အချစ်ကိုနားလည်ခြင်း

etoneSeptember 16, 20101min1024

အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့
ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …သူ့စိတ်ထဲမှာ
ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ
မကြာခဏ ကြားနေရမှာပါပဲ။သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို
အပြည့်အဝ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ
ထားဦးတော့ ကိုယ့်စိတ်ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ်
တွေကရှိလာပြန်ပါတယ်။

မိန်းမသားတွေ နဲ့ ယောက်ျားတွေရဲ ့ အတွင်းစိတ်မတူညီမှုတွေကြောင့်
တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။

မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ
တိုက်ရိုက် မပြောတတ်ပါဘူး။မျက်နှာစူပုပ်နြေ
ပီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့
မိန်းမတစ်ယောက်ကို သူ့ချစ်သူက “ဘာဖြစ်နေတာလ”ဲ လို့ မေးရင် “ဘာမှမဖြစ်ဘူး”
လို့ပဲ ပြန်ဖြေမှာပါပဲ။သည်းထန်စွာ ငိုကြွေးနေဦးတော့၊ ငိုရှိုက်နေတဲ့
ကြားကပဲ “အီး..ဟီး..ဟီး…ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး ဆို”  လို့
ပြန်ဖြေမှာပါပဲ။

ယောက်ျားတစ်ယောက်ကျတော့ အဲလို မဟုတ်ပြန်ပါဘူး။“ဘာဖြစ်နေတာလဲ။
ဘာပြဿနာရှိလဲ” လို့ ယောက်ျားတစ်ယောက်ကို သူ့ချစ်သူ အမျိုးသမီးက မေးရင်
“အေး…ပြဿနာကတော့ မင်း”ပဲ ဆိုပြီး တဲ့တိုး ပြန်ဖြေမှာပါ။

မိန်းမတွေကို သူ့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊ ဘာတွေရှိနေတယ်ဆိုတာ
အလွယ်တကူ မသိနိုင်ပါဘူး။ဒါပေမယ့် မိန်းမတွေ အားလုံး တူညီတဲ့ လိုအင်ကတော့
သူတို့ ဝမ်းနည်း ငိုကြွေးရင် မှီတွယ်စရာ ပခုံးတစ်ဖက် ကို အလိုရှိတာပါပဲ။

မိန်းမတွေဟာ သူတို့စိတ်ထဲမှာ သူတို့ကိုယ် သူတို့ လုံခြုံမှုရှိတယ်။
ယောက်ျား
တစ်ယောက ်ကြောင့် လုံခြုံမှုရတယ်လို့ စိတ်ထဲမှာ ခံစားရတယ်ဆိုရင် အဲဒီ
မိန်းမဟာ ဘဝမှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘဝတစ်ခုကို
ပိုင်ဆိုင်နိုင်ပါတယ်။ ယောက်ျားတစ်ယောက်ကြောင့် မိန်းမတစ်ယောက်ရဲ
့စိတ်မှာ လုံခြုံမှုရတယ် ဆိုရင် ဒီအချစ်ဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ
မဟုတ်ပါဘူး။

ယောက်ျားတစ်ယောက်ကျတော့ သူ့စိတ်မှာ သူဟာ မိန်းမတစ်ယောက်ရဲ ့
လိုအပ်ခြင်းကို ခံရတယ်လို့ ခံစားရရင် အဲဒီယောက်ျားဟာ ဘဝမှာ ပျော်ရွှင်ပြီး
အောင်မြင်တဲ့ဘဝ ကိုဦးဆောင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်လာပါတယ်။

ယောက်ျားတွေ အချစ်သစ်ရှာကြတယ်ဆိုတာမှာ များသောအားဖြင့်က
လက်ရှိချစ်သူက မိမိကို အားကိုးခြင်းမရှိဘူး။ လက်ရှိချစ်သူ အမျိုးသမီးက
သူ့ ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး ဘဝမှာ ချစ်သူ အမျိုးသား မပါဘဲ
အောင်မြင်နိုင်တဲ့ အမျိုးသမီးဖြစ်နေတတ်တာမျိုးဆို

ရင် ချစ်သူ အမျိုးသားက
အချစ်သစ်ရှာတတ်ပါတယ်။ အဲဒီ အချစ်သစ်ဟာ သူ့ကို အားကိုးတဲ့ ၊ အစစ အရာရာ
အမျိုးသားထက် နိမ့်ပါးသူ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း ယောက်ျားတစ်ယောက်ရဲ
့စိတ်သဘာဝပါပဲ။ အချစ်စစ် ဆိုတာ ရင်ထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမယ့်
ယောက်ျား တစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ ့ ဘဝမှာ သူ့ကို မလိုအပ်ဘဲ
အောင်မြင်နိုင်တယ်လို့ ယူဆသွားရင် အဲဒီယောကျာ်းဟာ တခြားတစ်ယောက်ကို
ပြောင်းချစ်မှာ အသေအချာပါပဲ။

မိန်းမတစ်ယောက် အနေနဲ့ကျတော့လည်း သူမ ကို မြတ်နိုးစုံမက်တဲ့ ၊
သူ့စိတ်မှာ အားကိုးရာလို့ ထင်မြင်နိုင်မယ့် ယောက်ျားတစ်ယောက်ကို
သာအလိုရှိပါတယ်။ ရုပ်ဝထ္ထုပစ္စည်း ကြွယ်ဝချမ်းသာမှု နဲ့ မဆိုင်ဘဲ
စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှု ပေးနိုင်မယ့် ယောက်ျားတစ်ယောက်ကို
ဘဝမှာလက်တွဲလိုပါတယ်။

မိန်းမတစ်ယောက်ကို စည်းစိမ် ဥစ္စာ ပြည့်စုံအောင် ထားပေးနိုင်တာနဲ့
အဲဒီ မိန်းမကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်တယ်လို့
မဆိုနိုင်ပါဘူး။ မိန်းမတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိဖို့
ဆိုတာက သူမ တစ်ယောက်တည်းကိုသာ ချစ်သူအမျိုးသားက မြတ်နိုးတယ် ဆိုတာ
သူမစိတ်မှာ သိထားရင် လုံလောက်ပါပြီ။

ချစ်သူ အမျိုးသားရဲ ့ ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ သူမ အတွက်
ဘဝမှာ ခွန်အားပါပဲ။ဒါပေမယ့် အမျိုးသားတွေကကျတော့ ချစ်သူ အမျိုးသမီးကို
ချစ်တယ် ဆိုတာ ဘဝမှာ တစ်ခါ ပြောပြီးရုံနဲ့ လုံလောက်ပြီ
ထင်တတ်ကြပါတယ်။မိန်းမတစ်ယောက်အတွက် ချစ်သူ အမျိုးသား
ရဲ ့သိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်းဟာ နေ့စဉ်လိုအပ်ပါတယ်။ သူမရဲ
့ကြောက်ရွံ ့ မှုတွေ၊ သူမရဲ ့
ဝမ်းနည်းအားငယ်မှုတွေကို ချစ်သူအမျိုးသားကို ပြောပြဝေမျှ ပါတယ်။
သူမငိုချင်ရင် အချိန်မရွေး သူမ ငိုနိုင်ပါတယ်။

ယောက်ျားတွေကျတော့ အဲလို မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက်
ဝမ်းနည်းအားငယ်မှု ၊ ကြောက်ရွံ ့ မှု ၊ ထိတ်လန့်မှုတွေကိုလည်း
အမျိုးသားများ အနည်းနဲ့ အများ ဆိုသလို ခံစားရပေမယ့် ချစ်သူ အမျိုးသမီးကို
ဝေမျှ ပြောပြလေ့မရှိပါဘူး။ ငိုတယ်ဆိုတာ ယောကျာ်းအလုပ် မဟုတ်ဘူး။
ယောက်ျားတွေဟာ ဘယ်တော့မှ မငိုဘူးဆိုတဲ့ တလွဲအတွေးနဲ့ သူတို့ဟာ
ခံစားချက်တွေကို ဝေမျှဖို့ အလွန် ကပ်စေးနှဲသူများ ဖြစ်တတ်ကြပါတယ်။
တကယ်လို့ ခံစားချက်တွေကို ဝေမျှ လိုက်ရင် ပြေလည်သွားမယ့်
ဆက်ဆံရေးတစ်ခုမှာ ယောက်ျားတွေရဲ ့ အဲလို တလွဲမာနကြောင့် အက်ရာ ထင်ခဲ့ရတဲ့
ဆက်ဆံရေးတွေ၊ ပြိုပျက်ခဲ့ရတဲ့ ဆက်ဆံရေးတွေ အနည်းနဲ့ အများရှိပါတယ်။

ပညာတတ် ၊ ရာထူး နဲ့ မိန်းမတွေဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ
မအောင်မြင်တတ်ဘူး။ ချစ်သူ ယောက်ျားရဲ ့ စွန့်ပစ်ခြင်းကို ခံရတယ်ဆိုတဲ့
ကြားနေရတဲ့ လူမှုဆက်ဆံရေးနယ်ပယ်က စကားတွေက မှန်သင့်သလောက်တော့မှန်ပါတယ်။
တကယ်ပဲ အဲလိုဖြစ်နေတာတွေ ရာခိုင်နှုန်းမများလှပေမယ့် ရှိနေတာပါပဲ။တကယ်တန်း
မချစ်လို့ မဟုတ်ဘဲယောကျာ်း
တစ်ယောက် ရဲ ့တလွဲမာန နဲ့ မိန်းမတစ်ယောက်ရဲ ့
မပွင့်လင်းမှုတွေကြောင့်ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။

မိန်းမတစ်ယောက်အနေနဲ့ သူမရဲ ့ စိတ်ကို လုံခြုံနွေးထွေးမယ့် ၊
သူမတစ်ယောက်ကို သာလျှင် မြတ်နိုးမယ့် ယောက်ျားတစ်ဦးကိုသာ
အလိုရှိပါတယ်။ယောက်ျားတစ်ယောက်ကတော့ သူ့ကို လိုအပ်မယ့် မိန်းမတစ်ယောက်ကို
သာအလိုရှိပါတယ်။

ရေရှည်ခိုင်မြဲတဲ့ အချစ်တစ်ခု ဖြစ်ဖို့ရာမှာတော့
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်ပြီဆိုရင် သူမ
ကိုချစ်တဲ့အကြောင်း နေ့စဉ် တစ်ခွန်းလောက်ပြောဖို့ လိုအပ်ပါတယ်။
ချက်ပြုတ်ကျွေးမွေးတဲ့ အစားအသောက်များကို ချီးမွမ်းပေးဖို့ ၊
ဝတ်တဲ့အဝတ်နဲ့ လိုက်ဖက် လှပကြောင့် ချီးမွမ်းစကားလေးတွေ ပြောဖို့
လိုအပ်လှသလို မိန်းမတစ်ယောက်ကျတော့ ချစ်သူအမျိုးသားဟာ သူမဘဝအတွက်
အရေးပါတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ၊ သူမဘဝအတွက် ချစ်သူအမျိုးသား
အမြဲလိုအပ်နေတယ်ဆိုတာ ၊ သူမ ဘယ်လောက် ယုံကြည် အားကိုး တယ်ဆိုတာ
အမျိုးသားကိုသိစေမယ်ဆိုရင် လှပအေးချမ်းတဲ့ အချစ်ဘဝ တစ်ခု အစဉ်အမြဲ
ဖြစ်နေမှာပါပဲ။

4 comments

  • smytu1996

    September 16, 2010 at 10:00 am

    ”ချစ်သူ အမျိုးသားရဲ ့ ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ သူမ အတွက်
    ဘဝမှာ ခွန်အားပါပဲ။” Thats is right but it lead so many people to do misuse in life.Take good thinking in concerning with your status is a must.Thanks.

  • julyko

    September 16, 2010 at 12:26 pm

    တစ်သက်မှာ တစ်ခါတော့ချစ်ဖူးခဲ့ကြတာပါပဲ..အခုခေတ်ကြီးမှာတော့ အချစ်ဆိုတာကို ပေါ့ပြတ်ပြတ်တွေးတတ်ကြပါတယ်…ဒါပေမယ့် လေးနက်တဲ့ အတွေးတွေနဲ့ နားလည်ပေးနိုင်တဲ့
    ကြင်နာမှူတွေနဲ့ဆိုရင် smt ပြောသွားသလို ချစ်သူအမျိုးသားရဲ့ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းဟာ
    သူမအတွက် ဘဝမှာ ခွန်အားပါပဲ ဆိုတာလေးကို သဘောကြပါတယ် . . .julyko90@gmail.com

  • julyko

    September 16, 2010 at 12:32 pm

    တစ်သက်မှာ တစ်ခါတော့ချစ်ဖူးခဲ့ကြတာပါပဲ..အခုခေတ်ကြီးမှာတော့ အချစ်ဆိုတာကို ပေါ့ပြတ်ပြတ်တွေးတတ်ကြပါတယ်…ဒါပေမယ့် လေးနက်တဲ့ အတွေးတွေနဲ့ နားလည်ပေးနိုင်တဲ့
    ကြင်နာမှူတွေနဲ့ဆိုရင် သိပ်ကောင်းမှာပါ .julyko90@gmail.com

  • Gong Zhu

    September 16, 2010 at 1:33 pm

    ”ချစ်သူ အမျိုးသားရဲ ့ ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ သူမ အတွက်
    ဘဝမှာ ခွန်အားပါပဲ . . . သိပ်ဟုတ်တာပဲ အမျိူးသားအတွက်လည်း ချစ်သူ အမျိုးသမီးရဲ့ ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ သူ့ အတွက်
    ခွန်အား ပဲနေမှာပေါ့နော်

Leave a Reply