တက္ကသိုလ်အချို့မှာ အယောင်ဆောင် ငွေလိမ်တောင်းမှု အတွေ့များလာ

klnSeptember 13, 20101min1012

တက္ကသိုလ်ကျောင်းတစ်ချို့မှာ ကျောင်းသားကျောင်းသူအယောင်ဆောင်ပြီး ငွေလိမ်တောင်းတဲ့ဖြစ်ရပ်အချို့ သည်နှစ်လ၊ သုံးလအတွင်း ပိုမိုအဖြစ်များလာတယ်လို့ ဆိုပါတယ်။ သည်လိုငွေလိမ်လည်တောင်းတဲ့အခါ ပေးမယ့်သူက ပေးချင်သလောက် ပေးလို့မရဘူး။ သူတို့တောင်းသလောက် မပေးရင်တောင် စိတ်ဆိုးကြတယ်လို့ ပထမနှစ်ကျောင်းသားတစ်ဦးက သူ့အတွေ့အကြုံကို ပြောပါတယ်။ တောင်ဒဂုံမှ ဒုတိယနှစ်ကျောင်းသူ မသင်းသင်းက “ သူငယ်ချင်းတွေကို စောင့်နေတုန်း အသက် ၂၅နှစ်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦး ပိုက်ဆံလာတောင်းတယ်၊ သူ့သူငယ်ချင်းတွေနဲ့ သည်ကျောင်းကိုလာလည်ရင်း လူစုကွဲသွားလို့တဲ့၊ အဲဒါလမ်းစရိတ်မရှိတော့လို့ ပြန်စရာလမ်းစရိတ်ပေးပါဆိုတာနဲ့ ငါးရာပေးလိုက်တယ်၊ အဲဒါကို သူက ပြန်ရမှာဝေးလို့ မလောက်တဲ့အတွက် ကျပ် ၂၅၀ဝ လောက်ပေးပါလို့ ပြောတယ်၊ အဲဒီမှာ ညီမလည်း သိပ်မသင်္ကာတော့ဘဲ ရှိတာပေးတာ မလိုချင်ရင် ပြန်ပေးလို့ပြောလိုက်မှ ထွက်သွားတယ် ” လို့ ပြောပြခဲ့သည်။

2 comments

  • etone

    September 13, 2010 at 8:17 am

    ကောင်းရောင်းကောင်းဝယ်လုပ်မစားချင်ကြဘူး ။ တောင်နည်းပေါင်းမျိုးစုံနဲ့ သူများ ပိုက်ဆံ အလကားလိုချင်နေကြတယ် ။ စိတ်ဓါတ်တွေကိုပြင်ပါမှပဲဖြစ်တော့မယ် … နောင်လာနောက်သားတွေ အတွက်တော့ရင်လေးတယ် ။ လူတိုင်းကလည်း အယုံမလွယ်ကြပါတယ် ။ သနားတဲ့စိတ်ကို အခြေခံပြီးလိမ်တာတွေကြားကြားနေရလွန်းလို့ပါ ။

  • kopauk mandalay

    September 13, 2010 at 3:49 pm

    အဲဒီလိုလာတောင်းတဲ့သူတွေက မသနားဘဲခပ်ပြတ်ပြတ်လေးငြင်းတဲ့အကျင့်ကိုလုပ်ထားမှ အဆင်ပြေမှာနော်။
    အားနာလို့ သနားလို့ ကြောက်လို့ ထဲက တစ်ခုခုနဲ့ညိသွားလို့ ပေးလို်က်ရင်ထပ်ခါထပ်ခါလာနေမှာနော်။

Leave a Reply