော်တို့ နတ်ဘုံအကြောင်း မပြောခင် ဘုရားရှင် သမ္မာသမ္ဗုဒ္ဓ အဖြစ်ကို ရောက်ရှိသွားတဲ့ ည ကို ခဏလောက် ပြန် သွားကြည့်ကြအောင်။ အလောင်းတော်ဟာ ဘုရားအဖြစ်မရမချင်း ဒီကနေ ငါ မထ လို့ အဓိဌာန်ပီးတာနဲ့ သူ ဒုက္ကရစရိယ အကျင့်ဖက်ကို ပြန်မလှည့်တော့ပဲ အရင် လယ်ထွန်မင်္ဂလာမှာ အာနာပါနကို လုပ်ခဲ့ဖူးတာပြန်သတိရပါတယ်၊ အဲ ဒီနည်းနဲ့ပဲ အာနာပါနနဲ့ သမာဓိထူထောင်ပီး ပထမဈာန်၊ဒုတိယဈာန်၊တတိယဈာန် ၊စတုတ္ထဈာန် စသည်ဖြင့် ဈာန်သမာဓိ ကို ထူထောင်ပြီးနောက် ရှေ့ဆက် မတက်တော့ပဲ အဲဒီ စတုတ္ထဈာန်စိတ်ကိုပဲ ဝိပသနာ ပြန်ရှုပီး ညဦးယံမှာ ပုဗ္ဗေနိဝါသ၊ သန်းကောင်ယံမှာ ဒိဗ္ဗစက္ခု၊ မိုးသောက်ယံမှာ အာသဝက္ခယ စသည်ဖြင့် နောက်ဆုံး သဗ္ဗေညုတဉာဏ်တော် ကို ရခဲ့ပီး လောက သုံးပါးရဲ့ အထွတ်အထိပ် ဘုရားရှင်အဖြစ်ရောက်ခဲ့ပါတယ်။ အဲ အခုခေတ် ကျနော်တို့ တရားစခန်းတွေမှာ ဖြစ်ပျက်ဖြစ်ပျက်ဆိုပီး အလွယ်တကူပြောနေကြလေ့ ရှိပါတယ်။တကယ်တော့ ဖြစ်ပျက်ဆိုတာတွေကို မဆိုထားနဲ့ အခုပြောတဲ့ ပထမဈာန်၊ ဒုတိယဈာန် စသည့် ဈာန်စိတ် ကလေးများအကြောင်းကို ပြောဖို့ဆိုရင်တောင် ကျနော်တို့ အဘိဓမာကို သေချာ လေ့လာရုံနဲ့တင်မရပါဘူး၊ ကိုယ်တိုင် ကျင့်ပီးသိမှာ ဂဂနနပြောပြနိုင်၊ သူတပါးကို လမ်းညွှန်နိုင်မှာပါ။ ဗြဟ္မာ့ဘုံမှာ ပထမဈာန်ဘုံ၊ ဒုတယဈာန်ဘုံ စသည့် ဗြဟ္မာများဟာ လူ့ပြည်ကနေ အဲဒီ ဈာန်စိတ်ကလေးတွေနဲ့ စုတေသွားကြသူတွေပါ။ ဒီလမ်းစဉ်တွေကို အသိရော အကျင့်ပါ နောကြေနေပီးဖြစ်တဲ့ မဟာစည်ဆရာတော်ဘုရားကြီးလို ပုဂိုလ်မျိူးဟာ နတ်ပြည် လောက်အဆင့်က နတ်သားတစ်ပါးကို လက်ခံပီး စကားပြောဆိုနိုင်ခြင်းရှိမရှိ အခုလို အငြင်းပွားနေဖို့လိုမယ်မထင်ပါဘူး၊ ငြင်းနေမယ်ဆိုရင် အဘိဓမာကို ကောင်းကောင်းနား မလည်လို့သာ ငြင်းနေခြင်းဖြစ်ပါတယ် ။ အဲ…လူတွေ တခါတရံ တန်ခိုးနဲ့ ရဟန္တာ ၂ ခုကို ကွဲကွဲပြားပြား မသိကြပဲ နားလည်လွဲတတ်ကြပါတယ်၊ ရဟန္တာဆိုတာက ကိလေသာ ကင်းကွာချင်းပါ၊ တန်ခိုးနဲ့ မပတ်သက်ပါဘူး။ ဆိုလိုတာက ရဟန္တာ တိုင်း တန်ခိုးမရပါဘူး သူရချင်ရင် ပြန်ကျင့်ယူရပါတယ်၊ အဲဒီ ခေါင်းစဉ်ကို ထပ်ပီး သာမန်လူတွေနားလည်အောင်ရှင်းရမယ်ဆိုရင် ဝိသုဒိ္ဓမဂ် ကို ပြန်လှန်ရပါလိမ့်မယ်။ နဲနဲရှည်သွားပြီ။ မိတ်ဆွေများ အဘိဓမာကို ကောင်းစွာလေ့လာပီး ဗုဒ သာသာစစ်စ်များ ဖြစ်နိုင်ကြပါစေ။

  • kai

    September 22, 2011 at 11:24 pm

    အခုအောက်မှာ.. ကူးတင်ပေးထားတဲ့..ဘ ေလော့ဂ်ရေးနေတဲ့တယောက်ကတော့ ..ဆရာတော်ကြီးလို ပျံလွန်တော်မမူပဲ.. လူဘုံမှာနေထိုင်ဆဲပါပဲ..။ တွေ့ဆုံခန်းတွေကို.. တိတ်ခွေတွေနဲ့အသံသွင်းနေဖို့မလိုပါဘူး.။ ဒီဂျစ်တယ်နည်းနဲ့. .. USB flash drive ထဲ..အသံသွင်းလို့ရပါတယ်..သူ ပြောတာတွေကိုလို့နော..။
    မလေးရှားသွားခ..လေယဉ်စရိတ်ကုန်ချင်ကုန်မယ်..။ ဒါပေမဲ့.. ဂမ္ဘီရထွက်ရပ်ပေါက်တွေပဲ.. ။ စိတ်နဲ့သာ ပင့်ဖိတ်လိုက်ရင်..ရမယ်ထင်ပါတယ်…လို့နော်..။
    လုပ်မဲ့သူရှိရင်.. မဟာစည်ဆရာတော်နဲ့စကားပြောခဲ့တဲ့.. နိမ္မာနရတိနတ်ပြည်ကနတ်သားကို.. နောက်တခါ ပြန်အင်တာဗျူးပေးပါလို့နော်..။ 🙂

    ============
    http://monmyatkyaw.blogspot.com

    အသစ်စက်စက် သောတာပန်အရိယာတို့ရဲ့ အကြောင်းတို့ကို အရိယာနတ်ကြီးတို့မှ-ဤစာရေးသူထံသို့ သတင်းပေးလာကြခြင်း
    (၁)။။ပြီးခဲ့တဲ့ အပတ်တွေတုံးက ရန်ကုန်တိုင်းထဲမှာ-သောတာပတ္တိမဂ်အဆင့်ထိတိုင်-အောင်မြင်ရောက်ဆိုက်သွားခဲ့သည့်-မဟာသောတာပန်အရိယာစာရင်းဝင် ရန်ကုန်တိုင်းသူတစ်ဦးရဲ့ အကြောင်းများကို-မလေးရှားသား တောင်စောင့် နတ်ဘီလူး(သမ္မာဒိဋ္ဌိ နတ်ဘီလူးပေါ့နော်)တစ်ဦးမှ-အာနာပါနသမာဓိလေ့ကျင့်စဉ် ဝင်နေဆဲသူ(ဤစာရေးသူ)ထံသို့-ချစ်ခင်သဘောကျသောကြောင့်-ကိုယ်ထင်ရှားနှင့်ပင်-လာရောက်ပြောပြခဲ့ပါ၏။။ထို သောတာပန်မိန်းကလေးကိုလဲ ၎င်းရဲ့ နတ်ဘီလူးလက်ညှိုးကြီးဖြင့် ထိုးညွှန်ပြပေးခဲ့သဖြင့်-ပီပြင်ပြတ်သားစွာ ရှင်းလင်းထင်ရှားစွာပင် ဤစာရေးသူအား တွေ့မြင် မှတ်သားလိုက်ရ၏။
    ထိုမိန်းကလေးသည် ခေတ်ပညာတတ် မော်ဒယ်မင်းသမီးသစ်ထဲက ဖြစ်ပါ၏။နဲနဲငယ် အရပ်ပု၏။မိုးပြည့်ပြည့်မောင်တို့လောက်-ဝိုင်းစုခိုင်သိန်းတို့လောက် မပုပါ။ဖြူဖြူကျော်သိန်းတို့လို အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ထည်မျိုး ရှိပါ၏။–မီးသွေးပုံထဲက ထွက်လာသူ ကပ္ပလီမလေးလိုမျိုး – မည်းမည်းမှောင်မှောင် မဟုတ်ပဲ -အသားအရေ ဖြူလတ်လတ် ရှိ၏။။-စကားနည်းတတ်သူ ဖြစ်ပေမဲ့-တကယ်ပြောပြီဟေ့ဆိုရင်- မျက်နှာမော့ မေးတော့၍ ပြုံးဖြီးဖြီးလုပ်ကာ -စကားလု ပြောတတ်၏-စတိုင်သစ်ထွင်တာမဟုတ်ပဲ သူ့နဂိုရ်မူဟန် ဖြစ်ပါ၏။-သူက အရံသရုပ်ဆောင်မင်းသမီးနေရာတွင် သရုပ်ဆောင်နေပါ၏။။-သီချင်းဆိုတဲ့ဘက်မှာ မထင်ရှားပါ။ကိုယ်တိုင် တရားရိပ်သာဝင်ကာ-သတိပဋ္ဌာန် ရှုမှတ်နည်းပညာတရားတို့တွင်-သေသေချာချာတတ်အောင်-စပ်စုမေးမြန်းကာ လက်တွေ့သင်ယူပိုင်ထားသောသူ အလည်အပါးစာရင်းဝင်ထဲက မိန်းကလေးအပျိုစင် တစ်ဦး -ဖြစ်ပါ၏။သူငယ်ချင်းတွေကြားတွင် အလိုက်အထိုက် ရောနေပေမဲ့လဲ-သူ့အတွင်းစိတ်ထဲမှာ သတိပဋ္ဌာန် မှတ်သိမှုတွေ-ဂုဏ်တော်ရွတ်ပွါးမှုတွေနဲ့ တည်ကြည်အေးမြနေတတ်၏။။
    (၂)။။ယ္ခုပင် ပြီးခဲ့သော (၀၆.၀၉.၂၀၁၁)နေ့အဝင် အာရုံတက်တွင်-အသစ်စက်စက် သောတာပန်မိန်းကလေး တစ်ဦး-တကယ်ပေါ်ထွက်လာပြန်ပြီ ဆိုတဲ့အကြောင်း စတုမဟာရာဇ် နတ်သမီးတစ်ချို့တို့မှ-မေတ္တာပွါးပို့လို့ နေဆဲသူ(ဤစာရေးသူ)အား-လာရောက်ပြီးတော့-ညွှန်ပြပေးကြ သတင်းပြောလာကြ၏။။
    ထို သောတာပန်အသစ်စက်စက် မိန်းကလေးရဲ့ ဆံပင် ပုံစံသည် -ဦးခေါင်းထိပ်ထက်ဆီသို့ လှန်တင်သိမ်းစု ထုံးဖွဲ့ထားတာတွေ့ရ၏။-ဆံပင်ရောင် နက်မှောင်ပျော့ပျောင်း၏။နဖူးက ပြည့်ပြည့်ပြေပြေရှိ၏။-နှာတံ ပေါ်လွင်၏။နှုတ်ခမ်းသားတွေက မထူမပါး အနေတော်ရှိ၏။ပါးပြင်၂ဘက်က ပြည့်ပြည့်ဖောင်းဖောင်းမဟုတ်ပဲ-ပြည့်ပြည့်ပြေပြေရှိပါ၏။မျက်ခုံးကောင်း၏။မျက်တောင်လဲကောင်း၏။မျက်လုံးက ဝန်းပြီးလျင် ကြည်လဲ့လဲ့ ရှိ၏။မျက်နှာပေါ်တွင် ဘာအပြစ်အနာ-ဘာအရေးအကြောင်းမှ မတွေ့ရပါ။-မျက်နှာဟန်ထားပုံက တည်တည်ငြိမ်ငြိမ်နဲ့ ဣန္ဒြေရှင်မိန်းကလေး တစ်ဦး ဖြစ်ပါ၏။။-မန္တလေးသူတွေ အသားအရောင် မည်း၏။-ရွှေဘိုသူတွေက မီးသွေးခဲကို မိန်းကလေးပုံစံ ထုလုပ်ထားသလို ဖြစ်ပါ၏။-ဤယ္ခု သောတာပန်မိန်းကလေးရဲ့ အသားအရောင်မှာ-ဝင်းဝင်းစိုစိုနဲ့ အညိုရောင် တောက်ပလို့ နေပါ၏။-အရပ်အမောင်းက ၅ပေ ၃လက္မလောက် ရှိနိုင်၏။အသက်အရွယ် ၂၅နှစ်ဝန်းကျင်ရှိပါ၏။။ခေတ်ပညာတတ်သော ဥစ္စာစည်းစိမ် အလယ်အလတ်တန်းစားထဲက ဖြစ်သော -ထို ညိုချော ချောသူ-သောတာပန်မိန်းကလေးသည် အခန်းအောင်းနေတတ်လေ့ ရှိပါသဖြင့်-လူပျိုုကောင်လေးတွေက-မသိ မရိပ်မိပဲ ကျော်၍ သွားကုန်၏။။
    ထိုသောတာပန် အသစ်စက်စက် မိန်းကလေးကို အလွယ်တကူ ရှာတွေ့နိုင်ရန် -လျှို့ဝှက်ချက် တစ်ခုကို ပြောခဲ့မည်။–
    **ထို ညိုချော ချောသူ မိန်းကလေးရဲ့ မျက်လုံးအကြည့်စူးစူးတို့နဲ့ ဗွေဆော်ဦးအကြိမ် ရင်ဆိုင်လိုက်ရတဲ့ ကောင်လေးလူပျိုတို့အား-ရင်တွင်းနှလုံးသားနေရာမှာ-သိသာထင်ရှားစွာပင် ညွှတ်ညှိမ့်တုန်ခါ ယိမ်းယမ်းသွားရတာနဲ့အတူ ဒိန်းဒိန်းနေအောင် တုန်ခုန်နေတတ်၏။-လို့-မှတ်သားပါ။။**
    ထိုမိန်းကလေးသည် ပန်းပန်တတ်လေ့ မရှိပါ။သနပ်ခါးမလိမ်းပါ။သဘာဝအတိုင်း အလွန်သန့်ရှင်းအောင် ရိုးရိုးပြုပြင်နေထိုင်တတ်ကြောင်း အံ့ဩဖွယ်ရာ တွေ့၏။-အဝတ်အရောင်ကလဲ ရိုးရိုးအိမ်နေ အဝတ်အစားလိုမျိုးပင် ဖြစ်ပါ၏။ ရွှေ-စိန် စသည် ရတနာဝတ်ဆင်ထားတာလား ဆိုတာကို- သတိမပြုမိခဲ့ပါ။။-ထို မိန်းကလေးရဲ့ မျက်လုံးအကြည့်ထဲ၌ ထူးဆန်း အားအရှိန်တွေ သူ့အလိုအလျောက် ပါဝင်နေတတ်သဖြင့်-ကလိန်ကကျစ်ကောင်လေးတို့အား အနားမကပ်ဝံ့ပဲ ရှိန်သွားရတတ်၏။-ဤ ယ္ခုစာရေးနေချိန်ထိအောင်-ထိုမိန်းကလေးတွင် boyfriend မရှိသေးပါ။
    (၃)။-ဤ ယ္ခုနှစ် ၂၀၁၁ ရဲ့-ဝါတွင်းကာလထဲတွင်-ရဟန်းတော်တွေထဲက-အပ္ပနာသမာဓိအဆင့်ထိတိုင်အောင် အောင်မြင်ရောက်ဆိုက်သွားတဲ့ ကိုယ်တော်(သက်လတ်ပိုင်းအရွယ်)တွေ-ရှိပါကြောင်းကို ဤစာရေးသူထံဝယ်-လာရောက် သတင်းပေးထားတာရှိပါ၏။(သီလရှင်များနဲ့ ပတ်သက်ပြီးတော့ ဘာသတင်းထူးမှလဲ မရခဲ့သေးပါတကား။။)-မြန်မာပြည်ထဲက ရသေ့တွေနဲ့-ပတ်သက်ပြီးတော့လဲ သတင်းထူး မလာသေးပါ။။
    (၄)။-ဗလီဆရာတွေ သေပြီးနောက် တမလွန်ဘဝသစ်တွင် ဘာဆက်ဖြစ်ကြသလဲ လို့-သိစေ မြင်စေချင် သဖြင့်-မလေးရှားသား တောင်စောင့်နတ်ကြီးများ အဖွဲ့မှ-ဤစာရေးသူအား-ကူညီခေါ်ဆောင် ပြပေးကြ၍-မိနစ်အတန်ကြာအောင်ပင်-အလင်းရောင်ပြည့် နာမ်ခန္ဓာကိုယ်သစ်ဖြင့်-သွားရောက်ကြည့်ရှု မှတ်သားခဲ့ရ၏။။
    (အထူးမှတ်သားရန်။။။ဤယ္ခုနှစ် ၂၀၁၁ ရဲ့ ဝါကျွတ်ပြီးတဲ့အခါ-အရိယာစာရင်းသစ်ကြီးကို သိကြားမင်းကြီးရဲ့ နေရာ -မဟာမြင့်မိုရ်တောင်ထိပ်ရှိ ဒိဗ္ဗစက္ခုရှင်များ အစည်းအဝေးကြီးမှ-၃၁ဘုံလုံး ကြားသိကြည်ညိုကြရအောင်-သိကြားမင်းကြီးကိုယ်တိုင် ဖတ်ကြားကြေညာပါလိမ့်မည်။။-အဲဒီ အရိယာစာရင်းသစ်ကြီးထဲ၌-မိမိတို့ရဲ့ နာမည်တွေပါရအောင်-စာဖတ်သူတို့အား-အထူးကြိုးစားကြပါ။။-ဤနှစ်ဝါကျွတ်ပြီးတဲ့အခါ–ဤစာရေးသူမှ-မြင်သိ ကြားသိရသလောက် အရိယာစာရင်းသစ်များကို-ဤမွန်မြတ်ကျော် BLOG မှာပင်-အပြည့်အစုံ ဖော်ပြပေးပါမည်။။လို့-နော်။။))

Leave a Reply