ဟိုတစ်လောက မနက် ၅ နာရီဆိုလမ်းလျှောက်ဖြစ်လိုက်တယ် လေးရက်လောက် . . .

ပြည်သူ့ရင်ပြင်မရောက်ဖူးလို့ သွားကြည့်ကြည့်လိုက်တယ် . . . ပျော်စရာကောင်းပါတယ် . . .

အဲ့မှာ ထိုက်ချိကစားတဲ့ အဖွဲ့  , Line Dance က တဲ့ အဖွဲ့ နဲ့ အေရိုးဗစ်ဆော့တဲ့ အဖွဲ့ စုစုပေါင်းလေးဖွဲ့ရှိပါတယ် ။ ထိုက်ချိ ကတော့ ဆရာ ဆရာမတွေက ရှေ့ကနေ လုပ်ပြတယ် ။ မိုက်နဲ့ အော်ပေးတယ် ။ ပိုက်ဆံပေးစရာမလိုပါဘူး .။

Line Dance ကတော့ သင်ပေးပါတယ် တစ်လ 1000 ပါ ။ စာရင်းပေးလို့ရပါတယ် ။ ပထမ ၀င်ဝင်ချင်းလ ဆိုရင်တော့ 2500 ပေးရပါတယ် ။ 1000 ကတော့ ကက်ဆက်ဖိုးပါ ။ သောကြာ ၊ စနေ  နဲ့ တနင်္ဂနွေ ဆိုရင်တော့ ဆင်တူ အကျီင်္လေးတွေ ၀တ်ရပါတယ် ။ မနက် ၅ နာရီ ဆိုစရှိပြီးတော့ ၆ နာရီခွဲ ၇ နာရီလောက်ဆိုရင်ပြီးပါပြီတဲ့ ။ ကျန်းမာရေးအတွက်လည်း ကောင်းသလို လေ့ကျင့်ခန်းလည်းဖြစ်တယ် ပိန်လည်းပိန်စေတယ် . . .  ပြီးတော့သီချင်းမြူးမြူးလေးနဲ့ ကရတာ သူငယ်ချင်းတွေအများကြီးနဲ့  မောလို့မောမှန်းတောင်သိမှာမဟုတ်ဘူး . . . မကောင်းဘူးလားလို့ ?

About မမလေး

has written 129 post in this Website..