နည်းနည်းတော့ကြာပါပြီ . . . ၅ လလောက်တော့ရှိမယ်ထင်တယ်။ အဲ့ဆရာမက Gong Zhu ငယ်ငယ်တုန်းကသင်တဲ့ဆရာမပါ ။ အရမ်းလည်းသဘောကောင်းပါတယ် ။ သရုပ်ဆောင် ပွင့် နဲ့တူပါတယ် ။ အပျိုကြီးပါ ။

မနက်စောစော ဆရာမက ၀ တော့  ရှေ့ခန်းမှာထိုင်ပြီးတော့ သွားတာပါ။ မြေနီကုန်းကနေပြီးတော့ ဆောက်လုပ်ရေးသွားမယ့်လမ်းကြောမှာ နောက်က Bus ကားနဲ့ပြိုင်မောင်းပြီး အရှိန်နဲ့ ကွေ့ထလိုက်တာ တံခါးကပွင့်သွားပြီး ဆရာမက ကားပေါ်ကပြုတ်ကျသွားပါတယ် ။ နောက်ကားပါလာရင်တတ်ကြိတ်မှာပေါ့ ။ မနက်စောစောကားနည်းနည်းရှင်းတော့ ပြူတ်ကြတဲ့ဒါဏ်ပဲရှိတာပေါ့ ။ Bus car driver ကတော့ တာဝန်ယူပေးမယ်ပြောပါတယ် ။ ဒါပေမယ့် ဆရာမက သူ့မှာလည်း တစ်နေ့စာတစ်နေ့စားရတာ သားသမီးတွေနဲ့ဆိုပြီး တာဝန်မယူခိုင်းပါဘူး ။

ရန်ကုန်အရှေ့ပိုင်းဆေးရုံမှာ တစ်လလောက် ဆေးရုံတတ်လိုက်ရပါတယ်။ ခြေထောက် ကြွက်သားက အသားကြီး ပြဲသွားပြီးတော့ ပေါင်ကအသားကို ယူဖြည့်လိုက်ရတယ်တဲ့ ။  အပျိုကြီးဆိုတော့ စောင့်မယ့်လူကမရှိ သူ့တူမ Nurse ကို မနက် ၊ ည ၆၀၀၀ ပေးပြီးငှါးရပါတယ်။

Gong Zhu လည်းဆရာမကိုသွားမေးတာ အဲ့ဆေးရုံမရောက်ဖူးတော့ အဲ့ကတွေ့တဲ့လူကိုမေးကြည့်လိုက်ပါတယ်. သူတို့က လိုက်ပို့ပေးမယ်လို့ပြောပြီးလိုက်ပို့ပါတယ် ။ ရောက်လည်းရောက်ရော ပိုက်ဆံတောင်းပါတယ် ။ အကြွေမပါတော့ ၁၀၀၀ ပေးပြီး ၅၀၀ ယူလိုက်လို့ပြောလိုက်တယ် . သူတို့ကလည်း ၂၀၀ ပဲရှိတယ်ဆိုပြီး ၂၀၀ ပဲပေးသွားတယ် ။ ၈၀၀ ပေးလိုက်ရပါတယ် ။ သူတို့ရဲ့ကူညီရိုင်းပင်းမှုပေါ့နော် . ပြီးတော့လည်း လူနာချိန်မဟုတ်ရင် ( လုနာကြည့်ချိန်ကျော်ရင် ) ၀င်ကြည့်လို့မရပါဘူး အဲဒီက အန်တီကြီးပြောတာကတော့ အစောင့်ကို မုန့်ဖိုး ၁၀၀၀ ပေးရင်ဝင်လို့ရတယ်တဲ့ ။ လူနာလာမေးတာတောင် အစောင့်ပိုက်ဆံပေးရတာနဲ့ လမ်းပြတဲ့လူ ပိုက်ဆံပေးရတာနဲ့ အဲ့တော့မှပဲကြုံဖူးတော့တယ် . . .

* Bus ကားစီးရင် Lock ချပြီးမှစီးပါလို့ . တံခါးပေါက်ကို မှီပြီးမထိုင်ပါနဲ့ . တံခါးပေါက်နားမှာ မထိုင်တာအကောင်းဆုံးပဲ . ကုန်ကျစရိတ် များသလို လူလည်းနာတယ် ကောင်းဘူး . . .

*ရန်ကုန်အရှေ့ပိုင်းဆေးရုံသွားမယ်ဆိုရင် အသိ မပါလို့ လမ်းမေးပြီးသွားရမယ်ဆိုရင် အကြွေဆောင်သွားပါလို့ . . .

About မမလေး

has written 129 post in this Website..