ရှရှားလုပ် စစ်သုံးရဟတ်ယာဉ် အစီး ၅ဝ မြန်မာ့ လေတပ်ဝယ်ယူ

cobraSeptember 13, 20101min461

မြန်မာ့ လေတပ် အတွက် ရှရှား မှ Mi-24 စစ်သုံး ရဟတ်ယာဉ် အစီး ၅ဝ နှင့်

Mi-2 သယ်ပို့ ရဟတ်ယာဉ် ၁၂ စီး ဝယ်ယူ လိုက်ကြောင်း လေတပ် အသိုင်းအဝန်းမှ

သိရသည်။

စစ်အစိုးရအနေဖြင့် တပ်မတော် (လေ) အတွက် Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်များ
ဝယ်ယူခြင်းမှာ ယခုအကြိမ် သည် ပထမဆုံး ဖြစ်သည်။

Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ် အစီး ၅ဝ နဲ့ Mi-2 ရဟတ်ယာဉ် တဒါဇင်

ရှရှားကနေ ဝယ်လိုက်ပါတယ်။ မိတ္ထီလာ ပျံသန်း လေ့ကျင့်ရေး အခြေစိုက်စခန်းမှာ

အခု အစိတ်အပိုင်းတွေ တပ်ဆင်နေပါပြီ”ဟု လေတပ်နှင့် နီးစပ်သူတဦးက

ဧရာဝတီသို့ ပြော သည်။

“ရဟတ်ယာဉ်တွေ တပ်ဆင်မှု အပြီးသတ်ရင် တပ်ဖွဲ့ လေးဖွဲ့ကို ခွဲပြီး

ချပေးမှာပါ။ အဲဒီ ရဟတ်ယာဉ်တွေကိုရမယ့် တပ်ဖွဲ့ လေးဖွဲ့ ထဲက နှစ်ဖွဲ့ကတော့

မကွေး လေတပ် အခြေစိုက်စခန်းနဲ့ အေလာ လေတပ် အခြေစိုက် စခန်းတွေပါ”ဟု ၎င်းက

ဆက်လက် ပြောသည်။

လက်ရှိ မြန်မာ့ လေတပ် အခြေစိုက်စခန်း ၁၅ ခုရှိသည်။ နေပြည်တော်ခရိုင်၊

လယ်ဝေးမြို့နယ်ရှိ အေလာ လေတပ် စခန်းသည် နောက်အကျဆုံး ဖွင့်လှစ်သည့်

စခန်းသစ်ဖြစ်ပြီး ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ပြည်တွင်းနှင့်

နိုင်ငံတကာမှ အစိုးရ အရာရှိများ လိုက်ပါလာသည့် လေယာဉ်များ

ဆင်းသက်လေ့ရှိကြောင်း သိရသည်။

မြန်မာ့လေတပ်ကို ခေတ်မီသည့် လေတပ်အဖြစ် အဆင့်မြှင့်တင်ရန် လေတပ်

ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက

ရှရှားနိုင်ငံနှင့် ညှိနှိုင်းပြီး တနှစ်အကြာတွင် ဤ စစ်သုံး ရဟတ်ယာဉ်များ

ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်း စစ်သုံးရဟတ်ယာဉ်များမှာ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများ ထိန်းချုပ်ရာတွင်

ခြေလျင်တပ်များကို အထောက်အပံ့ပေးရန် လေကြောင်းစစ်ဆင်ရေးအတွက်

အားဖြည့်ခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောဆိုသည်။

“Mi-24 ရဟတ်ယာဉ်တွေ ဝယ်တဲ့ အဓိက အကြောင်းကတော့ တိုင်းရင်းသား

လက်နက်ကိုင် တပ်ဖွဲ့တွေကို နှိမ်နင်းဖို့ပါပဲ”ဟု  လေတပ်နှင့်

နီးစပ်သူကလည်း ပြောသည်။

မြန်မာ့လေတပ်သည် ၁၉၅၆ ခုနှစ်တွင် ကာဝါစကီ

ဘဲလ် 47G ရဟတ်ယာဉ် ၆ စီးကို ဂျပန်မှ ဝယ်ယူခဲ့သည်။ ၁၉၇၅ ခုနှစ်တွင်

မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အစီအစဉ်အတွက် အမေရိကန်မှ ဘဲလ် 205A-1

ရဟတ်ယာဉ် ၁၈ စီး ထောက်ပံ့ ပေး အပ် ခဲ့သည်။ ထို့နောက်ပိုင်း အဆင့်ထပ်မံ

မြှင့်တင်နိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် စစ်အစိုးရသည် ရဟတ်ယာဉ် အစီး ၇ဝ ခန့် ထပ်မံ ဝယ်ယူခဲ့ပြီး

ယင်းတို့အနက် တချို့ကို အသုံးပြုနေဆဲဖြစ်သည်။ အများအားဖြင့်

ယင်းရဟတ်ယာဉ်များကို ရန်ကုန်တိုင်းရှိ မှော်ဘီ၊ ရှမ်းပြည်နယ်ရှိ နမ့်ဆမ်၊

ပဲခူးတိုင်းရှိ တောင်ငူ လေတပ် အခြေစိုက် စခန်းများနှင့် မန္တလေးတိုင်းရှိ

မိတ္ထီလာ မြေပြင် လေ့ကျင့်ရေး လေတပ် အခြေစိုက် စခန်းများတွင် ဖြန့်ကျက်

ထားရှိသည်။

၂၀၀၁ ခုနှစ်တွင် Mi-17 ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး
အပါအဝင် အဆင့်မြင့် အရာရှိများ သေဆုံးခဲ့သည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ပင်းဒယမြို့နယ်အနီးတွင် တောင်ငူ လေတပ်စခန်းမှ Mi-2
ရဟတ်ယာဉ်တစီး ပျက်ကြခဲ့ရာ လေးဦး သေဆုံးခဲ့သေးသည်။

လေတပ်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄ရ ခုနှစ်ကတည်းက စတင်

တည်ထောင်ခဲ့သည်။ မြန်မာပြည်မြောက်ပိုင်းတွင် တောခိုသွားသည့် ဗမာပြည်

ကွန်မြူနစ်ပါတီ တပ်ဖွဲ့များကို ခြေမှုန်းခဲ့ပြီး ကရင်အမျိုးသား

အစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို

ခြေမှုန်း တိုက်ခိုက်ခဲ့သည်။

One comment

  • kai

    September 13, 2010 at 10:46 pm

    စစ်အေးတိုက်ပွဲပြီးတော့.. ယူအက်စ်အစိုးရဟာ ကမ်ဘာအနှံ့ကအစွန်းရောက်တွေနဲ့ လုံးပမ်းနေရတာမို ့ သူ့စစ်လက်နက်တွေ..သူ့ဖာသူပြန်သုံး..သူများတွေမရောင်းရတာမို ့…အရောင်းထိုင်းပြီး ဒုက်ခရောက်နေတာ အခုတော့ အီရန်က လုပ်ပေးလိုက်ပြီလို့ ယူဆရမလိုပါ။ အောက်ကသတင်းဖတ်ပါနော..။
    WASHINGTON — The Obama administration will soon notify Congress of an arms package for Saudi Arabia worth up to $60 billion, U.S. officials said Monday, a potentially record-breaking deal that may help counter Iran’s growing regional muscle.
    http://www.msnbc.msn.com/id/39151164/ns/world_news-mideastn_africa/
    ဆိုတော့..
    စစ်တွေဖြစ်လေ..အငြင်းတွေပွားလေ… မတည့်ကြလေ…ဒိုင်စားလေ..
    …၂၁ရာစု စီးပွားရေးနိယာမတခုပေါ့..။$60 billion မနည်းဘူးနော..မြန်မာပြည်တပြည်လုံးရဲ့ ၁ဝစုနှစ်တခုမက ရှာစာဝင်ငွေလောက်ရှိတယ်..။

Leave a Reply