အပျိုကြီး ၊ လူပျိုကြီးဖြစ်ချင်ရင် ဖတ်ဖို့ပါ…

danpaukSeptember 12, 20101min1479

အိုဘယ့် မိန်းမ

> ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
> ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
> နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊
>ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
> မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
>ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
> ခေတ်မှီတာကျတော့ စိတ်မချရ၊
> စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။
>………………………………………………………………………။

> အိုဘယ့် ယောက်ျား

> အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
> ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
> ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
> အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
> အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့
ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊
> အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
> အားကိုးရတဲ့ လူမျိူးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့
အပေအတေတစ်ယောက်လိုနေမယ်။
>…………………………………………………………………..

ဒါကြောင့်…………………………..

> ပါးနပ်တဲ့ယောက်ျားနဲ့ ဉာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး
ဖြစ်လာနိုင်တယ်။
> ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ
ဖြစ်လာနိုင်တယ်။
> ဉာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
> ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်…တဲ့၊
> ဟီးဟီး…..ဘာပြောရမလဲ မသိတော့ဘူးဗျာ..။

> ———————————————————————–
ပြီးတော့….
> မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
> ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
> အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက်
ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
> အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာတဲ့။

>————————————————————————–

( လူရှိန်အောင် အောက်မှာ E လိုလေးပါ ထပ်ထည့်ပေးလိုက်တယ်)

> ROMANCE MATHEMATICS
> Smart man + smart woman = romance
> Smart man + dumb woman = affair
> Dumb man + smart woman = marriage
> Dumb man + dumb woman = pregnancy
> GENERAL EQUATIONS & STATISTICS
> A woman worries about the future until she gets a husband.
> A man never worries about the future until he gets a wife.
> A successful man is one who makes more money than his wife can spend.
> A successful woman is one who can find such a man.

>…………………………………………………………….

> ကွာခြားချက်…

> ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။
> ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊လူကုံထံတွေ ဟိုတယ်တက်ပြီး
ဟင်းသီးဟင်းရွက်စားတယ်။
> ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ
စက်ဘီးစီးတယ်။
>ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။
>ဆင်းရဲတုန်း မယားက secretaryတာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က
မယားတာဝန် တွဲယူရတယ်။
>ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။
> ဒီခေတ်ကြီးမှာ…ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊
ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။
>ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။
> ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက်
ဖော်ကြချွတ်ကြတယ်။

> { ဖတ်ဖူးသမျှ စာတွေ မေးလ်တွေထဲကနေ…ရှေ ့နောက်ပြန်လွှဲ ..ဟိုရွှေ ့ဒီရွှေ ့
စီချင်သလိုစီကာ…ကောက်နုတ်ပြီး ပြန်ဖော်ပြတယ်…}
။…………….ဘယ်လို့ဖြစ်ဖြစ် ပျော်ရွှင်ပါစေ …………..။

(All actions you do on everything is your morality.)
(အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စတိုင်းသည် သင့်ဧ။်
ကိုယ်ကျင့်တရားပင် ဖြစ်သည်။)

this is from email… i just share u all.   thanks

9 comments

  • thidar

    September 12, 2010 at 10:52 am

    အရမ်းကောင်းပါတယ် ကိုယ်တိုင်ကောဘယ်အချက်နဲ့ ကိုက်တာပါလဲ ဟင်

  • လင်းငယ်

    September 12, 2010 at 1:11 pm

    ဒါနဲ့ ကျွန်တော်က ဘယ်အချက်ထဲများ ပါဝင်နေမလဲ မသိဘူး။

  • Gong Zhu

    September 17, 2010 at 7:22 am

    > အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက်
    ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
    > အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာတဲ့။
    ဒါပဲကြိုက်တယ် . .

  • နီလေး

    July 9, 2011 at 3:00 pm

    နီလေးတို့တော့ နေ့တိုင်း အိမ်လဲမဟုတ်၊ဟိုတယ်လဲမဟုတ် ရုံးမှာ နေ့လည်စာကို ကန်ဇွန်းရွက်နဲ့ပဲစားတယ်ဆိုတော့ ဘယ်ထဲမှာ ပါသွားလဲဟင် ဆင်းရဲသားက အသားစားတယ် လူကုံထံတွေပုစွန်စားတယ်၊

  • ရွှေဘိုသား

    July 9, 2011 at 6:18 pm

    ကို နီလေးထက်တောင်အဖြစ်ဆိုးတဲ.သူရှိသေးတယ် ကျွန်တော်ပဲဗျာ
    နေ.လည်စာ အမြဲ ဥပုဒ်စောင်.တယ်

  • ပန်းနု

    July 9, 2011 at 7:35 pm

    ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။
    နန်းစုရတီစိုး ကျတော့ ကြက်မွေးတယ်တော့။
    ဟိုတလောက ဂျာနယ်ထဲမှာ ကြက်ကြီးပိုက်ထားပြီး သူ့ကြက်အကြောင်းပြောသွားတယ်။
    ပေါ်ပြူလာဖြစ်ချင်တာလား ဘာလားတော့ မသိဘူး

  • maythakhin

    July 9, 2011 at 10:01 pm

    လောကကြီးရဲ့သဘာဝတရားလေးကိုရေးထားတာပုံပါ။ ပြည့်စုံပါတယ်။
    “ > အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက်ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
    > အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာတဲ့။ အဲဒီစာသားလေးကိုတော့ သဘောကျတယ်။ ”
    စကားပြောရင် နိုင်ငံရေးတွေမပါနဲ့လေ………..:D 😀 😀
    > ဒီခေတ်ကြီးမှာ…ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊
    ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။ 😀 😀

  • Foreign Resident

    July 10, 2011 at 9:49 am

    “ဆင်းရဲတုန်း မယားက secretaryတာဝန်တွဲယူရတယ်၊
    ချမ်းသာတော့ secretary ကမယားတာဝန် တွဲယူရတယ်” Great !!!
    But, it seems I am not rich, as I don’t have a secretary.

  • manawphyulay

    July 10, 2011 at 3:36 pm

    ဒီစာလေးတွေက နိုင်းနိုင်းစနေ ဘာသာပြန်ထားတာဖြစ်တဲ့အတွက် ဖတ်ဖူးတာ မနှစ်ထဲကပါပဲလေ…..

Leave a Reply