မင်္ဂလာရုပ်ရှင်ရုံ

မမေလးSeptember 15, 20101min742

ဒီနေ့ ကျောက်သင်ပုန်းနဲ့မိုးထားတဲ့ အိမ်ကလေး သွားကြည့်ဖြစ်ပါတယ် ။ အပေါ်ထပ်မှာ အယောက် ၂ဝ ကျော်လောက်ပဲရှိပါတယ် ။ ၃ ခွဲပွဲပါ ။ လူတွေကလည်း နည်းတော့ အရမ်းသိသာပါတယ် ။ ကြွှက်တွေတော်တော်သောင်းကျန်းနေပါတယ် ။ ဘေးဘက်တစ်တန်းလုံးဘယ်သူမှမရှိဘူး ။ ရေဘူးကိုအောက်ချထားတယ် ။ မုန့်ထုပ်ကို ဘေးဘက်ကခုံပေါ်မှာတင်ထားပါတယ် ။ ကြွက်က ရေဘူးပေါ်ကနေတတ်ပြီး မုန့်ထုပ်ကိုလာကိုက်တယ် ။  ကြွက်တွေတော်တော်လေးကို အတင့်ရဲလွန်းနေတယ် ။ ခြေထောက်နားမှာလည်း ဝေ့လည်ဝေ့လည်နဲ့ ခဏ ခဏလာတယ် ။ ခြောက်တာတောင်မကြောက်ဘူး . . . တော်တော်သတိ္တရှိတဲ့ကြွက် . . . ဘာလို့ မင်္ဂလာရုပ်ရှင်ရုံ လိုရုံကြီးမှာ ကြွက်တွေရှိနေရတာလဲ ။

သမ္မတရုပ်ရှင်ရုံမှာတော့ ပိုးဟပ်တွေ့တာ သုံးခါတောင်ရှိပြီ ။

Gong Zhu က ပိုးဟပ်တော်တော်ကြောက်ပါတယ် . ဒါကြောင့် သမ္မတရုပ်ရှင်ရုံ သွားမကြည့်တော့ဘူး . . . ခုမင်္ဂလာရုပ်ရှင်ရုံ ကိုပြောင်းကြည့်တာ ကြွက်ကြီင်္းတွေ့ခဲ့တယ် ။ သီတာ တို့ စံပြတို့ က ဂျပိုးကိုက်တယ်လို့ပြောကြတယ် ။ ခု မော်တင်ဂျန်းရှင်းက ရုပ်ရှင်ရုံပဲ ကြည့်ဖို့ကျန်တော့တာပေါ့နော် . . .

2 comments

  • လင်းဝေကျော်

    September 16, 2010 at 4:32 am

    သမ္မတမှာလည်း ကြွက်ရှိတယ်တဲ့။
    တစ်နေ့ကပဲ ကြွက်ကိုက်ခံရတဲ့အကြောင်းပြောတာကြားရတာ။
    အခု တော့ တိုက်တိုက်ဆိုင်ဆိုင်

  • ချစ်ဝက်လေး

    September 16, 2010 at 5:50 am

    တော်တော်လေး
    ညစ်ပတ်တာဘဲ
    ရုံသန့်ရှင်းတွေ သေ ကုန်ပီလား
    နိုင်ငံခြားသားဆိုရင်ကဲရဲ့၊ရယ်စားမှာသေချာ
    စည်းကမ်းရှိပါ ဆိုတာဘာလဲ?

Leave a Reply