ဓမ္မမိတ်ဆွေအပေါင်းတို့…

စင်္ကာပူမှာရှိကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းတို့ သည် ရေခြားမြေခြား တာဝန်ဝတ္တရားများကို နာရီနှင့်အမျှ ထမ်းဆောင်နေရသော်လည်း တဖက်တလမ်းမှ မိသားစုများသဖွယ်..သိုက်သိုက်ဝန်းဝန်း စည်းစည်းလုံးလုံးနှင့် မြတ်ဗုဒ္ဓဟောကြားခဲ့သော လူမှုရေးရာ၊ သံသရာရေးရာ တရားတော်များကို မျက်ခြေမပြတ် အားထုတ်နိုင်ကြ၊ အချင်းချင်းလည်း အားထုတ်နိုင်ဖို့ အခွင့်အလမ်းများ ဖော်ထုတ်ပေးနေကြသည်မှာ အင်မတန် ဝမ်းမြောက်အားရဖွယ် ကောင်းလှပါသည်…

ထို့အတူ… သံဃာတော် ဆရာတော်များကလည်း စကာင်္ပူတွင် အခြေစိုက်လျှက် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ပြီး ရေခြားမြေခြားသော်လည်း မိမိတို့ တတ်စွမ်းနိုင်သမျှ မြတ်ဗုဒ္ဓ၏ အရိပ်အာဝါသကို ပေးနိုင်အောင် ကြီးစွာသော မေတ္တာခြံရံလျှက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်လျှက်ရှိကြပါသည်။

၁) စကာင်္ပူနိုင်ငံတွင် အခြေချ နေထိုင်ပြီး မြတ်ဗုဒ္ဓ၏ အရိပ်အာဝါသကို အစဉ်မပြတ်လွှမ်းခြုံ ပေးနေသော ဆရာတော်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ၊ သီလရှင်ကျောင်းများ ကို စကာင်္ပူရောက် မြန်မာ မိသားစုများ သိရှိပြီး ဒါန၊ သီလ၊ ဘာဝနာများ လွယ်ကူစွာ ပြုလုပ်နိုင်ရန်အတွက် လည်းကောင်း၊

၂) Singapore Missionary ဆရာတော်များ၏ ရင်တွင်းမှ စကားများကို ဖေါ်ပြဖို့ အခွင့်အလမ်း ရရှိစေရန်အတွက်လည်းကောင်း

၃) စကာင်္ပူရှိ ဘုန်တော်ကြီးကျောင်းများ၏ ဘာသာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု လုပ်ဆောင်ချက်များကို ဝေနေယျများ သိရှိစေရန်အတွက်လည်းကောင်း

၎) ဝါတွင်းကာလဖြစ်သည့်အလျှောက် မြန်မာပြည်မှ အဓိကရ ဆရာတော်ကြီးများ မကြွရောက်နိုင်ချိန်မှာ စင်္ကပူနိုင်ငံတွင် သီတင်းသုံး၍ သာသနာပြုနေကြကုန်သော ဆရာတော်များကို စင်္ကာပူရှိ မြန်မာမိသားစုများနှင့် ပိုမို ရင်းနှီးဖို့ အခွင့်အလမ်း ရစေချင်သည်က တကြောင်း

၅) Informatics ကျောင်းဝန်းကြီး မကြာခင် ပြောင်းရွှေ့မည်ဖြစ်သဖြင့် မပြောင်းရွေ့မှီ (နောက်ဆုံး) အခွင့်အရေးလည်း ဖြစ်သည်က တကြောင်း

ဤသို့သော အကြောင်းအရာတို့ကို အခြေခံ၍ စင်္ကာပူရှိ ဓမ္မမိတ်ဆွေများက စုပေါင်း၍ ကျောင်းပေါင်းစုံ ဆရာတော်များ၏ ဓမ္မသဘင် ကို အောက်ပါ အစီအစဉ် အတိုင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါ၍ မပျက်မကွက် တရားတော်နာကြွရောက်ပါရန် ဖိတ်ခေါ်ပါရစေ…

ကျင်းပမည့်နေရာ – Informatics Campus, 12 Science Center Rd, S609080 (Jurong East MRT အနီး)

စဉ် ဆရာတော် ဘွဲ့အမည် ရက်စွဲ အချိန်
ဆရာတော် ဦးရာဇိန္ဒ

Satipatthana Meditation Center (SMC)

၁၈ စက်တင်ဘာ

စနေ

ညနေ ၅ နာရီ မှ ၇ နာရီ
ဆရာတော် အရှင်ဝါယာမိန္ဒ (သီပေါ)

Oxford Buddha Vihara Singapore (OBVS)

၁၉ စက်တင်ဘာ

တနင်္ဂနွေ

ညနေ ၅:၃၀ မှ ၇:၃၀ နာရီ
ဆရာတော် အရှင်ဣန္ဒာစရိယ

ဆရာတော် အရှင်ပဏ္ဍ၀ါစာရ

Dhamma garden Buddhist Society (ဓမ္မဥယျာဉ်)

၂၅ စက်တင်ဘာ

စနေ

ညနေ ၅ နာရီ မှ ၇ နာရီ
ဆရာတော် ဘဒ္ဒ္တပညာစက္က

(မန္တလေးမိုးကုတ်ဝိဿနာ မင်္ဂလာရိပ်သာ)

Jayamangala Buddhist Vihara (Clementi ကျောင်း)

၂ အောက်တိုဘာ

စနေ

ညနေ ၅း၃၀ မှ ၇:၃၀ နာရီ
ဆရာတော် ဦးသီရိဓမ္မ

Sasanaramsi Burmese Buddhist Temple (Topayoh ကျောင်းကြီး)

၃ အောက်တိုဘာ

တနင်္ဂနွေ

ညနေ ၅ နာရီ မှ ၇ နာရီ
ဆရာတော် ဦးစိတ္တရ

Mangala Vihara (မင်္ဂလ၀ိဟာရကျောင်း Eunos)

၉ အောက်တိုဘာ

စနေ

ညနေ ၅ နာရီ မှ ၇ နာရီ
တောင်ကြီးဆရာတော်

ဝရဓာတု ရတနာရာမ အသင်းတော် (ဓါတ်တော်တိုက်)

၁၀ အောက်တိုဘာ တနင်္ဂနွေ ညနေ ၅ နာရီ မှ ၇ နာရီ
ဆရာတော် အရှင်ဝိသုဒ္ဓ

Naung Kan Aye Dhamrma Society (ညောင်ကန်အေးကျောင်း)

၁၆ အောက်တိုဘာ

စနေ

ညနေ ၄:၃၀ မှ ၆:၃၀ နာရီ
VMC ဆရာတော် ဦးပညာနန္ဒ

Vipassana Meditation Center (VMC)

၁၇ အောက်တိုဘာ တနင်္ဂနွေ ညနေ ၅ နာရီ မှ ၇ နာရီ
၁၀ ဆရာတော် အရှင်ဇယတိဿ

Thitsa Payame Dhamma Raja Vihara (သစ္စာပါရမီကျောင်း)

၃၀ အောက်တိုဘာ

စနေ

ညနေ ၅ နာရီ မှ ၇ နာရီ
၁၁ ဆရာတော် ဦးဥက္ကံသ

Pa-Auk Meditation Centre (ဖားအောက်ကျောင်း)

၃၁ အောက်တိုဘာ တနင်္ဂနွေ ညနေ ၅ နာရီ မှ ၇ နာရီ

ဆက်သွယ်ရန်    –

92277491

ဦးအောင်နိုင်, 97343900 ဦးစိုးသိန်း, 97365034 ကိုကျော်လွင် (Dhamma download), 98698464 ကိုရဲမြင့် (ဓမ္မပန်းခင်း စာကြည့်တိုက်), 97612747 ကိုကျော်ဝင်း, 94242713 မမြင့်မြင့်သန်း

အထက်ပါ တရားပွဲများကို နာယူကြည်ညိုနိုင်ပါရန် http://livedhamma.com မှလည်း တိုက်ရိုက်ထုတ်လွင့်ပေးပါမည်။

mail recive

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။