စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် မောင်းရန်မော်တော်ကား

မမေလးSeptember 15, 20101min830

စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် မောင်းရန်မော်တော်ကား မှန်တယ်နော် . . . ကားမောင်းတယ်ဆိုတာ ကစားစရာမဟုတ်ဘူး . . .. ကစားနေတာလည်းမဟုတ်ဘူး . . . ကစားကွင်းထဲက တိုက်ကားမောင်းနေတာမဟုတ်ဘူး . . . တိုက်ရင် ဒါဏ်ရာရရင်ရ ၊ မရရင်ကျိုး ၊ အလွန်ဆုံး သေပေါ့ . . . ဒါကြောင့် ဒေါသထွက်လို့ ကားကြမ်းကြမ်းတမ်းတမ်းမောင်းတာတွေက မလုပ်သင့်ပါဘူး . . . ပြီးတော့ ကားတစ်စီးနဲ့တစ်စီးပြိုင်တာတို့ မလုပ်သင့်ပါဘူး ။ အထူးသဖြင့် Bus ကားတွေပိုဆိုးပါတယ် ။ ပြီးတော့လည်း ကားတစ်စီးနဲ့ကားတစ်စီး အော်အော် ဆဲနေကြတာ စိတ်ဆင်းရဲဖို့ကောင်းပါတယ် ။ နောက်တစ်ခုက Bus ကားစပါယ်ယာတွေက ဘာမှန်းမသိပါဘူး ။ အတင်းဆွဲတင် အရမ်းတွန်းချနဲ့ ကြောက်စရာကြီးတွေ . . . အားလုံးပဲ ကားမောင်းရင် သတိထားပြီးမောင်းပါလို့ . . . အာရုံတွေ ဟိုလွင့်ဒီလွင့် မဖြစ်ပါနဲ့လို့ . . .