ကျနော်တွေ့ဘူးသမျှ လက္ခဏာပုံစံတွေထဲမှာ တော်တော်ထူးခြားတဲ့ ပုံစံဖြစ်နေတာမို့ ပုံဆွဲပြီးတင်ပြလိုက်တာပါ .. အနီးစပ်ဆုံးအရေးကြီးတဲ့အမှတ်အသားတွေပါအောင်
ကြိုးစားပြီးဆွဲပြထားပါတယ် .. ၀ါသနာပါသူများရှိရင် လေ့လာကြည့်နိုင်အောင်ပါ .. ဒီလက္ခဏာပိုင်ရှင်ကို ခွင့်တောင်းပြီးမှ ပုံတူဆွဲတာပါ .. ရန်ကုန်မှာနာမယ်ကြီးဆရာများရှိ
ပေမဲ့ ဈေးကလည်း အနဲဆုံး သောင်း၈ဏန်းမို့ … ၀ါသနာရှင်များရှိရင် ကူညီဆွေးနွေးပေးကြပါ …

ဒီလက်ပိုင်ရှင်ရဲ့အဓိကထူးခြားချက်ကတော့ …. အပျော်တန်းဖဲကစားကြရင် ဖဲချပ်တွေကို မှောက်ထားပေမဲ့ ဘယ်ဖဲဆိုတာကို ပြောနိုင်ပါတယ်။ .. ပြီးတော့ နယ်ဘယ်လောက်ခြားခြား … အဲဒီလူဘာလုပ်နေသလဲဆိုတာကို မေး၇င်ပြောပြနိုင်ပါတယ် … ဒါပေမဲ့သူ့ကိုမေးရင် သူစိတ်ပါတဲ့ အခါမှသာ ပြောနိုင်ပါတယ်။ ..

တခါတခါ သူနဲ့ထိုင်ပြီးစကားပြောနေ၇င်း မျက်စိလေးမှိတ်ထားပြီး … အသိထဲက ဘယ်သူ့ဆီသွားပြမယ်ဆိုပြီးပြောပါတယ်။ … ဥပမာ မောင်ကျော်ဆီ သွားပြမယ်ဆိုပါတော့
မောင်ကျော်က တခြား၇ပ်ကွက်မှာနေတာပါ … နောက်နေ့မောင်ကျော်နဲ့တွေ့၇င် မင်းသူငယ်ချင်း ကိုတွေ့လိုက်တယ်ကွဆိုပြီးပြောပါတယ်။ …အဲဒီလိုမျိုးပေါ့ …..

သူကအပျော်တန်းဘဲ လုပ်ပြပါတယ် … ကျနော်အကြမ်းဖျဉ်းလောက်ဘဲပြောပြတာပါ ..ဒါ့ထက်ထူးခြားတာတွေ ရှိပါသေးတယ် … သူ့လက္ခဏာကိုကြည့်ရအောင် ….ဘာကြောင့်လဲ .. ဘယ်အမှတ်အသားကြောင့်လဲ …..

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.