အဆီကျပိန်ဆေး Xenical

မမေလးSeptember 15, 20101min32910

အဆီကျဆေး နာမည်က Xenical ပါ ။ Xenical က တစ်ကဒ်ကို 15000 တစ်ချို့ဆိုင်တွေမှာ 14000 ရှိပါတယ်။

Xenical က တစ်ခြားဆေးတွေလို တုန်တာတွေ ၊ အားမရှိသလိုဖြစ်သွားတာတွေ ၊ အစာမစားခြင်တာတွေ ၊ အစာစားရင်အန်ချင်တာတွေ ၊ မူးမော်တာတွေ မဖြစ်ပါဘူး ။ ခုလက်ရှိ Gong Zhu သောက်နေတာပါ ။ Xenical က စားလိုက်တဲ့ အစာထဲမှာ အဆီတွေပါရင် အဆီတက်ပြီး မဝအောင် အဆီတွေကိုပြန်စွန့်လိုက်တာပါ ။ ဝမ်းသွားရင်ကို အဆီတွေသွားတယ်ပေါ့နော်။ ဗိုက်လည်းမအောင့်ဘူး မူးလည်းမမူးဘူး ပုံမှန်အတိုင်းပါပဲ ။ ဒါပေမယ့် သန့်စင်ခန်းတော့ မကြာမကြာသွားရပါတယ်။ ကိုယ်စားရင်စားသလောက် အဆီတွေ စွန့်ပစ်ရတာပေါ့နော် . . .

Xenical ဆေးက အောက်လိုင်း နဲ့ Company ဆိုပြီး နှစ်မျိုးရှိပါတယ်။ အောက်လိုင်း ကတော့  တစ်ဗူး လေး ကဒ်ပါတယ် ၅၀၀၀ဝ ပါ ။ Company ကတော့ တစ်ဗူးလေးကဒ်နဲ့ ၅၃၀၀ဝ ပါ။ ဒါကတော့ ဗိုလ်ချုပ်ဈေးမှာပေါ့နော်။ တစ်လုံးချင်းလည်းဝယ်သောက်လို့ရပါတယ် တစ်လုံး ၇၅ဝ ပါ။ Company ကတော့ မှတ်ပုံတင်ပြီးသားပေါ့ အောက်လိုင်းကတော့ မှတ်ပုံမတင်ရသေးတာလို့ ဆေးဆိုင်ကပြောပါတယ်။

ဒီဆေးက ဆရာဝန်ညွှန်ကြားပေးတဲ့ဆေးဖြစ်သလို ဆရာဝန်မလေး ကိုယ်တိုင်သောက်တယ်လို့လည်း ဆေးဆိုင်ကပြောပြပါသေးတယ် ။ ။ ။

အဲ့ဆေးကိုမသိခင်တုန်းက Gong Zhu တစ်ခြားဆေးနှစ်မျိုးကိုသောက်ဖုူးပါတယ် ။ မူးလည်းမူးတယ် ။ အန်လည်းအန်ချင်တယ် ။ အိပ်ယာထဲမှာပဲလှဲနေရတယ် အားမရှိလို့လေ ။ ဘာမှလည်းမစားချင်ဘူး . စကားလည်းမပြောချင်ဘူး . ရယ်စရာတွေ့နေရင်တောင်မှ မရယ်ချင်ဘူး . ဒေါသလည်းထွက်လွယ်တယ် . စိတ်အားငယ်သလိုလို . စိတ်ညစ်သလိုလို . ငိုချင်သလိုလိုနဲ့ . အစာစားလိုက်ရင်လည်းအန်တယ် အဲ့တုန်းက ဆေးကို တစ်ရက်ခြားတစ်ခါနဲ့  ၅ ရက် ၅ လုံးသောက်လိုက်ပါတယ် ။ ၁ဝ ပေါင်ကြော်တောင်ကျသွားတာ မျက်နှာကအစချောင်ကျသွားတာသိလား ။ ဗိုက်အောင့်တာနဲ့ ဆရာဝန်ကိုပြလိုက်တော့ အစာအိမ်ရောင်နေတယ်တဲ့ . ဘာလုပ်လို့လဲလို့ ဆရာဝန်မလေးကမေးတယ် ။ ပိန်ဆေးသောက်လိုက်လို့ လို့ ပြောပြလိုက်တော့ ဆရာဝန်မလေးကလည်း သူလည်း ပိန်ဆေးသောက်ပြီးတော့  မူးလဲဖူးတယ်တဲ့ ခုဆိုရင် သူက ည ၆ နာရီကျော်ရင် ဘာမှမစားတော့ပဲ ဗိုက်ဆာလာရင် ခေါက်ဆွဲပြုတ်လောက်ပဲစားတာ ၂ ပတ်ပဲရှိသေးတယ် သိသာလာတယ်လို့ပြောပါတယ် ။

Exercise လုပ်ဖို့ ပျင်းသူတွေ ၊ အချိန်မရှိသူတွေ ၊ ပိန်ချင်ပြီး ညစာမစားပဲ မနေနိုင်သူတွေနဲ့ ၊ အစာလျော့မစားနိုင်တဲ့သူတွေအတွက်ဆို Xenical ဆေးက ကောင်းပါတယ် ။ တစ်ခြားကောင်းတယ်လို့ ပြောတဲ့ဆေးတွေကို နားမယောင်လိုက်ပါနဲ့ . သောက်ဖူးတဲ့ သူငယ်ချင်းတွေ ဆီမှာသေသေချာချာ စုံစမ်းပြီးမှ သောက်သင့်ပါတယ် . မဟုတ်ရင် ပိုက်ဆံလည်းကုန် ဆေးလည်း လွှင့်ပစ် ၊ လူလည်း ကျန်းမာရေးထိခိုက်မှာစိုးလို့ပါ . ဒီဆေးလေးကတော့ လက်တွေ့မို့လို့ပြောပြပေးလိုက်တာပါ . ဈေးနှုန်းပြောပြတယ်ဆိုတာကလည်း တစ်ချို့တွေက သောက်ချင်ပြီး ဈေးနှုန်းမသိသေးသူတွေအတွက် အဆင်ပြေအောင်ပါ ။ ကြော်ငြာနေတယ်ထင်မှာစိုးလို့  😛

အဲ့ Company နဲ့ Gong Zhu နဲ့လုံးဝမသိဘူးနော် ဟီးဟီး 😛

( မူးတယ်ဆိုတဲ့ ဆေးကို ဓါတ်ပုံတင်ရင် Burn ခံရမှာလားဟင် ? )

10 comments

  • doekalay

    September 16, 2010 at 5:22 am

    Xenical DKSH company ထုတ်လုပ်ဖြန် ့ဖြ ူးပေးနေပြီး…သူရဲ ့Principal ကတော ့နံမည်ကြီး ROCHE company ပဲဖြစ်ပါတယ်။
    လိုင်းကဝင်တဲ ့ဆေးတွေကို ဝယ်သုံးမယ် ့အစားCompany ကဆေးကိုပဲဝယ်ယူသုံးစွဲသင် ့တယ်လို ့ထင်ပါတယ်။

  • search123

    September 16, 2010 at 5:51 am

    ဗိုက်ကအဆီကျရောကျလား။ဗိုက်တော်တော်ပူနေလို့။

  • Gong Zhu

    September 17, 2010 at 5:58 am

    သူက တစ်နေ့စာ စားသမျှထဲက အဆီတွေကို ကိုယ်ထဲမှာ အဆီမတက်အောင် စွန့်ထုတ်ပစ်လိုက်တာလေ ။ ဆေးဆိုင်က ဆရာဝန်ပြောတာတော့ ကိုယ် ထဲမှာ အဆီတွေမရှိတော့ရင် နဂိုရှိတဲ့ အဆီတွေကိုယူပြီး အလုပ်လုပ်ရတဲ့ အတွက် အဆီကျတယ်လို့ပြောပါတယ် . . .

  • emily

    September 24, 2011 at 10:21 pm

    ှအဲဒီဆေးရဲ့ အသက်…အကန့်အသတ်က ဘယ်နာနှစ်မှစသောက်ရတာလဲ..၁ရနှစ်လား…၁၈နှစ်လား..

  • htoosan

    September 25, 2011 at 9:59 am

    emily က ၁၇၊၁၈ နှစ်ရှိတဲ့ ဝဝ လှလှလေး လား ….. စတာနော်.. comment စစချင်း ဒီအကြောင်း အရာ ဖြစ်နေလို့ ပါ။

  • emily

    September 25, 2011 at 11:40 am

    ဆိုပါတော့…..

  • nobal hla

    January 31, 2012 at 9:00 pm

    ‌ဆေးနမူနာ ‌တော့မပြ ‌ပေးဘူး နယ်ဆိုင်မှာရပါ့မလား

  • kuroko

    February 11, 2012 at 3:11 pm

    အောက်လိုင်းနဲ့ Company ဘယ်လိုခွဲရလဲဟင်…တစ်နေ့တစ်လုံး သောက်ရမှာလား…ပြောပြပေးပါခင်ဗျာ..

  • gucci shawty

    October 14, 2012 at 4:01 pm

    Xenical မသောက်ဖူးဘူး ပေါင်ဘယ်လောက်ကျတာလဲ ပြောပြပေးပါ

  • မမလေး

    October 27, 2012 at 3:00 pm

    ခု Xenical ထက်ကောင်းတဲ့ ဆေးရှိတယ် … သိချင်လား

Leave a Reply