၁၉၉ဝ ပြည့် နှစ် ရွေးကောက်ပွဲအနိုင်ရပါတီအမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် အပါအဝင် ပါတီ ၁ဝ ပါတီ အား ၂၀၁ဝ ရွေးကောက် ပွဲအတွက်ပြန်လည် မှတ်ပုံတင်ခြင်း မရှိ သည့် အတွက် ဖျက်သိမ်း

etoneSeptember 16, 20101min700



ယနေ ့ညနေ ၆းဝဝ နာရီခန် ့က မြန်မာ့ ရုပ်မြင်သံကြားမှ ၁၉၉ဝ ပြည့် နှစ် ရွေးကောက်ပွဲအနိုင်ရပါတီအမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် အပါအဝင် ပါတီ ၁ဝ ပါတီ အား ၂၀၁ဝ ရွေးကောက် ပွဲအတွက်ပြန်လည် မှတ်ပုံတင်ခြင်း မရှိ သည့် အတွက် ဖျက်သိမ်း လိုက်သည် ဟု သတင်းထုတ်လွှင့်သွားသည်။

သက်တမ်း ၂၂ နှစ် ရှိပြီ ဖြစ်သည့် အမျိုးသားဒီမို ကရေစီ  အဖွဲ ့ချုပ်သည် စစ်အစိုးရ မှာ နိုဝင်ဘာလရ ရက်နေ ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အား ဝင်ရောက်မည် ဟု မဟုတ် ဟု ဆုံးဖြတ် ကာသပိတ်မှောက် ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ပြည်ထောင်စု ပအိုးဝ်အမျိုးသားများ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် “ဝ”အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ များ ဖြစ်ပြီး ယခုနှစ် ရွေးကောက် ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်
ရန် လျှောက် ထားသော် လည်း လွှတ်တော် သုံးရပ် လုံးတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြု နိုင်သည့်ပါတီ များ ကို လည်း ဖျက်သိမ်းခဲ့သည်။မြန်မာ့ ရုပ်မြင်သံကြားမှ ထုတ်လွှင့် ခဲ့သည့် ထိုသတင်း ကို ကြည့်ရှု ခဲ့ရသည့် စာရေးဆရာ တစ်ဦးက NLD ကိုဖျက်သိမ်း လိုက်ပြီပေါ့..ဘယ်လို အကျိုးဆက် တွေ ဖြစ်လာမလဲ ဆိုတာ တော့ စောင့်ကြည့် ရမယ် ဟု သုံးသပ် ပြောဆိုသည်။

အမျိုးသား ဒီမို ကရေစီ အဖွဲ ့ချုပ် သည် ရွေးကောက်ပွဲ မဝင်တော့ရန် ဆုံးဖြတ် ပြီးနောက် လူမှုရေးလုပ်ငန်းများ ကို တိုးမြှင့် လုပ်ဆောင် သွားမည် ဟု ဆိုခဲ့သည်။

နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသည့် NLD ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မူ နိုင်ငံသား များသည် ရွေးကောက် ပွဲ တွင် မဲမပေးဘဲ လည်း နေနိုင်သည် ဟု ပြောဆိုခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ်သည် ရွေးကောက် ပွဲတွင် မဲမပေးရေး လှုပ်ရှားမှု များ ကို စတင်လျှက်ရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် အား ဖျက်သိမ်းရန် အတွက် တရုတ် ပြည်တာဝန် ရှိသူများ မှ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို အကြံပေးခဲ့သည် ဟု ဆိုသည်။