Where were you on 9/18?

kaiSeptember 12, 20101min25013

စက်တင်ဘာ ၁၈ရက်နေ့က သင်ဘယ်မှာလဲ..။
Where were you on 9/11?ဆိုတာလေး..စီအန်အန်ကြည့်နေရင်းတွေ့လို ့ကော်ပီကက်လုပ်လိုက်တာပါ။
သိကြတယ်နော်..။
၁၉၈၈ခု စက်တင်ဘာ ၁၈ရက်နေ့မှာ မြန်မာပြည်မျာ…တပ်မတော်က အာဏာသိမ်းခဲ့တာကို..။
အဲဒီအချိန်ကစလို့… ဒို့မြန်မာတွေ ဘဝပြောင်းခဲ့ကြတာပေါ့။ မဟာဗမာရွေ ့ပြောင်းမှုကြီးလည်း အဲဒီအချိန်ကစတာပဲ။ မြန်မာတွေ ပြည်ပ သိန်းသန်းချီထွက်ကြတာပေါ့။
အဲဒီရက်နောက်ပိုင်း..တပ်မတော်သားတွေလည်း ..အရပ်ဖက်တာဝန်။ အစိုးရတာဝန်တွေဝင်လုပ်နဲ့ အခုပြန်ကြည့်ရင်တော့.. ဘဝတွေအကြီးအကျယ်ပြောင်းခဲ့ကြတာပါ။ ရှေ ့တန်းဆိုတာတွေမှာလည်း တိုက်ပွဲတွေ တခြိမ်းခြိမ်းဖြစ်ခဲ့သေးတာပေါ့။ သေသူသေ ဒဏ်ရာရသူရ။ အဆင်ပြေသူပြေ။ သူဌေးဖြစ်သူဖြစ်ပါ။ အခုလို..ရုရှားမှာ..ဗမာတွေစစ်ပညာတွေဘယ်သင်နိုင်ကြဦးမလဲ။ သဘာဝဓါတ်ငွေ့လည်း အခုလိုမတွေ့နိုင်သေးပါဘူး။ တိုင်းပြည်ဝင်ငွေ ဒေါ်လာဘီလီယံချီရတယ်ဆိုတာက အိပ်မက်တွေပဲဖြစ်နေခဲ့တာပေါ့။
နောက်တော့…လုပ်ငန်းရှင်တွေလည်း ပြောင်းလာတဲ့ ဈေးကွက်စီးပွားရေးတွေဘာတွေနဲ့အတူတူ မီလီယံ၊ဘီလီယံဒေါ်လာတွေကိုင်နိုင်တာတွေလည်းဖြစ်ကုန်ရဲ့..။ အခုလို ဦးတေဇတို့။ မက်စ်ဇော်ဇော်တို့။ ယုဇနဦးဌေးမြင့်တို့..ဘယ်ရှိဦးမလဲ..။
အဲဒီတုံးက..ကျောင်းတက်နေတဲ့ကျောင်းသားတွေခမြာလည်း တောထဲရောက်။ ဒုက်ခသည်ဖြစ်။ တတိယနိုင်ငံအခြေချနဲ့ အခုတော့လည်း တနေရာရာ၊တနိုင်ငံမှာ အိမ်ထောင်တွေကျ။ အခြေတွေကျတာတွေရှိနေပါပြီ။
တချို ့လည်း.. လှုပ်ရှားဆဲ။ သွေးတွေတက်ဆဲ..။

အော်ပီကျယ် ကာတွန်း

တချို ့တော့လည်း..တချို ့တော့လည်း…။
ကောင်းတာရော ဆိုးတာရော အစုံအလင်ဆိုပါတေ့ာလေ..။ ဘယ်သူတွေကောင်းသွားခဲ့တယ်။ ဘယ်သူတွေဆိုးသွားတယ်။ ဘာတွေဖြစ်ခဲ့တယ်။ ဘာတွေဖြစ်သွားတယ်..စသဖြင့် လိုက်ပြောပြမနေချင်ပါဘူး။
ဒါပေမဲ့ သိချင်လာတွေရှိလို့ပါ။ အဲ..မမေ့လျှော့ခင် မှတ်တမ်းထားချင်တယ်ဆိုပါတော့။
မေးခွန်းကတိုတိုပါပဲ..။
စက်တင်ဘာ ၁၈ရက်နေ့က သင်ဘယ်မှာလဲ..။
ကောမန့်မှာရေးပေးကြပါခင်ဗျ။ မမွေးသေးဘူး။ နတ်ပြည်မှာ ဆိုလည်း..နတ်ပြည်ထည့်ရေးပေါ့။
အင်း..ငယ်သေးလွန်းတော့ မမှတ်မိဘူး. .။ ချိုချိုစို့နေတာထင်တယ်..ဆိုလည်း..အဲဒီအတိုင်းသာရေးပါနော်..။

အဲဒီနေ့လေးကိုတော့ မမေ့လိုက်ပါနဲ့..။ ဘိုးဘိုးဘွားဘွားဖြစ်လဲ သတိရနေပါ။ မြေးမြစ်တီတွတ်ဂျွတ်ဆပ်တွေကို ပြန်ပြောပြပါ။

မြန်မာတွေအားလုံးအတွက် ဘဝတဆစ်ချိုးကွေ့ကြီးမဟုတ်ပါလား..နော။

13 comments

  • kai

    September 12, 2010 at 7:46 am

    ကျုပ်က..ဒီနေ့ကစလို့ဒိုင်ယာရီလေးပြန်လှန်ပြီး တိုတိုရေးပါ့မယ်။
    စက်တင်ဘာ ၁၁။
    ဆေးရုံကြီးမှာစုရပ်ထားပြီးဆန္ဒပြကြတယ်။ ချီတက်သူတွေကိုင်ထားတဲ့ဘုတ်မှာ အုန်းငှက်ပျောအဖွဲ ့ဆိုတာကို တွေ့မိတယ်။ ဘာတွေဘာလိမ့်…။
    ဆေးရုံရှေ ့က ရပ်ကွက်ကောင်စီဥက္ကဌ သေနတ်ပစ်ခံရပြီးသေတဲ့နေရာမှာ ကျောက်တိုင်ငယ်လေးလုပ်ပြီး ပါတ်လည်မှာ ကျောင်းသားလူငယ်တွေထောင်ချီ ထိုင်ပြီး အစာငတ်ခံဆန္ဒပြကြတယ်။အဓိကတောင်းဆိုချက်က ကြားဖြတ်အစိုးရဖွဲ ့ပေးရေး။
    ရှေ့တန်းမှာထိုင်နေသူထဲထင်ရှားတာက ဇာဂနာနဲ့ဇင်ဝိုင်း။
    ပြည်သူ့လွှတ်တော်လုပ်ပြီး အချက်၁ဝချက်ဆုံးဖြတ်ကြောင်းထုတ်ပြန်တယ်။ ပါတီစုံရွေးကောက်ပွဲကော်မရှင် ၅ဦးနဲ့ဖွဲ့တယ်။ နောက်၃လဝန်းကျင်လောက်မှာ ရွေးကောက်ပွဲလုပ်ပေးမယ်ကြေငြာတယ်။ နိဂုံးချုပ်မှာ ဒေါက်တာမောင်မောင် မိန့်ခွန်းပြောတယ်။

    • kai

      September 13, 2010 at 4:23 am

      ယူအက်စ်၊ လေ့ာအိန်ဂျလိစ်မှာ ဒီနေ့ ဝိုင်းစုခိုင်သိန်းပါဝင်တဲ့ဂီတပွဲ ဆန်ဒပြကြတယ်..။
      သတင်းကို မိုးမခမှာဖတ်နိုင်ပါတယ်..။
      http://moemaka.com/index.php?option=com_content&task=view&id=7142&Itemid=1
      တွေးမိတာလေးက…
      လွန်ခဲ့တဲ့ ၂၂နှစ် ဒီနေ့မှာပဲ..(အပေါ်က ဒိုင်ယာရီအရ) ဇာဂနာနဲ့ဇင်ဝိုင်းက ရန်ကုန်ဆေးရုံကြီးရှေ့မှာ အစာငတ်ခံဆန်ဒပြသူတွေကို ဦးစီးကူညီပေးနေခဲ့တယ်..။
      နောင် ၂၂ နှစ်ကြာတဲ့..ဒီနေ့မှာပဲ.. ဇင်ဝိုင်းသား..မင်းမော်ကွန်း ပါဝင်ဖျော်ဖြေတဲ့ စတိတ်ရှိုးကို.. ဇာဂနာ့သားနဲ့သမီးက..အားပေးကြည့်ရှုဖို့သွားတယ်လို ့..မိုးမခသတင်းကဆိုတယ်..။
      အဲဒီပွဲကို..ပြည်သူချစ်သောအနုပညာရှင်များသည် ပြည်သူကိုသစ်စာမဖေါက်ဆိုပြီး.. အာရုံဦးမှာဖူးသည့်ကြာ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝိုင်းစုခိုင်သိန်းကို ဆန်ဒပြနေကြတာဖြစ်ပါတယ်..။
      ဪ…
      မျိုးဆက်တခုတခု…အပြောင်းအလဲတွေပေါ့..။

  • ghost

    September 12, 2010 at 8:24 am

    18ရက်နေ့ ည ၁ဝ နာရီ မြို့တော်ခန်းမရှေ့မှာ သိရသလောက် ၈နာရီ ကတည်းက ပြစ်မိန်ရထားတယ်
    နောက် တပ်၂၂ချိန်းပြီးမှ ၁ဝနာရီလောက်မှာ စပြစ်တယ် ပြည်သူတွေသိန်းချိရှိတဲ့ ထဲ ပြစ်ထည့်တာ
    အသေပြောက် ဒဏ်ရာရ စရင်းတောင် မခန့်မှန်နိုင်ဘူး လုပ်ရက်တယ်ဗျာ ကိုယ်လူမျိုုးအချင်းချင်..

  • younggun

    September 12, 2010 at 11:39 am

    2 တန်းပဲရှိသေးလို ့နေ့စွဲတွေမမှတ်မိဘူး…။မှတ်မိတာကတော့ မေမေရွှေဘုံသာလမ်းကို သွားတော့ သူ ့ရုံးအဖွဲ ့တွေနဲ ့တိုးလို ့သားအမိ ၂ယောက် ခြောက်ထပ်ရုံးအနားထိ တို ့အရေး လိုက်ရသေးတယ်….။အမေစု တရားဟောတာကို ဦးဝိစာရလမ်းမှာ တခါ တွေ ့လိုက်ဖူးတယ်…။

  • tunaung

    September 12, 2010 at 1:38 pm

    စက်တင်ဘာ18 ရက်တင်ဘယ်ကမလဲ8.8.88 တလျှောက်လုံးအကြောင်းကောင်းကောင်းမှတ်မိတာပေါ့ ဒို့ရဲ့အသက်30ရှိနေပြီဘဲ အရေးခင်းကာလတလျှောက်လုံးနီပါးရန်ကုန်မှာရှိနေတာ အာဏာသိမ်းတော့နယ်က ကိုယ့်မြို့ကိုပြန်ရောက်နေပြီ သပိတ်စခန်းတွေသိမ်းဘို့ဆိုပြီးညဘက်12း00ရီလေါက်လက်နက်အပြည့်အစုံနဲ့စစ်သားတေ ွမြို့ထဲကို မီးအမှောင်ချပြီးဝင်လါကြတယ် သေနတ်သံတွေဆိုတာဆူညံနေတာဘဲ အသေအပျောက်အတော်များတယ် ဘယ်နှစ်ယောက်သေလဲဆိုတာတော့အတိအကျမသိရဘူး သေတဲ့သူတွေကိုစစ်တပ်ကညတွင်းချင်းအခြားနေရာကိုသယ်သွားပြီး ဖျောက်ဖျက်လိုက်တယ်လို့ကြာတယ်…..အေးလေခုတော့လဲ22တောင်နှစ်ကြာခဲ့ပြီဆိုတော့မေ့တဲ့သူလဲမေ့ကြမှာပေါ့ ဒို့ကတော့မေ့မေ့ပျောက်ပျောက်ထဲမှာမပါဘူးအမြဲအမှတ်ရနေသလိုအခွင့်ကြုံယင် တွေ့ကြုံခဲ့တာလေးတွေပြောပြချင်သေးတယ်။။

  • bigcat

    September 12, 2010 at 3:20 pm

    ကျွန်တော်လည်း အဲဒီကာလ တဝိုက်က မှတ်မိတာကို စက်တင်ဘာ ၁၈ရက်နေ့အထိ ကွန်မန့်ရေးပါ့မယ်။ ဒိုင်ယာရီရေးကျင့် မရှိလို့ နေ့စွဲတွေကိုတော့ မမှတ်မိတော့ပါ။
    ကွန်မန့်၁
    မြို့ထဲနဲ့တချို့မြိုစွန်တွေမှာ လူထုနဲ့စစ်တပ် ထိပ်တိုက်ရင်ဆိုင်မှုလေးတွေ ဖြစ်ခဲ့လို့ စိုးရိမ်မှုတွေ ဖြစ်နေပြီ။ ရေတပ်နှင့်လေတပ်က ရန်ကုန်မြို့ကို အမြောက်နဲ့ပစ်၊ ဗုံးကြဲမယ်ဆိုလို့ လူထုခြောက်ခြား နေတယ်။ ပါးရည်နပ်ရည် ရှိသူတွေက စစ်တပ်ဘယ်ခြေလှမ်းကို လှမ်းတော့မလဲဆိုတာ တွက်မိနေကြပြီ။ မြို့ထဲမှာလည်း စစ်ထောက်လှမ်းရေးက ဒီမိုကရေစီဘက်တော်သား တဦးရဲ့ ဖော်ထုတ်ချက်ဆိုပြီး စစ်တပ်ရဲ့ အာဏာသိမ်းမဲ့အကြံနဲ့ လူထုကို အကြမ်ဖက်နှိမ်နှင်းမဲ့ အစီအစဉ်ဆိုတာကို စာကပ်ထားတာတွေ့မိတယ်။

  • Yin Nint

    September 12, 2010 at 3:43 pm

    ကျွန်တော်ကတော့အဲ့အချိန်တုန်းကနတ်ပြည်မှာတစ်ဖက်မှာ နတ်သမီးဘယ်နှစ်ယောက်မှန်းတောင်မသိပါဘူးဗျာ…… များလွန်းလို့မမှတ်မိတော့ဘူး.. အဲ…အဲ့လိုနတ်သမီးတွေခြံရံပြီးတော့သီကြားမင်းဖြစ်နေတာပေါ့ဗျာ.. အဲ့ဒီအချိန်မှာပဲကျွန်တော်ထိုင်နေတဲ့သင်ဖြူးဖျာကပူပြီးတော့လှုပ်လာတယ်ဗျာ… ပြောရဦးမယ်အဲ့တုန်းကနတ်ပြည်မှာတော်တော်ပူတာဗျ… အဲ့ဒါကြောင့်မို့ကျောက်ဖျာနဲ့ထိုင်လို့မရဘူးဗျာ.. ခုနကဟာပြန်ဆက်ရဦးမယ်.. ဖျာကလှုပ်တော့ကျွန်တော်လည်းအောက်ကိုငုံကြည့်လိုက်တော့…လားလား…. ဘာမြင်ရတယ်မှတ်တုန်း..ဘာမှမမြင်ရဘူး(တိမ်တွေနဲ့ဖုံးနေတော့မမြင်ရဘူးလေ…ဟီး)

  • khunmyat

    September 12, 2010 at 3:58 pm

    အဲ့တုန်းက ကျွန်တော်ကနတ်ပြည်မှာဗျ နတ်သမီးလေးတွေနဲ့ ကဲနေတာ … သိကြားမင်းက လူတွေဆင်းရဲဒုက္ခတွေ .. အငတ်ငတ်အပျက်ပျက်ဖြစ်နေတာတွေ ပြောပြပါတယ် … ကျွန်တော်က နားမထောင်ပဲ လျှောက်ကဲနေလို့ သိကြားမင်းက အပြစ်ပေးတဲ့အနေနဲ့ လူ့ပြည်က မြန်မာနိုင်ငံကို ပို့လိုက်တယ်ဗျာ … 🙁 အဟင့်ဟင့်

  • bigcat

    September 15, 2010 at 2:21 am

    ကွန်မန့်၂
    စစ်တပ်အာဏာမသိမ်းခင် ရက်ပိုင်းအလိုလောက်မှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ လာပြီး လူထုကိုမိန့်ခွန်း ပြောတယ်။ မိန့်ခွန်းအဆုံးမှာ လာနားထောင်သူတွေကို တော်လှန်ရေး ပြီးဆုံးသည်အထိ တိုက်ပွဲဝင်ပါမယ်လို့သစ္စာအဓိဌာန်ပြုခိုင်းတာမှတ်မိတယ်။ အဆက်အသွယ် ကောင်းတဲ့ ကျောင်းသားအချို့ ကရင်နဲ့မွန် လွတ်မြောက် ဒေသတွေကို စတင်ထွက်ခွာနေကြပြီ။ စစ်တပ်ဝင်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် အစောပိုင်းတုံးကလောက် ဆန္ဒပြသူမများတော့ဘူး။

  • bigcat

    September 16, 2010 at 3:30 am

    ကွန်မန့်၃
    ပဲခူးတိုင်းခရိုင်မြို့တမြို့က သပိတ်တပ်ဖွဲ့တဖွဲ့ ကုန်တင်ကားနဲ့ ရောက်လာတယ်။ အဲဒီအချိန်မှာ စစ်တပ်အာဏာ သိမ်းကာနီးရက်တွေဖြစ်လို့ လုံခြုံရေးတွေ ဖရိုဖရဲနဲ့ ရှုပ်ရှက်ခပ်နေချိန်မှာ ဘယ်သူမှ သူတို့ကို ကောင်းကောင်း ဂရုစိုက်နိုင်ပုံမရဘူး။ သူတို့ကို ကျောင်းတကျောင်းမှာ ယာယီတည်းဖို့ပေးတယ်။ မှတ်မိသလောက် သူတို့ညတွင်းချင်း (သို့) ရက်ပိုင်းအတွင်း ပြန်သွားကြတယ်။ သပိတ်ခေါင်းဆောင်က သူတည်းတဲ့ကျောင်းနားက အိမ်တအိမ်ရဲ့ အမျိုးမိုလို့မှတ်မိတယ်။ ……… နောက်အာဏာသိမ်းပြီး ကြံ့ဖွတ်အသင်းတွေစတော့ အဲဒီလူကို ရန်ကုန်မှာပြန်တွေ့တယ်၊ လက်ထဲမှာဝေါ်ကီတော်ကီနဲ့၊ ကြံ့ဖွတ်တံဆိပ်မော်တော်ကားနဲ့ လာတာ။ ခရိုင်ကြံ့ဖွံ့အသင်း အတွင်းရေးမှူးတဲ့။ တတ်လဲတတ်နိုင်ပါပေတယ်။ အခုဆိုသူ့အသက် ၆ဝ ဝန်းကျင်ရှိရောပေါ့။ လွှတ်တော်အမတ်ဝင်ရွေးဖို့ပြင်နေလား၊ စားလို့ဝလို့ အိမ်မှာပဲထိုင် နေပြီလားမသိ။ အကယ်၍ကြုံရင်တော့ သူ့ကိုတခုလောက်မေးချင်ပါတယ်။ တကယ်ပဲ ဒို့အရေးလုပ်ခဲ့ပြီး သူတို့သပိတ်အဖွဲ့ကို ကောင်းကောင်းမဆက်ဆံခဲ့လို့ စိတပျက်ပြီး ဘက်ပြောင်းသွားတာလား၊ အစကထဲက ထောက်လှမ်းရေးကလူလားလို့။

  • char too lan

    September 16, 2010 at 4:43 am

    Dec.85 မှမွေးတာဆိုတော့ဘာမှသိဘူး
    ပီးတော့အဲဒီအချိန်မှာသေမယ်ထင်လောက်အောင်ဖျားနေတယ်လို့
    အမေကပြောပါတယ်..

  • bigcat

    September 17, 2010 at 1:21 am

    ကွန်မန့်၄

    ကျောင်းသူတယောက် ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါတယ်၊ အာဏာသိမ်းပြီးလို့ သူငယ်ချင်းတွေက အရင်တုံးက တက်တက်ကြွကြွ လုပ်ခဲ့ဘူးသူတွေကို ပြန်စုတော့ သူပြန်မပါတော့ဘူး။ ဘာလို့လည်းဆိုတော့ သူ့အဖေ စစ်ဗိုလ်က နယ်မြို့တမြို့မှာ မဝတဥက္ကဌ ဖြစ်သွားလို့တဲ့။

  • mgmingyithar

    September 19, 2010 at 7:32 am

    ကျွန်တော် က နှစ် နှစ် သားဆိုတော့ ဘာမှ မမှတ်မိတာတောင်းပန်ပါတယ်

Leave a Reply