*မန်ချက်စတာယူနိုက်တက်အသင်း၏အံ့အားသင့်ဖွယ်ခေါ်ယူမှု*

Yin Nyine NwaySeptember 11, 20101min2349

ဖာဂူဆန်နှင့်အတူ
2.9.2010 နေ ့တွင် မန်ချက်စတာယူနိုက်တက်အသင်းမန်နေဂျာကြီး ဆာအဲလက်စ်ဖာဂူဆန်သည်
အံ့အားသင့်ဖွယ်ကစားသမားခေါ်ယူမှုတစ်ခုကိုပြုလုပ်ခဲ ့သည်။ ထိုကစားသမားမှာ MNL
မြန်မာနေရှင်နယ်လိဂ်မှ
ကမော္ဘဇ ဘောလုံး အသင်း၏ တိုက်စစ်မှုးနှင့်
အသင်းခေါင်းဆောင်ဖြစ်သူ(မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း)
စိုးမြတ်မင်းဖြစ်သည်။ ဖာဂူဆန်သည် ပေါ်တူဂီတိုက်စစ်မှုး ဘီဘီကိုခေါ်ယူမှုအပြီးတွင်
စိုးမြတ်မင်းအားထပ်မံပြီးခေါ်ယူခဲ ့ခြင်း
ဖြစ်သည်။ အရှေ ့တောင်အာရှတွင်ရှိသော မန်ယူကင်းထောက်များမှတဆင့် စိုးမြတ်မင်း၏
ကစားပုံများကို videos မှတ်တမ်းများ
ကြည့်ရှုပြီးခေါ်ယူခဲ့သည်ဟုသိရသည်။
ဆာအဲလက်ဖာဂူဆန်မှ စိုးမြတ်မင်းအားခေါ်ယူခြင်းနှင့်ပတ်သက်ပြီး
‘” သူ(စိုးမြတ်မင်း) ကစားတာကိုအပြင်မှာကျွန်တော်မမြင်ဖူးသေးပါဘူး..အရှေ
့တောင်အာရှမှာရှိတဲ ့ ကျွန်တော်တို ့ရဲ ့
ကင်းထောက်တွေက သူကစားတဲ ့ videos ဖိုင်တွေကို ကျွန်တော့်ဆီပို ့ပေးလို
့ကြည့်ရပါတယ်..အဲဒီထဲမှာသူဟာဘယ်လောက်
တော်တယ်ဆိုတာ..သိသာပါတယ်..ဒါကြောင့်သူ ့ကိုမန်ယူအသင်းအတွက်ခေါ်ယူခဲ
့တာပါ..သူဟာမကြာခင်မှာပဲ..မန်ယူအသင်းနဲ ့
.အထိုင်ကျသွားမယ်လို ့ မျှော်လင့်ပါတယ်..အရှေ ့တောင်အာရှကနေပြီးတော
့..ပထမဆုံးကျွန်တော်တို ့ရဲ ့ကစားသမား
ခေါ်ယူမှုလည်ဖြစ်ပါတယ်..ကျွန်တော်တို ့ရဲ
့ကင်းထောက်တွေပြောစကားအရဆိုရင်..မြန်မာနေရှင်နယ်လိဂ်မှာရှိတဲ ့
ကစားသမားတွေဟာအလွန်တော်တယ်လို
့သိရပါတယ်..အခုရာသီပိတ်ပေမယ့်..ရာသီဝက်အပြောင်းရွှေ
့ကာလမှာ..မြန်မာနေရှင်နယ်လိဂ်က..ကစားသမားတွေကို ခေါ်ယူမှုတွေပြုလုပ်သွားဦးမှာပါ”
ဟု မန်နေဂျာကြီးဖာဂူဆန်က
ပြောကြာသွားသည်။

ကမော္ဘဇ ဘောလုံး အသင်းတွင် ကစားစဉ်က
မန်ယူကစားသမားအသစ်စိုးမြတ်မင်းမှ
“ကျွန်တော်မန်ယူကိုပြောင်းတာဟာ..စိန်ခေါ်မှုအသစ်တွေနဲ ့
ရင်ဆိုင်ချင်လို ့ပါ ကမော္ဘဇ အသင်းကိုအရမ်းချစ်ပါတယ်..ကျွန်တော့်ကို
ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ။ချယ်လ်ဆီးနဲ ့၊ အင်တာမီလန်တို ့က
ကမ်းလှမ်းလာတာတွေရှိပါတယ်၊
ဒါပေမယ့်ကျွန်တော်ကမန်ယူအင်းကိုပဲရွေးချယ်လိုက်တာပါ၊မန်ယူအသင်းဟာ ကြီးမားတဲ
့အစဉ်အလာနဲ ့အောင်မြင်မှုတွေအများကြီးရှိတဲ ့အသင်းပါ၊ ပြီးတော ့ဆာအဲလက်စ်
လိုနည်းပြရဲ ့လက်အောက်မှာ ကစားချင်ပါတယ်၊ ရွန်းနီ၊ဘာဘာတော့ဗ်၊
အိုဝင်၊ပေါလ်စခိုး စတဲ ့ထိပ်တန်းအဆင့်ရှိတဲ ့
ကစားသမားတွေလည်းမန်ယူမှာရှိနေပါတယ်၊ သူတို ့နဲ ့တွဲဖက်ပြီး
ပွဲထွက်ကစားရမှာကိုကျွန်တော် မစောင့်နိုင်အောင်ပါပဲ၊ မန်ယူအသင်းနဲ ့အတူ
ဆုဖလားတွေအရယူသွားမှာပါ” ဆိုပြီး ပြောကြားသွားသည်။
မန်ချက်စတာယူနိုက်တက်အသင်းနှင့် ကမော္ဘဇအသင်းတို ့သည် စိုးမြတ်မင်း၏ ပြောင်းရွေ
့ကြေးနှင့်ပတ်သက်ပြီး
တစ်စုံတစ်ရာထုတ်ပြန်ချင်းမရှိပေ။ သို ့သော် ဘောလုံးအားကစားလောကမှ
ကျွမ်းကျင်သူတွေကမူ စိုးမြတ်မင်း၏
ပြောင်းရွေ ့ကြေးအတွက် မန်ယူအသင်းမှ ကမော္ဘဇအသင်းကို ယူရို (25) သန်းခန် ့
ပေးချေခဲ ့ရပြီး အဆိုပါကစားသမား၏လစာကိုလည်း
တစ်ပတ်လုပ်ခပေါင်(85000)အထက်ပေးမည်ဟုပြောဆိုကြသည်။ ထို ့အပြင် စိုးမြတ်မင်းမှာ
သူ၏ပုံရိပ်ကို အသုံးပြုရာမှ ရရှိမည့်ဝင်ငွေအပါအဝင် တစ်နှစ်လျှင် ဝင်ငွေ
ပေါင်(8)သန်းခန် ့ရှိနိင်သည်ဟုခန် ့မှန်းကြသည်။
ကမော္ဘဇအသင်း၏ ကိုယ်ပိုင်ဝက်ဆိုဒ်တွင်မူ “ကျွန်တော်တို ့အသင်း သူ ့ကိုဆုံးရှုံးခဲ
့တဲ ့အတွက် နှမျောမိပါတယ်..ဒါပေမယ်
့သူကိုယ်တိုင်ကလည်း..မန်ယူအသင်းကိုပြောင်းရွေ ့ချင်တယ်လို ့
မကြာခဏပြောကြားဖူးပါတယ်..
သူ ့ကိုရီးရဲ၊ ဘာကာ၊ ချယ်လ်ဆီးနဲ ့အင်တာတို ့ကကမ်းလှမ်းတုန်းက ကျွန်တော်တို
့မရောင်းနိုင်ကြောင်းပြန်ကြားခဲ ့ပါတယ်၊
မန်ယူကိုတော ့သူကိုယ်တိုင်ကလည်းပြောင်းရွှေ ့ခွင့်ပေးဖို ့တောင်းဆိုလာတဲ ့အတွက်
ကျွန်တော်တို ့ ခွင့်ပြုခဲ ့ရတာပါ၊
သူဟာအလွန်ထူးချွန်တဲ ့စကားသမားတစ်ဦးပါ၊ မန်ယူအသင်းမှာ
သူအောင်မြင်မှုတွေရပါလိမ့်မယ်” ဟု ရေးသားထားသည်ကို
တွေ ့ရသည်။
မန်ယူအသင်းတွင် စိုးမြတ်မင်းသည် မည်သည့်ကျောနံပါတ်ကို
ဝတ်ဆင်မည်ဆိုတာမထုတ်ပြန်သေးပေ။နောက်ဆုံးရသတင်းများကို
ဆက်လက်တင်ပြပေးသွားပါမည်။

9 comments

  • khunmyat

    September 11, 2010 at 3:32 pm

    ဟားဟား …. ရယ်ထားတာကတော့ မသိတဲ့သူဆို တကယ်ထင်နေဦးမယ် … ဒါနဲ့ 2018 မှာ မြန်မာက ကမာ္ဘ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပမယ်တဲ့ … 😀 ဖတ်ဖူးတာလေး ပြောပြတာပါ

  • alfred

    September 11, 2010 at 3:52 pm

    တော်တော်ရယ်ရတာပဲ။ တကယ် မဟုတ်ဘူးလို့ထင်ပါတယ်။ အတည်ပေါက်ကြီးနဲ့ တော့ မနောက်နဲ့နော်။ မသိ နားမလည်တဲ့လူတွေ့သွားရင် တကယ်ထင်နေအုန်းမယ်။ 😀

  • saithiha1221

    September 12, 2010 at 2:57 am

    ဒီပို့စ်ကို ကျွန်တော့်သူငယ်ချင်း ညောင်ကိုင်းသား ရေးတာပါ။

  • chitsayar

    September 12, 2010 at 3:16 am

    အဟုတ်မှတ်လို ့ဖတ်နေတာ
    ငါလခွီး
    ပထမစဉ်းစားထားတာက ဂေဇက်မှာ ကမန်း တစ်ခါရေးရင် ငါးဆယ်ရမှာလေ
    အဲ့သည်တော့ ကမန်း သန်းခြောက်ဆယ် လောက်ရေးလိုက်မယ်ဆိုရင်
    ရမယ်လေ သန်းသုံးထောင်
    နောက်ပြီး ကမန်းပေါင်းချုပ်ဆိုပြီး ပြန်ထုတ်ရင် လာဦးမှာ တစ်ခါ
    ပြီးတော့မှ လက်ရွေးစင်ဆိုပြီး အွန်လိုင်းကနေ ပြန်ရောင်းလိုက်ရင် လန်းပြီပေါ့
    မောင့်သတင်းတွေဖတ်ပြီး လိုင်းပြောင်းမလားလို ့တောင် ဖြစ်သွားသေးတယ်
    မနောက်နဲ ့ မနောက်နဲ ့
    အွန်လိုင်းထဲကနေ ငွေရှာနေတယ်

  • kyansitthar101

    September 12, 2010 at 8:34 am

    မန်ချက်အသင်း အနေဖြင့် ယခုကဲ့သို့ အံအားသင့်ဖွယ်ခေါ်ယူမှုပြုလုပ်ပြီးနောက် မိမိတို့ အသင်းအနေဖြင့် ယင်းကစားသမားသစ်အား အသင်းတွင်အထိုင်ကျပြီး အောင်မြင်မှု များရရှိရန် အတွတ် အသင်း တွင်မည့်သည့် နေရာတွင် တာဝန်ပေးမည်ကို မတိုင်ပင်မဆုံးဖြတ်ရသေးကြောင်း၊ ပြောင်းရွေ့ ကြေးနှင့် ပါတ်သတ်၍လဲ ဂလေဇာမိသားစု အနေဖြင့် အခွန်ရှောင်တိမ်းနိုင်ရန် အကြံအဖန်စာချုပ်ဖြင့် သာ ခေါ်ယူထားကြောင်း၊ အမှန်တကယ်ပြောင်းရွေ့ကြေးကို မည်သူမှအသိပေးမည်မဟုတ်ကြောင်း ဆက်လက်၍ ပြောကြားသွားသည်။

  • မန်း ရိပ်

    September 12, 2010 at 11:57 am

    အင်း လူတွေလည်း ဘာတွေဖြစ်ကုန်ပြီလဲမသိပါဘူး April Fool နေ့လည်းမဟုတ်ပါဘူး

  • saddyangel.9

    September 12, 2010 at 12:39 pm

    ရေးမယ်ဆိုလဲ….ယုံအောင်ရေးပါ။။

  • intro

    September 12, 2010 at 2:13 pm

    မဖြစ်နိုင်တာ… စိုးမြတ်မင်းက အသက်ကြီးပြီ… ခေါ်ချင်းခေါ် intro ကိုခေါ်တယ်ဆို ဟုတ်သေး 😛

  • khunmyat

    September 12, 2010 at 6:58 pm

    ကျွန်တော်တို့ကို ဆိုရင်တော့ ဘောလုံးကောက်ဖို့လောက်ပဲ ခေါ်မှာ …. 😀

Leave a Reply