မဲဆောက် အထည်ချုပ်စက်ရုံ မီးလောင် မှုကြောင့် မြန်မာအလုပ်သမားတို ့အခက်တွေ ့

etoneSeptember 13, 20102min743
Quantcast

// <![CDATA[//
PDRTJS_settings_894279_post_11893={“id”:894279,”unique_id”:”wp-post-11893″,”title”:”\u1019\u1032\u1031\u1006\u102c\u1000\u1039 \u1021\u1011\u100a\u1039\u1001\u103a\u1033\u1015\u1039\u1005\u1000\u1039\u101b\u1036\u102f \u1019\u102e\u1038\u1031\u101c\u102c\u1004\u1039 \u1019\u1088\u1031\u107e\u1000\u102c\u1004\u1039\u1037 \u103b\u1019\u1014\u1039\u1019\u102c\u1021\u101c\u102f\u1015\u1039\u101e\u1019\u102c\u1038\u1010\u102d\u102f \u1037\u1021\u1001\u1000\u1039\u1031\u1010\u103c \u1037″,”permalink”:”http:\/\/freedomnewsgroup.com\/2010\/09\/13\/%e1%80%99%e1%80%b2%e1%80%b1%e1%80%86%e1%80%ac%e1%80%80%e1%80%b9-%e1%80%a1%e1%80%91%e1%80%8a%e1%80%b9%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%85%e1%80%80%e1%80%b9%e1%80%9b%e1%80%b6%e1%80%af\/”,”item_id”:”_post_11893″}
//မဲဆောက်မြို့ ဘတ်ဆောင်ခွဲ အရပ်ရှိ အိုမီဂါ
အထည်ချုပ်စက်ရုံတွင် ယနေ့နံနက် ၄ နာရီ
ဝန်းကျင်ခန့်မှစတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား
ခဲ့သည်။မီးလောင် ကျွမ်းသည့် စက်ရုံမှာ မြန်မာ
ရွှေ့ပြောင်း အလုပ်သမား အများစု အလုပ် နေသည့်
စက်ရုံဖြစ်သည်။ စက်ရုံတွင် အလုပ်လုပ်နေသည့်
မြန်မာ အလုပ်သမားများမှာမီးလောင်ကျွမ်းမှု ကြောင့်
စက်ရုံ ရပ်နားလျှင် အလုပ်အအကိုင် များ ဆုံးရှုံးမည်
ကို စိုးရိမ်နေကြသည်။

မီးလောင် ကျွမ်းမှု ဖြစ်ပြီးနောက် အထည်ချုပ် စက်ရုံ ကို ဤသို ့တွေ ့ရသည်။

မီးစတင်လောင်ကျွမ်းမှု အကြောင်းရင်းကို အတိအကျမသိရသေးဟု မဲဆောက် ရဲမှုးကြီး ကပြောသည်။
၄ နာရီ ၁၅ မိနစ်ခန့်တွင် စက်ရုံမီးလောင်နေသောအဆောက်အဦအတွင်းတွင် ပိတ်ဖြတ်ခုံအမှတ် ၁ဝနှင့်
၁၁ ကြားရှိ ပိတ်အုပ်များကို မီးလောင်ရာမှ စတင်သိရှိခဲ့ကြခြင်းဖြစ်ပြီး စက်ရုံကြီးတစ်ရုံလုံးနီးပါး မီးလောင်
ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်း မှု ကြောင့် စက်ရုံတစ်ခု လုံး ဆုံးရရှုံးခဲ့ရသည့် မဲဆောက် ရှိ အိုမီဂါ အထည်ချုပ် စက်ရုံ

နံနက် ၈နာရီခွဲတွင် မီးသတ်ကားများ စက်ရုံအလုပ်သမားများ ဝိုင်းဝန်းမီးငြိမ်းသတ်မှုကြောင့်
မီးငြိမ်းသွားခဲ့သည်။ မီးလောင်ကျွမ်းတွင် အလုပ်သမားအချို ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း သေဆုံးသူမ
ရှိဟု သိရသည်။ မီးလောင်မှုကြောင့် ဘတ်သန်း ၅ဝကျော်ဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု စက်ရုံတာဝန်ခံများမှ
Freedom News Group ကို ပြောပြသဖြင့် သိရှိရသည်။

နောက်ဆုံး ရရှိ သော သတင်းများ အရ အလုပ်သမား များ ကို ရ ရက် လစာငွေ ပေးပြီး အလုပ် မှ ရပ်နားထား
သည် ဟု Freedom News မှသတင်း ရရှိသည်။

3 comments

  • ဆူး

    September 13, 2010 at 9:34 am

    တော်သေးတယ် လူတွေ ဘာမှ မဖြစ်တာ လိုက်ဖမ်းလို့ ဒုက္ခရောက်နေရတဲ့ အထဲမှာမှ တပူပေါ် နှစ်ပူဆင့်ဆိုတာ ဒါမျိုးဘဲနေမှာ သနားပါတယ်

  • michaelaungpu

    September 13, 2010 at 10:27 am

    ဘာဘဲဖြစ်ဖြစ် မီးလောင်တယ်ဆိုတော့ ဘယ်ကောင်းမလဲနော်
    အပြင်မီးလောင်တာတွေကိုရေနဲ ့ငြိမ်းကြသလို မိမိတို ့စိတ်ထည်းမှာလောင်နေတဲ့အတွင်းမီးတွေကိုသတိတရားတွေနဲ ့ ငြိမ်းကြပါကုန်

  • Gong Zhu

    September 14, 2010 at 10:20 pm

    မီးတွေကလည်းတော်တော်လောင်ကြတယ်နော် . . . ရန်ကုန်က မင်္ဂလာဈေးလောင်တုန်းကလည်းကြောက်စရာကြီးနော် . . .

Leave a Reply