Myanmar DCR Co., Ltd မှ ဝန်ထမ်းရွေးချယ်မှုနှင့်ပတ်သက်သော ရှင်းလင်းပွဲ

manawphyulaySeptember 12, 20101min891

Myanmar DCR Co., Ltd မှ ဝန်ထမ်းရွေးချယ်မှုနှင့်ပတ်သက်သော ရှင်းလင်းပွဲ

ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ.လွန်တက်နေသော ကျောင်းသားကျောင်းသူများ နှင့်
ITနှင့် ဂျပန်စာတွင်စိတ်ဝင်စားသော လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း

Myanmar DCR Co.,Ltd(Yangon)မှ ဝန်ထမ်းရွေးချယ်မှုရှင်းလင်းပွဲကို
အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်သည်၊၊

နေ့ရက် ၂၀၁ဝခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။ (တနင်္ဂနွေနေ့)  ပထမအကြိမ်ရှင်းလင်းပွဲ ၁ဝးဝ၀
မှ ၁၂းဝဝ နာရီ (Reception Time ၉း၃ဝ နာရီ)  ဒုတိယအကြိမ်ရှင်းလင်းပွဲ ၁၄းဝဝ မှ
၁၆းဝဝ နာရီ (Reception Time ၁၃း၃ဝ နာရီ)  နေရာ The Strand Hotel
(၉၂၊ ကမ်းနားလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။)

ပထမအကြိမ် နှင့် ဒုတိယအကြိမ်ရှင်းလင်းပွဲ၏ အကြောင်းအရာများမှာ အတူတူပင်ဖြစ်သည်။

ဂျပန်နိုင်ငံရှိ Daiichi Computer Resources (DCR)ကုမ္ပဏီလီမိတက်သည်
ဝန်ထမ်းဦးရေ ၁၄၀ဝနှင့် ၂၀၀၉ခုနှစ်အတွက်ရောင်းအား 116M$
ရရှိသောအောင်မြင်နေသည့်ကုမ္ပဏီဖြစ်ပါသည်။ DCR Co.,Ltd မှ Myanmar DCR Co.,Ltd
ကို ၁၄.၇.၂၀၀၈ တွင် ရန်ကုန်မြို့၌ ၁၀ဝ ရာခိုင်နှုန်းဂျပန်လူမျိုးပိုင်
ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပါသည်။ ယခုလက်ရှိတွင် ဝန်ထမ်း(၁၇၀)ဦးနှင့်
လုပ်ငန်းလုပ်ဆောင်လျက်ရှိပါသည်။

အဓိကလုပ်ငန်းမှာ ဂျပန်နိုင်ငံမှ System Development လုပ်ငန်းများကို
မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ
ထူးချွန်၍အရည်အချင်းပြည့်မီသော ဝန်ထမ်းကောင်းများ အနေဖြင့်လည်း
နောင်တွင်ဂျပန်-မြန်မာအသွားအပြန်ပြုလုပ်ကာ အလုပ်လုပ်ဆောင်နိုင်မည့်
အခွင့်အရေးများလည်း ရရှိနိုင်မည် ဖြစ်ပါသည်။

၂၀၁၁ခုနှစ်၄လပိုင်းဝန်ထမ်းရွေးချယ်မှုနှင့် ပတ်သက်၍ —-
ကွန်ပျူတာတက္ကသိုလ်(တတိယနှစ်) သို့မဟုတ် Thesis ပြုလုပ်နေသော
ကျောင်းသူကျောင်းသားများ။ ဂျပန်စာနှင့် ကွန်ပျူတာတွင် အတွေ
့အကြုံမရှိသေးသော်လည်း သင်္ချာ၊အင်္ဂလိပ်စာတွင် အခြေခံကောင်း၍ IT တွင်
စိတ်ဝင်စားသော တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားများ နှင့် Thesis
ပြုလုပ်နေသော ကျောင်းသူကျောင်းသားများအတွက် ဝန်ထမ်းရွေးချယ်မှုနှင့်ပတ်သက်သော
ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်သည်။ ကွန်ပျူတာတက္ကသိုလ်(တတိယနှစ်)၊သို့မဟုတ်
Thesis ပြုလုပ်နေသော ကျောင်းသူကျောင်းသားများအား အဓိကထားသော်လည်း ဆေးတက္ကသိုလ်
ကျောင်းသူကျောင်းသားများအတွက် အသက်အရွယ်နှင့် အရည်အချင်းကိုလိုက်၍
အထူးစဉ်းစားပေးမှုများ ရှိသည်။

ယခုရှင်းလင်းပွဲတွင် ရန်ကုန်ရှိကျော်ကြားသော ဂျပန်စာသင်ကျောင်းများဖြစ်သည့် Win
Japanese Language School နှင့် Momiji Japanese Language Centerတို့မှလည်း
ပူးပေါင်းပါဝင်မည်ဖြစ်သည်။

ခန့်အပ်မည့်ဝန်ထမ်းနှင့်ပက်သက်၍

လျှောက်ထားသူအတွက် သတ်မှတ်ထားသော အချက်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

– Japan ဘာသာစကားနှင့် IT တွင်စိတ်ဝင်စားပြီး Programmer/System Analyst/IT
Consultant အဖြစ်အလုပ်လုပ်ကိုင်ချင်သူ၊
ဂျပန်စီးပွားရေးကိုစိတ်ဝင်စားသူ
– မည်သည့်တက္ကသိုလ်မှမဆို ဘွဲ့ရပြီးသူ (သို့) 2011 April တွင်
ကျောင်းပြီးမည့်သူ
– Master ကျောင်းသားကျောင်းသူများအနေဖြင့် 2011 April တွင် Thesis
ပြီးဆုံးမည့်သူ
– အသက်အကန့်အသတ်အနေဖြင့်2011 March 31 တွင် ၂၃ နှစ်မပြည့်သေးသူ (ဆေးတက္ကသိုလ်
ကျောင်းသားကျောင်းသူများ -၂၅ နှစ်မပြည့်သေးသူ)
– တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊
ရူပဗေဒ၊ဇီဝဗေဒဘာသာရပ်များမှ အနည်းဆုံးဂုဏ်ထူး(၂)ခု ရရှိသူ
– ယခင်နှစ်များ(၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀)တွင် Myanmar DCR မှကျင်းပခဲ့သော
ဝန်ထမ်းရွေးချယ်ပွဲများတွင် ဝင်ရောက်ဖြေဆိုဖူးခြင်း မရှိသောသူ
– အခြား company တွင် လက်ရှိအလုပ်လုပ်ကိုင်နေခြင်းမရှိသူ

(ရှင်းလင်းပွဲသို့တက်ရောက်ရန် လူဦးရေကန့်သတ်ထားပါသဖြင့် လျောက်ထားသူသာတက်ရောက်ရန်ဖြစ်ပါသည်။)

ရှင်းလင်းပွဲတက်ရောက်ရာတွင် ယူဆောင်လာရမည့်စာရွက်စာတမ်းများ
-မှတ်ပုံတင်ကတ် မူရင်းနှင့်မိတ္တူ
-တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ
-တက္ကသိုလ်ဝင်တန်းအမှတ်စာရင်း မိတ္တူ
(ဝန်ထမ်းရွေးချယ်မှုတွင် အသက်အကန့်အသတ်ရှိပါသဖြင့် မပျက်မကွက်ယူဆောင်လာပါရန်)

*ကန့်သတ်ချက်များနှင့် ကိုက်ညီမှုမရှိဘဲ ဝန်ထမ်းအဖြစ် ဝင်ရောက်ကြောင်း
သိရှိလျှင် ဝန်ထမ်းအဖြစ်မှ ချက်ချင်း ရပ်ဆိုင်းမည် ဖြစ်ပါသည်။

ရှင်းလင်းပွဲသို့တက်ရောက်ရန် လူဦးရေကန့်သတ်ထားပါသဖြင့်အောက်ဖော်ပြပါလိပ်စာတွင်
၁၃.၉.၂၀၁ဝမှ ၁၆.၉.၂၀၁ဝအတွင်း လူကိုယ်တိုင်လာရောက်၍
ကြိုတင်စာရင်းပေးသွင်းကြပါရန်။

Myanmar DCR Co., Ltd.
Room-408(B), 4th Floor, Yuzana Tower,
No.69, Shwe Gone Daing Road, Bahan Township,
Yangon, Myanmar.
PHONE: 558229 (Registration Form အားကုမ္ပဏီတွင်သာ လက်ခံမည်)
စာရင်းလက်ခံချိန် ။ ။ ၉းဝဝ မှ ၁၁း၃ဝ နာရီ
၁၃း၃ဝ မှ ၁၆းဝဝ နာရီ

One comment

  • Team X

    September 13, 2010 at 5:27 am

    သိပ်ကောင်းတဲ့ သတင်းပါပဲဗျာ။ ဒါဟာ မြန်မာလူငယ် programmer တွေအတွက်တော့ အခွင့်အလမ်းကောင်းတစ်ခု ပာပဲ။ နောက်တစ်ချက်ကတော့ သူပြောသလိုပဲ ဆိုယင်တော့ ဒာဟာ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးတစ်ရပ်ပာပဲ။

Leave a Reply