ပဲခူး လူသတ်မှု စစ်တပ်က အရေးမယူ……….. ၊ရဲမွန် တပ်မှ တပ်ရင်းမှုး များ ကို အရေးယူ

etoneSeptember 16, 20101min935

ရဲမွန် တပ်မြို ့ ရှိ တပ်ရင်းများ မှ ရှောင်တစ်ခင် အလစ်အငိုက် ဖမ်းဆီးထားသော တပ်ရင်းမှုး
နှင့် ဗျူဟာမှုး ရှစ်ဦးအား နေပြည်တော် တွင် စစ်ခုံရုံး တင်ကာ စစ်ဆေးနေသည်။၎င်းတို ့အား
မိသား စု နှင့် တွေ ့ခွင့် မပေးသည့် ပြင် အပြင်းအထန် နှိပ်စက် ထားသည် ဟု သံချပ်ကာ ယန္တယား
တပ်မှ အရာရှိ တစ်ဦး က FNG သို ့ပြောသည်။

စစ်သား စုဆောင်း လစာငွေ ထုတ်မပေးမှုကြောင့် အခြား အဆင့် တပ်သားများ ဆန္ဒ ထုတ်ဖော်မှု
တွင် ဂရုဏာ သက်မိသည့် တပ်ရင်းမှုး များ အပြင် အရာရှိ များ ကို ပါဖမ်းဆီးထား သည် ဟု သိရသည်။
ရဲမွန် တပ်မြို ့ အား အခြား တပ်တစ်ခု က သိမ်းပိုက် ထားပြီး ဌာနေ တပ်သား များ ကို တပ်ပြင် ထွက်ခွာ
ခွင့် ကန် ့သတ်ထားသည်။

ရဲမွန် အခြေစိုက် တပ်ရင်းများ မှ တပ်သားနှင့် အရာရှိ  များ အားအရေးယူသော် လည်း စက်တင်ဘာလ ၄
ရက်နေ ့က ပဲခူးမြို ့ ဇိုင်ဂနိုင်း ရပ်တွင် လူငယ် နှစ်ဦး အား ပစ်သတ် ခဲ့သည့် ခလရ (၅၉) မှ တာဝန်ရှိသူ
များ ကို အရေး ယူမှု မရှိသေး ဟု သိရသည်။

ref:FNG

5 comments

  • kyansitthar101

    September 16, 2010 at 9:12 am

    ဒီသတင်းကို သူတို့ မထုတ်ပြန်ကြဘူးနော်
    ဘယ်လိုအရေးယူထားတယ် ဘယ်ပြစ်မှုမျိုးလဲ ဆိုတာသိချင်တယ်

  • moethidasoe

    September 17, 2010 at 8:52 am

    ရှူး တိုးတိုး .. ရဲမွန်က အရင် ဖြစ်တာလေ .. ဒါကြောင့် သူက စောတာ လို့ တွေးပေးကြပါ .. လာမယ် လာမယ် လာမယ် .. ?????????

  • cobra

    April 13, 2011 at 3:00 pm

    ဒီလိုသတင်းမျိုးဆိုသူတို့ကဘယ်လိုကြေညာမှာလဲ..။

  • naywoonni

    April 13, 2011 at 3:24 pm

    ဖခင် ဘုရင်ကြီးမှာ…. မကြားလိုပါ မကြားလိုပါ… သတ်လိုလျှင် သတ်လိုက်ပါတော့….. ဟီး နာ့ကိုမဟုတ်ဘူးနော် ဟိုအကောင်တွေကိုပြောတာ…။ လမ်းမှာ အလေနတ်တော အကြောင်းမဲ့ဟောင်နေတဲ့ခွေးလေခွေးလွင့်တွေကိုပြောတာ…။ အဟုတ် ညည ကျရင် ဘာမှန်းမသိဘူး အရမ်းဆိုးတဲ့ ခွေးဝဲစားတွေ..။ ဘာမှမဟုတ်ဘဲလိုက်လိုက်ဟောင်တယ်..။ ခဲနဲ့ထု လွှတ်လည်းမရဘူး ..။ ဟီးးးးးးးးးရောကုန်ပြီ

  • winkyawaung

    April 14, 2011 at 12:06 pm

    ဘယ်လောက် သတင်းအမှောင်ချထားလဲ အချိန်တန်တော့ ထွက်လာကြတာပါဘဲ.

Leave a Reply