ရွှေစင့် စပွန်ဆာ ဘယ်သူပေး

cobraSeptember 13, 20101min17412

လက်ရှိ ဝင်ငွေထက် ငွေကြေးသုံးစွဲမှု များနေသည့် တက်သစ်စ မော်ဒယ်လ်ရွှေစင်ကို
ပြည်တွင်းဂျာနယ် များနှင့် အနုပညာ အသိုင်းအဝန်းတွင် ဝေဖန် ပြောဆိုနေကြပြီး
မည်သည့်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်နှင့် ငြိစွန်းနေသည်ကိုလည်း သိချင်
နေကြသည်။

[image: shwe-sinn01]“ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀
ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေ တယ်။ Branded တွေကိုပဲ
setလိုက် ဝယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။
ဈေးတခါဝယ်ရင် ဒေါ်လာ ၉ သောင်း နဲ့ ၁ သိန်းကြား သုံးဖြစ်ပါတယ်” ဟု မော်ဒယ်လ်
ရွှေစင်က  ဩဂုတ်လ ၁၉ ရက်နေ့ထုတ် 7 day  ဈေးဝယ်လမ်းညွှန် ဂျာနယ်တွင်
ဖြေဆိုထားသည်။
သူ၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ဩဂုတ်လအတွင်း ဖြန့်ချိခဲ့သည့် The Crime
ဂျာနယ်နှင့် အင်တာဗျူးတွင်လည်း  “ဒီကိုလာစတုန်းက မာ့ခ်တူး အလုံးလေးတွေကို
သဘောကျနေတဲ့ အချိန်ဆိုတော့ မာ့ခ်တူး ဝယ်ဖြစ်တယ်။ ရှုတင်သွားရင် ပစ္စည်းက
အရမ်းများတော့ တစီးတည်းနဲ့ အဆင်မပြေဘူး။ ဒါနဲ့ နောက်တစီး ဝယ်မယ်ဆိုပြီး
စဉ်းစားလိုက်တော့ အဲဒီအချိန်မှာ မာစီဒီးကို အရမ်းကြိုက်နေတာနဲ့ မာစီဒီးပဲ
ဝယ်ဖြစ်သွားတယ်။ နောက်တစီးက စီလီယာ တူးဒိုးလေး။ ပြိုင်ကား ဒီဇိုင်းလေး ဆိုတော့
ညနေပိုင်း အရမ်းပင်ပမ်းနေရင် အမိုးလေးဖွင့်ပြီး စိတ်ပြေလက်ပျောက် မောင်းဖို့
ဝယ်လိုက်တယ်” ဟု ဖြေဆိုခဲ့သည်။

မော်ဒယ်လ်ရွှေစင်သည် မန္တလေးသူတဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် တွင် ကျင်းပခဲ့သော Step
Fashion Boy & Girl Model & Photo Contest 2009 တွင် ဝင် ရောက် ယှဉ်ပြိုင်ရာမှ
ဆုရရှိခဲ့ပြီး အနုပညာလောကသို့ စတင် ဝင်ရောက်လာသူဖြစ်သည်။ဂျာနယ်နှင်

့ မဂ္ဂဇင်း
စာမျက်နှာများပေါ်တွင် အထက်ပါအတိုင်း ဖြေကြားခဲ့ပြီးနောက် ဝေဖန်ပြောဆိုမှုများ
ပြင်းပြင်းထန်ထန် ပေါ်ထွက်လာခဲ့သည့်အပြင် တက်သစ်စ မော်ဒယ်လ်တဦးအနေနှင့်
ယခုကဲ့သို့ သုံးစွဲနိုင်ခြင်းကြောင့် မြန်မာနိုင်ငံမှ မော်ဒယ်လ်များ၊
သရုပ်ဆောင်များ ဝင်ငွေ ကောင်းနေပြီလား ဟု Weekly Eleven ဂျာနယ်တွင်
ရေးသားထားသည်ကိုလည်း တွေ့ရသည်။

Weekly Eleven ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးက “ တိုင်းပြည်က
ဆင်းရဲနေတယ်။ တိုင်းပြည်မှာရှိတဲ့ လူတော်တော် များများက ငွေကို ဒီလောက်အထိ
မသုံးနိုင်ဘူး။ လူတော်တော်များများက တနေ့စာ တနေ့ကို အနိုင်နိုင် ရှာဖွေနေရတဲ့
အချိန်မှာ ဒီလိုစကားမျိုး ပြောတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ကြွားပဲပြောပြော၊
ဘာပဲပြောပြော ရေးသားဖော်ပြတဲ့လူက နောက်ကွယ်က အကြောင်းကို သိကို သိမှရမယ်။
မြန်မာနိုင်ငံရဲ့ သရုပ်ဆောင် မော်ဒယ်လ်လောက ရဲ့အခြေအနေကို အားလုံးသိပြီးသားပါ”
ဟု ယင်းဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။

“တက်သစ်စ မော်ဒယ်လ်တယောက်က  မြန်မာငွေ သိန်း ဆယ်ဂဏန်းတောင် သုံးဖို့ဆိုတာ
မလွယ်သေးပါဘူး။ ဒီအခြေ အနေမှာ သူ့အနေနဲ့ ဒီလောက်သုံးနေတယ် ဆိုတာတွေ ဖြေထားတော့
ဒီဝင်ငွေက ဘယ်ကရနေလည်း ဆိုတာ လူစိတ်ဝင်စားစရာ ပို ဖြစ်လာစေတယ်” ဟု နာမည်ကြီး
ဓာတ်ပုံဆရာ တဦးက ပြောသည်။မြန်မာပြည် အနုပညာလောကတွင် ရုပ်ရည်ချောမောသည့်
အနုပညာရှင်သစ်များ ပေါ်ထွက်လာပါက ငွေကြေးထောက်ပံ့မည့် စီးပွားရေး လုပ်ငန်းရှင်
(စပွန်ဆာ) ကြီးများ ပေါ်ထွက်လာတတ်သည်။
[image: shwe-sinn02]“နာမည်ကြီးပြီး ရုပ်ချောတဲ့ မော်ဒယ်လ်တို့၊ မင်းသမီးတို့
ပေါ်လာပြီဆို ငွေတတ်နိုင်တဲ့ စီးပွားရေးသမားတွေက အရင် လာ ကြတာ။ ဒီလောကထဲ စဝင်တာ
အချိန်ဘယ်လောက်မှ မရှိသေးဘူး၊ ငွေတွေ ဒီလောက် သုံးနေတယ်ဆိုတော့ တော်ရုံ
စီးပွားရေး လုပ်ငန်းရှင်တော့ မဟုတ်ဘူး။ ဒါကြောင့် အချိန် ခဏအတွင်းမှာ
ငွေသုံးတာက အစ၊ ဖုန်းဆိုလည်း တော်ရုံ ဝယ်လို့မရတဲ့ ဟာမျိုးတွေ ဝယ်ပေးထားတာလို့
သိရတယ်” ဟု ပြည်တွင်း ဂျာနယ်လောကမှ ဝါရင့်သတင်းထောက်တဦးက ဆိုသည်။

မော်ဒယ်လ်ရွှေစင်သည် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦး၏
ငွေကြေးထောက်ပံ့မှုကို ခံနေရကြောင်းပြည်တွင်း ဂျာနယ်လောကမှ သတင်းထောက်တဦးက
ဆိုသည်။  “မော်ဒယ်လောက ဆိုတာလည်း သိတဲ့အတိုင်း အကပ်မရှိရင် ပေါက်ဖို့ မလွယ်ဘူး။
ပိုက်ဆံ မရှိရင် လုပ်ဖို့မလွယ်ဘူး။ အေဂျင်စီနဲ့ ချိတ်ထားလို့ ကိုယ့်ကိုခေါ်ရင်
သောင်းဂဏန်းလောက်တော့ ရတာပေါ့။  ဒါကြောင့်လည်း ထောက်ပံ့ပေးမယ့် လူတွေ ရှာကြတာ”
ဟု မိတ်ကပ်လိမ်းသည့် အလှဖန်တီးရှင် တဦးက ပြောသည်။

“မော်ဒယ်လ်လောကမှာ ရှိတဲ့ လူတိုင်းကိုတော့ ဒီလို လုပ်စားနေတယ်လို့
မပြောချင်ပါဘူး။ အနုပညာကို စိတ်ဝင်စားပြီး မော်ဒယ်လ် လောကထဲ ဝင်လာတဲ့သူတွေ
ရှိပါတယ်။ ခက်တာက မြန်မာပြည် မော်ဒယ်လ် ဈေးကွက်ကလည်း နိုင်ငံတကာလောက်
မကျယ်ပြန့်ဘူး။ ရတဲ့ ငွေကြေးနည်းတယ်။ ပွဲတခုမှာ ပါမယ်ဆို ကိုယ်ကတောင်
ပြန်စိုက်ရမယ့် အနေအထားတွေ ရှိနေတော့ ငွေချမ်းသာတဲ့ သူတွေရှာပြီး
ပျက်စီးကြတာများတယ်” ဟု နာမည်ကြီး မော်ဒယ်လ်အေဂျင်စီမှ တာဝန်ရှိသူတဦးက
ပြောသည်။

မှတ်ချက်။။ ပုံကို အယ်ဒီတာမှ ပြန်ထည့်ပေးထားသည်။ ဓါတ်ပုံမူပိုင်အမည်ရှာမတွေ့ပါ။

12 comments

  • angwei

    September 13, 2010 at 9:41 am

    မြန်မာပြည်က မော်ဒယ်လောက ကတော့ တစ်ကယ့်ကို ပျက်စီးနေတာ ကြာပါပြီ..။
    ပြောရရင် ကြေးကြီး ဖာလောကလို့တောင် ပြောရမလိုပါပဲ..။ ရွှေစင်ရဲ့ စပွန်ဆာက နှစ်ယောက်လို့ကြားမိပါတယ်။
    တစ်ယောက် တေဇ ဖြစ်ပြီး နောက်တစ်ယောက်က မသိပါဘူး..။

  • ဆူး

    September 13, 2010 at 9:53 am

    သူပုံလေးလည်း တင်ပေးပါအုန်း မမြင်ဘူးလို့

  • michaelaungpu

    September 13, 2010 at 9:56 am

    ကြွားပဲပြောပြော၊ဘာပဲပြောပြော ရေးသားဖော်ပြတဲ့လူက နောက်ကွယ်က အကြောင်းကို သိကို သိမှရမယ်။
    သူ ့ဘာသာ အင်တာဗျုးမှာ လွှတ်နေတာ တွေကို ရော(ဆိုလိုတာက ကားတွေ ညာတွေ ဘာတွေ) တစ်ကယ်ရှိတယ်ဆိုတာကရော အမှန်အကန်လား
    လွှတ်နေတာကသူ ရမ်းနေတာက ကိုယ်ဖြစ်နေပါဦးမယ် မောင်တို ့ရာ
    ငါ့ဝမ်းပူဆာ မနေသာဆိုလား
    သူလည်းရှာဖွေစားသောက်တာပေါ့ဗျာ
    တေဇ
    ဆိုတာကြီးက
    ငါ့ဂျီးတော်ကြီးကိုများ လာကြိုက်လို ့ကတော့
    ဟင်းးးးးးးးးးးးးးးးးးးးးး

  • kyansitthar101

    September 13, 2010 at 11:00 am

    ဟ တော်တော် ချမ်းသာတဲ့ သူ ဘဲ ဖြစ်မယ်
    တော်ရုံတန်ရုံ ချမ်းသာ တဲ့ အဆင့် လောက်နဲ့ တော့ ဖြစ်မယ်မထင်ဘူး
    စိတ်ဝင်စားဖို့ ကောင်းနေပြီ

  • char too lan

    September 13, 2010 at 11:22 am

    “ တိုင်းပြည်က
    ဆင်းရဲနေတယ်။ တိုင်းပြည်မှာရှိတဲ့ လူတော်တော် များများက ငွေကို ဒီလောက်အထိ
    မသုံးနိုင်ဘူး။ လူတော်တော်များများက တနေ့စာ တနေ့ကို အနိုင်နိုင် ရှာဖွေနေရတဲ့
    အချိန်မှာ ဒီလိုစကားမျိုး ပြောတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။………….

    ဘာနိုင်ငံ က
    ဘာ့ကြောင့်…
    ဘယ်လိုတွေဖြစ်နေတာလဲ ????
    တွေးစရာပါ…

  • kounglay

    September 13, 2010 at 11:32 am

    ရွှေစင် ့ကိုဘယ်ပေးပေးမပေးပေး
    ကိုယ် ့ဗိုက်ကိုစပွန်စာပေးနိုင်ဖို ့ပဲ
    အဓိကလို ့ထင်ပါတယ်…………..

  • laminwaiacg

    September 13, 2010 at 1:57 pm

    အင်း —————အခုမောှဒယ်လောကကြီးကလဲ ကြိုက်ကုန်း။ ပေးကုန်း လောကကြီးကိုဖြစ်နေပာပော့လား

  • babyshan

    September 13, 2010 at 2:09 pm

    အော် ကကတွေ ကကတွေ သွားမပါရင်နေ ကားပါရင် ပြီးတာပဲလေ။ နိုင်ငံကဖြင် ့ဆင်းရဲနေပါတယ် သူကတော့ သုံးဖြုံးနေလိုက်တာ။ ဟူး တကယ်မလွယ်ပါဘူးဗျာ။

  • kai

    September 13, 2010 at 11:06 pm

    Louis Vuitton LV Gold Diamond Cell Phone ဈေးက အဲဒီလောက်များတယ်တော့မထင်မိဘူး။
    ဒေါ်လာ နဲ့ဆို..၃သောင်းခွဲကျော်နေတာကိုး..။ အကြွားလွန်သွားသလား..။ သူ့စပွန်ဆာက ညာချသွားသလားပဲ..။
    ဒါမှမဟုတ်..ချစ်သက်လက်ဆောင်..ဘလူးဒိုင်းမွန်းတလုံးအပိုတွဲပေးလိုက်တယ်နဲ့တူတယ်..။ 🙂
    http://www.luxphoneworld.com/luxury-mobile-phone/louis-vuitton-mobile-phone.html?mode=list

    • ဆူး

      September 15, 2010 at 12:38 pm

      တို့များတောသူတွေ ဒီလို လင့်ပေးမှဘဲ မြင်ဘူး ကြည့်ဘူးတော့တယ် အဲဒီမှာတောင် ၅၀ဝ တောင်မပြည့်ပါလား။ အရှာအဖွေ ညံလို့လားမသိဘူး။ ဖြစ်တော့ ဖြစ်နိုင်တယ် ဘလူဒိုင်းမွန်း ဖြစ်ရမယ်။ ဘလူး ဒိုင်းမွန်းဆိုလို့ ပုဂံခေတ်က ကျိမ်စာသင့်တဲ့ စိန်ပြာကြီးကို သတိရတယ် ဟီးဟီး.. အဲဒီ စိန်ပြာကြီးကတော့ နာမည်ကြီးတယ်နော် အခု သူလက်ထဲမှာ ရောက်နေလား မသိဘူး

  • Gong Zhu

    September 14, 2010 at 9:19 pm

    ခု သူ့ကို ထောက်လှမ်းရေးတွေလိုက်နေကြတယ်လို့ ပြောသံကြားတယ် ဟုတ်လားတော့မသိဘူး . . .

  • doekalay

    September 16, 2010 at 5:11 am

    ကျွန်တော်တို ့ကတော ့သူကိုစိတ်မဝင်စားပါဘူးဘာလို ့လဲဆိုတော ့သူပြုထားတဲ့ ့ကံကြောင် ့သူပြန်ခံစားနေရတယ်လို ့တော ့ထင်တာပဲ……ကံဆိုတာကတော ့အမြဲတမ်းကြီးတော ့မကောင်းနိုင်ဘူးဆိုတာတော့သိထားသင် ့တယ်နော်…….မြန်မာပြည်မှာထမင်းနပ်မှန်အောင်မစားနိုင်တဲ ့သူတွေအများကြီးရှိနေတယ်ဆိုတာသူကောသိပါလေစ……..ရွှေစင်…….. ်ရေငါဘယ်နေရောမှာဘယ်လိုအလုူလုပ်လိုက်တာဘယ်လောက်ပီတိဖြစ်ရမလဲဆိုတဲ ့သတင်းသာပြည်သူလူထုကြီးသာသိသွားမယ်ဆိုရင်မင်းကိုချီးကျုးကျမှာ………ခုကျတော ့ငါ ့အတွက်ပဲသိတဲ ့သူဆိုတော ့လုံးဝအထင်ကြီးစရာမရှိဘူးလေ

Leave a Reply