ဈေးဝယ်

ရွှေ မင်း သားSeptember 22, 20101min542

ကျနော် ဒီနေ့ လုပ်ငန်းသုံးပစ္စည်းများဝယ်ရန် ဈေးချိုသို့ သွားခဲ့သည်။ ဘယ်ဆိုင်တွင် ဝယ်ရမည်မသိ ။ ဟိုဆိုင်ကောင်းနိုးနိုး ဒီဆိုင်ကောင်းနိုးနိုး ဖြင့် အကဲ ခက်နေမိသည်။ ဒါလိုနဲ့ ကျနော်လဲ လူစီတဲ့ ဆိုင်တစ်ဆိုင်ကို ဝင်ရန် ဆုံးဖြတ်လိုက်သည်။ ဆိုင်တွင်းသို့ ရောက်သော် ကျနော်လဲ လိုချင်သော ပစ္စည်းကို လှမ်းမေးလိုက်သည်။ ဆိုင်ထဲ မှလူတစ်ယောက်ထွတ်လာပြီး ကျနော်ကို ခဏစောင့် ပေးရန်ပြောသည်။ ဟိုဘက်ဂိုဒေါင်တွင် သွားယူရမည်ဖြစ်သော ကြောင့် ကျနော်ကို ထိုင်စရာ နေရာ ချပေးသည်။ ကျနော်လဲ စိတ်မြန်သူဖြစ်သဖြင့် အောင့်အီးပြီ မသက်မသာဖြင့် ထိုင်စောင့် နေရသည်။ ဆိုင်တွင်လူကျနေသောကြောင့် ကျနော်ကို သက်သက် ထိုင်စောင့် ခိုင်းသလားဟု တောင်ထင်မိသည်။

ဆိုင်တွင်ထိုင်နေတုန်း ကျနော်ရှေ့မှ ဝယ်နေသော ဈေးဝယ် တစ်ယောက်ကို ကျနော်သတိထားမိလိုက်သည်။ သူသည် ရုပ်ရည် ခပ်လက်လက် ရှိသူ။ ကျနော်နှင့်လဲ အသက် မတိုင်းမရိုန်းရှိသူဖြစ်သည်။ ဒီလူ သည် လိုချင်သော ပစ္စည်းစာရင်းပါလာဟန်ရှိသည်။ လက်ထဲ တွင်စာရွက်တစ်ရွက်ဖြင့် ဟိုပစ္စည်းမေးလိုက်ဒီပစ္စည်းမေးလိုက်လုပ်နေသည်။ အမျိုးအစား ဈေးနှုန်းများကို တိတိကျကျ စိတ်ရှည်ရှည်မေးသည်။ ဈေးသည်မှာလဲ သေသေချာချာ ပြန်ဖြေပေးသည်။ ကြည့် ရင်းနဲ့ ပင် ကျနော်တောင် အားကျလာသည်။ သူသည်ဈေးဝယ်ရာတွင် တော်တော် စေ့စပ်သည်။ သေချာသည်။ ဈေးလဲ စစ်လိုက်သေးသည်။ စိတ်ထဲတွင် ချီး မွမ်း မိလိုက်သေးသည်။ သူ မကြိုက်သော ပစ္စည်းကို ချက်ချင်းပြန်လဲ သည်။  သေချာအောင်တစ်ခါတည်း ပစ္စည်းကို စမ်းပြီးမှ ဝယ်သည်။ အမျိုုးအစား နှစ်မျိုးသုံးမျိုးရှိပါက အကုန်လုံးကြည့်ပြီးမှ သူအကြိုက်ဆုံးကိုရွေး ဝယ်သည်။ သူလဲ ပိုက်ဆံရှင်း တော့ ကျနော်လဲ သေသေချာချာ အကဲ ခက်နေမိသည်။ ပါလာသော ပိုက်ဆံကိုသေသေချာချာ ရေသည်။ ပြီရင် ကျသင့်ငွေကို ပေး။ ပြီးတော့ လက်ကျန်ငွေကို ပါပြန်ရေလိုက်သေးသည်။ အားလုံးလဲ ပြီးရော tool box လေးတစ်လုံ အပိုလက်ဆောင်တောင်းလိုက် သေးသည်။ ဆိုင်ရှင်လဲ ပေးလိုက်ပါသည်။ တော်တော် ကို ဈေးဝယ် တော်သော သူဟု စဉ်းစား နေမိသည်။ ဈေးလဲ စစ်လို်က်သေးသည်။ ပစ္စည်းလဲ အစစ်တောင်းလိုက်သေးသည်။ သူနောက်ထပ် ထပ်တောင်းလိုက်သည်။ သူထပ်တောင်းလိုက်တဲ့ ပစ္စည်းအတွတ်နဲ့  ကျနော်သူ့ အပေါ် ချီးမွမ်းထားတာ တွေ အလကားဖြစ်သွားတော့သည်။  သူနောက်ဆုံးတောင်းခဲ့ တာ ဘောက်ချာအလွတ်တဲ့……………….