ပိန်စေတဲ့ Green Coffee

မမေလးSeptember 15, 20101min1131

အဲ့ဒီ Green Coffee က တစ်ပတ်ကို ၅ ပေါင်မှ ၁၅ ပေါင်ထိ ကျပါတယ်တဲ့ . . . လက်ကမ်းစာစောင်မှာရေးထားတာပေါ့နော် .  Side Effect လည်းမရှိဘူးဆိုတော့ သောက်ကြည့်ချင်တယ်ပေါ့နော် . . . တစ်နေ့ကော်ဖီလေးတစ်ခွက်သောက်ရုံနဲ့ ပိန်တယ်ဆိုတော့လေ . . .

တစ်နေ့က နဝဒေးလမ်း ကဆိုင်မှာ အဲ့ဒါလေးတွေ့လို့ ဝယ်လာမိတယ် ။ ဆိုင်ကလည်း အရမ်းရောင်းရတယ်တဲ့ ကောင်းလည်းကောင်းတယ်ဆိုလို့ ။ ပြီးတော့ အရင်က ၁၂၀၀ဝ ပေါ့ ။ ခု ၁၀၀၀ဝ ပဲရှိပြီး တစ်ဗူးဝယ်ရင် သုံးထုပ်လက်ဆောင်ပေးပါတယ်တဲ့ ။ မနက်စာ မစားခင် မိနစ် ၃ဝ အလိုမှာ သောက်ရတယ် ။ Gong Zhu ကော်ဖီမကြိုက်လို့ ကော်ဖီမသောက်ပါဘူး ။

အဲ့ကော်ဖီသောက်ပြီးတော့ ရင်တုန်တယ် . အစာသိပ်မစားချင်တော့ဘူး ။ ဗိုက်တော့မအောင့်ဘူး ။ ရိုးရိုးကော်ဖီသောက်ရင် အဲ့လိုပဲဖြစ်တတ်တာလား ။ မဟုတ်ရင် Green ကော်ဖီကြောင့်ပဲ ကတုန်ကယင်ဖြစ်တာလား  ? ? ? ရိုးရိုးကော်ဖီသောက်ရင် ကတုန်ကယင် မဖြစ်ဘူးဆိုရင်တော့ Green ကော်ဖီကြောင့်ဖြစ်ပါလိမ့်မယ် ။ ဒါမှမဟုတ်ရင် ဒီ ပိန်တဲ့ကော်ဖီက Gong Zhu နဲ့ မတည့်တာပဲပေါ့နော် . . . အဲ့ Coffee သောက်ကြည့်မယ်ဆိုရင် တစ်ထုပ်လောက်တော့ နမူနာ စမ်းသောက်ကြည့် ကြည့် လိုက်ရင်ပိုကောင်းမယ်လို့ ထင်ပါတယ်။

One comment

  • nyimalay

    September 16, 2010 at 2:24 am

    I like this coffee. This coffee is really slimming coffee. I have been drink this coffee 2 box(36 pk).Everybody Test this.After 6 days drink coffee get good result.Good Luck. 🙂

Leave a Reply