ပြန်လာခဲ့ပါသူငယ်ချင်း …….

fattySeptember 16, 20101min1243

ငါတို့မြန်မာပြည်မှာ … အဂတိလိုက်စားမှုတွေ .. မတရားမှုတွေရှိပေမဲ့ ..မြန်မာလူမျိုးတွေဟာရိုးသားကြပါတယ် …ပြန်လာခဲ့ပါသူငယ်ချင်း ..။

ငါတို့မြန်မာပြည်မှာ … ၂၄ နာရီရေမီးအပြည့်အစုံ ..မရှိပေမဲ့ ……. လမ်းဘေးရေအိုးစင်လေးတွေမှာ ရေအပြည့်ရှိပါတယ် ..ပြန်လာခဲ့ပါသူငယ်ချင်း ..။

ငါတို့မြန်မာညြ်မှာ … ဂျေဒိုးနပ်တို့ …တိုကျိ ဖရိုက်ချစ်ကင်းတို့အပြင် .. ဆီအိုးထဲကိုပလပ်စတစ်ရေသန့်ဗူးခွံနဲ့အကြော်နဲ့ရောကြာ်ထားတဲ့ ..ကြာရှည်ခံနည်းပညာတွေ
တိုးတက်နေပါပြီ … အကြော် coating လုပ်တာပေါ့ ….ပြန်လာခဲ့ပါသူငယ်ချင်း ..။

ငါတို့မြန်မာပြည်မှာ … မင်းတို့ဆီမှာလို .. ကာစီနိုမြို့ပြကြီးတွေမရှိပေမဲ့ …ချဲဒိုင်တွေ ဘောပွဲဒိုင်တွေကတော့ …ပေါမှပေါ …ပြန်လာခဲ့ပါသူငယ်ချင်း ..။

ငါတို့မြန်မာပြည်မှာ … Taxas မှာလို ..ကောင်းဘွိုင်တွေ တဒိုင်းဒိုင်း လုပ်မနေပေမဲ့ .. မင်းစစ်ထဲဝင်ရင် .. ကြိုက်တဲ့ကောင်ပြစ်သတ်လို့ရတယ် …ပြန်လာခဲ့ပါသူငယ်ချင်း ..။

တခုတော့ရှိတယ် ..မင်းပြန်လာရင် .. မင်းကိုယ်မင်းကာကွယ်ဖို့ 9MM တလက်လောက်တော့ယူခဲ့ပေါ့ ..။

3 comments

  • လင်းဝေကျော်

    September 16, 2010 at 5:36 am

    တစ်လက်ယူလာရင် ပိုမြွေကိုက်သွားမှာပေါ့

    ပိုက်ဆံတစ်ထပ် ယူလာမှ ရမှာ

  • ဆူး

    September 16, 2010 at 6:00 am

    ပိုက်ချံ ပါရင် အဆင်ပြေတယ် ကျန်တာ မလိုဘူး။

  • char too lan

    September 16, 2010 at 6:03 am

    ပြန်လာချင်တယ် သယ်ရင်း
    ထိန်ထိန်လင်းတဲ့ မင်းတို့ရွာကို………
    ပြန်လာချင်တယ် သယ်ရင်း
    အရိပ်မရှိတော့တဲ့ မင်းတို့ပြည်ကို………..
    ပြန်လာချင်တယ် သယ်ရင်း
    ပွဲမရှိတော့တဲ့ရွှေတိဂုံမြေကို………..
    .

Leave a Reply