Original နဲ့ Copy ခွေ

မမေလးSeptember 15, 20101min967

ခုတလော ခိုးကူးခွေ မြန်မာခွေတွေ မရောင်းရတော့ဘူး . . .ဘယ်ဆိုင်မှာမှ မရှိတော့ဘူး ။ ဝယ်လို့ရတယ်ဆိုရင်တောင်မှ မြန်မာသီချင်းခွေတစ်ချပ်ကို ၅၀ဝ ကျပ်လောက်ရှိတယ် ဒါကြောင့်ဘယ်သူမှဝယ်မှာမဟုတ်ဘူးလို့ ခွေရောင်းတဲ့ဆိုင်တစ်ဆိုင်ကပြောပြပါတယ် ။ DVD ခွေတွေတောင် တစ်ချပ် ၄၀ဝ နဲ့ ၃ ချပ် ၁၀၀ဝ ဖြစ်နေပါပြီ ။ စမ်းချောင်းက ဆိုင်တစ်ဆိုင်မှာတော့ ၄ ခွေ ၁၀၀ဝ ပဲရှိပါတယ်တဲ့ . . .

Original က ၁၉၀ဝ လောက်ရှိတာ Copy ခွေ ၂၅ဝ က လူတန်းစားအားလုံးကဝယ်ကြည့်နေနိုင်ပါတယ် ။ တူတူပဲဆိုတော့ Original ခွေတွေဘယ်သူမှ ဝယ်မကြည့်ကြပါဘူုး ။ ခု Copy ခွေမရောင်းရပေမယ့် Original ခွေတွေသိပ်အရောင်းအသွက်ပါဘူးတဲ့ . . .

7 comments

  • etone

    September 15, 2010 at 3:16 am

    မြန်မာခွေတွေဝယ်မရဘူးဆိုတာ ထင်လို့ပါ ။ သိုသိုသိပ်သိပ်ရောင်းနေပါသေးတယ် ။

  • kopauk mandalay

    September 15, 2010 at 11:44 am

    ကော်ပီခွေဈေးနဲ့ မူရင်းခွေဈေးနုန်း အများကြီးဟနေသေးရင်ကော်ပီခွေက ထွက်နေအုံးမှာပါ။
    လုံးဝတင်းကျပ်လိုက်လို ကော်ပီမထွက်ရ ဘူးဆိုရင် ခွေဝယ်ကြည့်တဲ့သူက သိပ်ကောင်းမှဝယ်မှာပါ။
    ဒီတော့ အဆိုတော်အသစ်ကလေးတွေ ဂွမ်းဘို့ပြင်ထားပါ။
    အခုခွေဝယ်တဲ့စံနစ်သစ်ပေါ်နေပါတယ်။
    မူရင်းတစ်ချပ်ကို သူငယ်ချင်းလေးယောက် တစ်ယောက် ငါးရာစုပြီးဝယ်လိုက်ပါတယ်။
    ပထမတစ်ခေါက် ကို တစ်ယောက်အပိုင်ယူ။
    ကျနော်တဲ့လူအတွက် ကွန်ပြူတာနဲ့ကော်ပီကူးပေးလိုက်တယ်။
    မူရင်း ကိုတစ်လှည့်စီယူပေါ့။
    အားလုံးကြိုက်တဲ့အဆိုတော်မှ ဝယ်မယ် ထွက်တိုင်းမဝယ်ဘူး။
    ကဲဘာတတ်ုနိင်သေးလဲ။
    ထုတ်လုပ်သူများ စဥ်းစားရမှာ က အရေအတွက်အပေါ်မှာမျှော်ပြီးစားမလား။
    တကယ်ကို မိမိကိုယ်မိမိ ယုံကြည်ချက်အပြည့်ရှိရင်။
    တေးရေး တေးဆို တီးဝိုင်း ထုတ်လုပ်သူ အခလို ငွေအပြတ်မယူနဲ့။
    ရောင်းလို့ရတဲ့အမြတ်ကိုရာခိုင်နုန်းနဲ့ယူ။
    ဈေးကို သိပ်အများကြိးမတင်နဲ့။
    ဆရာကြီးပလေးဘွိုင်သန်းနိုင် ဒီကိစ္စနဲ့ပါတ်သက်လို့ပြောဘူးတာကို ပြန်ရှာဖတ်ကြည့်ကြစေလိုပါတယ်။

  • kyansitthar101

    September 15, 2010 at 12:05 pm

    ဒီပြဿနာက တော်တော်စဉ်းစားရ ခက်တယ်။ ကျနော့် အမြင်ကတော့
    ထုတ်လုပ်သူတွေလဲ သူ့ လုပ်အားစိုက်ထုတ်မှု ရှိပါတယ်။ အခွန်အခတွေလဲ ပေးဆောင်ထားကြတယ်။
    ကူပီကူးရတာ အရမ်းလွယ်ကူနေတော့ ခိုးကူးခွေထွတ်ဖို့က အရမ်းလွယ်နေပြန်ရော။
    ခိုးကူးခွေကိစ္စကို တင်းကျပ်စွာ ကိုင်ပြီဆိုပါစို့……
    မူရင်းထုတ်လုပ်သူတွေ တန်းတူ အခွင့်အရေးနဲ့ ထုတ်လုပ်ကြပြီဆိုပါစို့
    သူ့ ဈေးကွက်နဲ့ သူရပ်တည်သွားမှာပါ။
    အရေအသွေးနဲ့ ဈေးနှုန်းနဲ့ မ မျှရင် သူပဲ ထမင်း ငတ်မှာပါ။
    ဝယ်လိုအားနဲ့ ရောင်းလိုအား စုံမှတ်တစ်ခု မှာ ဈေးတန်းလေးတစ်ခု ပေါ်ထွတ်လာမှာပါ။
    နီးစပ်သူအချင်းချင်း လေးငါးယောက်ပေါင်းဝယ်မယ် ခွေပွားယူကြမယ် ဒါမျိုးလဲ ရှိနိုင်ပါတယ်။..
    ကျနော်သာဆိုရင် ကျနော်တကယ်ကြိုက်တဲ့ ခွေ အပိုင် ဘဲ သိမ်းထားမယ်ဆိုတာ သေချာပါတယ်။

  • alfred

    September 15, 2010 at 5:23 pm

    သိတော့ပါဘူး။ သူတို့ ဘာလုပ်လုပ်စိတ်မဝင်စားဘူး။ မြန်မာနဲ့ပတ်သက်တာဆိုလို့ သီချင်းပဲနားထောင်တယ်။ သီချင်းကလည်း online မှာရှာတာများတယ်။ မရှိရင် social site တွေမှာတောင်းတယ်။ ဒါမှမဟုတ် အင်တာနက်ဆိုင်တွေမှာ သွားယူတယ်။ ဒါအကောင်းဆုံးပဲမဟုတ်လား။ ကျွန်တော်လုံးဝ ကော်ပီခွေ မဝယ်ဘူး။ အော်ရဂျင်နယ် လည်းဝယ်ဘူး။ 😀

  • ဆူး

    September 16, 2010 at 3:09 am

    အစစ်လည်း မဝယ်ဘူး အတုလည်း မဝယ်ဘူး… အွန်လိုင်းကနေ ရှာလိုက်တယ် တခါတလေ နားထောင်တယ်

  • eros

    September 16, 2010 at 5:31 am

    သူတို.တွေက ခိုးကူးကြောင်. စီးပွားပျက်တယ် ပြောနေတာပါ၊ တကယ်ကို သူများမူရင်း အင်္ဂလိပ်၊တရုတ်၊ကိုရီးယား၊ ဂျပန် သီချင်းတွေ ကော်ပီလုပ်တာ အနုပညာကြေး ပေးလို. လား။

  • Gong Zhu

    September 17, 2010 at 5:50 am

    မေသန်းနုရဲ့ ပါရမီရှင် ထွက်ပြီး ၂ ရက်ပဲရှိသေးတယ် . ခွေဆိုင်မှာ အဲ့ခွေရောင်းတောင်ရောင်းနေပြီ ။

Leave a Reply