ပြည်သူတို ့က ၎င်းတို ့ဘဝ မလုံခြုံတော့ ဘူးဟု ခံစားနေရ၍ ပဲခူးမြို ့ပေါက်ကွဲလု နီးနီးဖြစ်နေ

etoneSeptember 16, 20101min867

i

က်တင်ဘာလ ၄ ရက်နေ ့ညက
စစ်တပ် အရာရှိ မှ အမိန် ့ပေးသဖြင့်
စစ်သား များ ကပစ်သတ်၍ သေဆုံးပြီး
နောက် ပဲခူးမြို ့တွင် လုံခြုံရေး တင်းကျပ်
ထားသော် လည်း နိုင်ငံရေး နှင့်
လူထု အုံကြွမှု ဖြစ်ပေါ် ရေး အတွက်
လှုံဆော်စာ များ နေ ့စဉ် ဝေငှမှု ရှိသည် ဟု သတင်းရရှိသည်။

ယနေ ့နေ ့လည် ၁၂ နာရီခန် ့က ပဲခူးမြို ့နာရီ စင် အနီး တွင် ကပ်ထားသည့် လှုံ
ဆော်စာများကို ပြည်သူ အများအပြား က လာရောက် ကြည့်ရှု ရာ မှ  ရဲတပ်ဖွဲ ့က
စစ်တပ် ကို အကြောင်းကြား၍ ခွာယူရသည်။စစ်တပ်က ပစ်သတ်မှု ဖြစ်ပွားပြီး နောက်ပိုင်း တွင် ပဲခူးဒေသခံ တို ့မှာ ၎င်းတို ့အိမ်များတွင် တူမီး၊ဒူလေး ၊မျှား၊လှံ ၊မှိန်း၊ ငှက်ကြီးတောင် စသည့် ရရာ လက် နက်များ ကို စုဆောင်းလာကြသည်။ပဲခူးမြို ့ရွှေ့မော်ဓော ဘုရား အနီးတွင် နေသည့် မီးရထား ဝန်ထမ်းဟောင်း တစ်ဦးက မူ အဘ တို ့အိမ်မှာ ရှိ တဲ့ ဒူးလေး ကို ထုတ်မသုံးတာ ကြာပြီ အမဲ လဲ မပစ်တော့ ဘူးဆိုတော့ အခု တော့ဆောင်
ထားရပြီ နောက်တစ်ခါ ဒီလို  ကိစ္စမျိုးဖြစ်ရင် တော့ သူသေ ကိုယ်သေ ပဲ ဟု နာကျဉ်းစွာဖြင့်
Freedom News Group သို ့ပြောသည်။စက်တင်ဘာ ၄ ရက် အိပ်မက်ဆိုး ကြောင့် ပဲခူးမြို ့ခံ တို ့မှာ မိမိတို ့ဘဝ လုံခြုံမှု မရှိ ဟု ခံစားနေရသဖြင့် အထက်တန်းပြ ဆရာမ သည် ပင်လျှင် အိပ်ထဲဉ် ဓားမြှောင် ဆောင်ထားသည် ဟု
သိရသည်။ပဲခူးမြို ့ခံ တို ့အား စစ်တပ်မှ ဆော်ကားပြီး နောက်တွင် ရှေးဟောင်း ကိုယ်လုံ ပညာ ဂိုဏ်းများ
ဖြစ်သည့် ဥဿာရာမ နှင့် ရွှေဟင်္သာ ဂိုဏ်းများ မှာ ပြည်သူကို ကာကွယ်စောင့် ရှောက်ရန် အတွက်
ပြန်လည် ဖွဲ ့စည်း လိုက်သည် ဟု သိရသည်။နိုဝင်ဘာ လ ရ ရက်နေ ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပဲခူး ဒေသခံ အများစု မှာ မဲပေး
ကြမည် မဟုတ် သည့် ပြင် ၎င်းတို ့၏ ဆန္ဒ ကို လည်း ထုတ်ဖော်မည် ဟု သိရသည်။

ref; Freedom News Group

7 comments

  • Gong Zhu

    September 16, 2010 at 2:42 am

    ဘာတွေဖြစ်မှာလဲမသိဘူးကြောက်တယ် . . .

  • thidakywewa1

    September 16, 2010 at 2:55 am

    အင်း ဘာတွေဖြစ်ကုန်ကျပြီလဲဟင်……

  • bigcat

    September 16, 2010 at 3:04 am

    ပဲခူးပြီးရင် ရန်ကုန်ပဲဗျို့။

  • char too lan

    September 16, 2010 at 3:19 am

    88 မျိုးဆက်တော့ဟုတ်ဘူး
    ဒါမျိုးတွေကြားရင် အလိုလိုကိုစိတ်လှုပ်ရှားနေတာ!!
    အဖေ့ဆီမှာလဲ ဂျင်ကလိ ဆိုလား ဒူးလေး ဆိုလား…ဆိုလား..ဆိုလား
    တွေရှိတယ် အိမ်ရောက်ရင်ကုတင်အောက်ကပြန်ရှာရမယ်

  • hinthada

    September 16, 2010 at 4:39 am

    စစ်တပ်က အုံကြွမူ ဖြစ်အောင်များတမင်လုပ်နေတာလို.ထင်မြင်မိပါတယ်..နောက်တကြိမ် အုံကြွမူဖြစ်ရင်အာဏာသိမ်းမူ ထပ်ဖြစ်နိုင်ပါတယ်…ပြည်သူတွေ ရဲ.သွေး မြေမစွန်းစေချင်တော့ပါ…

  • japanesegirl

    September 16, 2010 at 6:09 am

    လုပ်ဇာတ်တွေခင်းနေပြီးနဲ့တူတယ်နော်………
    သတိထားမှပဲ…နော်…..

  • kyansitthar101

    September 16, 2010 at 9:21 am

    လုံခြုံမှုမရှိတော့ဘူးဆိုရင် နေရထိုင်ရတာ ပျော်စရာကောင်းမှာမဟုတ်ဘူး
    ကိုယ်ချင်းစာပါတယ်။

Leave a Reply