ဒေါ်အောင်ဆန်းစု ကြည်၏ သဘောထား ( ၆ ) ချက်

BayoteMarch 31, 20101min1086

မှတ်ပုံတင် ထပ်မံလုပ်ဖို ့မလို၊ ယခင် မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။

၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ ့ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။

She would never accept the 2008 State Constitution of the military junta and would stick to Shwegonedine Declaration, which was issued by the NLD on April 29 last year.

၂။ တရားမျှတမှု မရှိ၊ တစ်ဘက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းလမ်း မကျ။

She would never accept political party registration law and elections promulgated by the military junta as these laws are unjust and unfair.

၃။ အဖွဲ ့ချူပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်။

The NLD is not her own property. Neither is it the property of anyone.

၄။ အဖွဲ ့ချူပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝ မကြိုက်၊ လက်မခံ။

She is not in favour of hatching personal followers within the NLD.

၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားပါ။

She would like to say the people of Burma that she would continue to strive for democracy in Burma.

၆။ အဖွဲ ့ချူပ် ဖျက်သိမ်းခံရလျှင် အဖွဲ ့ချူပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်း မဟုတ်။

Even if the NLD is abolished, she does not consider it as the end of the NLD.

ပေးပို့သူ ခမိခဆဲ……

6 comments

  • susunosuki

    April 15, 2010 at 4:20 pm

    အမှန်အကန်ဟုတ်ပါ့မလား
    သူမက အပြင်နဲ့ အဆက်အဆံ မှ မရှိတာပဲ
    ကြည့်လည်းလုပ်ပါဦး

  • asiamasters

    October 22, 2010 at 11:13 am

    ဒေါ်အောင်ဆန်းစုကြည် (ခေါ်) Mrs. Michael နဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေရှိပါတယ်။ သာမန် နိုင်ငံသားတစ်ဦးအနေနဲ့ အယူဝါဒတွေနဲ့ပတ်သက်လို့ကတော့ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရကို အခုမဝေန်နိုင်လို့၊ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ မဝေဖန်ပါဘူး။ တစ်ခုပဲရှိပါတယ်။ လူသားတွေကိုအရင်ပြောင်းလဲမှာလား၊ အစိုးရကို အရင်ပြောင်းလဲမလားဆိုတာပါပဲ။ အစိုးရကြောင့်လူသားတွေပြောင်းလဲရတယ် ဆိုတဲ့အယူအဆ ထက် လူသားတွေကို အရင်ပြောင်းလဲနိုင်မှ ကောင်းမွန်တဲ့အစိုးရဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ဒီလိုလူသားတွေကို ပြောင်းလဲလိုသူတွေအများကြီးရှိတယ်။ ဒီလူတွေနဲ့မပူးပေါင်းပဲ၊ လူသားတွေကို မလေ့ကျင့်ပေးပဲ၊ အခု တွင်တွင်ပြောနေတဲ့ဒီမိုကရေစီကို ပြောင်းလို့မရနိုင်ဘူး။ ပြောင်းရင်လဲ ကလိမ်ကကျစ်တွေနဲ့ နင်းကြမ်းပြည့်နေတဲ့ ငရဲဘုံပဲဖြစ်မှာပဲ။ လူသားတွေကိုပြောင်းလဲဘို့ က ကိုယ်တိုင်က ဘဝမှာ Purposeful ဖြစ်ရမှာဖြစ်တယ်။ ရည်ရွယ်ချက်မရှိပဲ စိတ်ကောက်နေသလိုနေလို့မရဘူး။ အချိန်တွေ ကုန်သွားပြီ။ လူတွေဟာ သေခါနီးလူနာတွေလိုဘာမှ မတုန့်ပြန်နိုင်ကြတော့ဘူး။ မျှော်လင့်ချက် မှိန်မှိန်လေးတော့ရှိသေးတယ်။ ဒါက Information Technology ပဲ။ ဒါကိုမှ ဆက်မလုပ်နိုင်တော့ဘူးဆိုရင် ဘယ်အစိုးရတက်တက် ဒီကလိမ်ကကျစ်တွေ၊ Weak and Desperate တွေနဲ့ပဲဆက်လုပ်ရမှာဖြစ်ပါတယ်။

  • gwato

    October 22, 2010 at 1:00 pm

    ခုလက်ရှိကျင့်သုံးနေတဲ့ စနစ်က ဒီမိုကရေစီထက်တောင် အခွင့်အရေးသာသေးတယ်လို့ထင်တယ်
    ဒီမိုကရေစီရရင် လိုချင်တာကို တင်ပြတောင်းနေရအုံးမယ် ခုစနစ်က ပိုက်ဆံပေးလိုက်ရင် လိုတာဖြစ်နေတာပဲ..ဖုန်းတစ်ချက်ပဲလေ..

  • bigcat

    October 24, 2010 at 3:44 am

    အရေးကြီးပြီ ညီနောင်အပေါင်းတို့
    သွေးစည်းကာ ညီစေညီကြစို့
    ငါတို့ရဲ့ သမိုင်းသစ်ကို
    ဒေါ်စုရဲ့ ဦးဆောင်မှုနဲ့
    ညီညာဖျဖျ ပြကြစို့

    တတိယအင်အားစုလို့
    ကင်ပွန်းတပ်ထားတဲ့
    စစ်တပ်အောက်ဆွဲတွေကို
    ပြတ်ပြတ်သားသား ဆန့်ကျင်ကြစို့။

    အပေါ်က xxမာစတာဆိုတဲ့လူ ရေးတဲ့ ကွန်းမန့်ကို မနှစ်သက်ဘူးလို့ မဲပေးကြပါစို့။ အဲဒီမှတ်ချက်ကိုပဲ အောက်တိုဘာ ၂၃ နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် (ခေါ်) Mrs. Michael ပတ်သက်သမျှဆိုပြီး အဲဒီစာအတိုင်းပဲ ပို့စ်တင်ထားတာတွေ့တယ်။ သွားမဖတ်ကြပါနဲ့။

  • leo

    October 24, 2010 at 4:40 am

    အပေါ်က xxမာစတာက အကောင်းမြင်ဝါသမျိုးမဟုတ်ဘူး ….. လူထုကောင်းစားမယ့်အတွေးမျိုးရှိတဲ့ကောင်မဟုတ် …. ကိုကြီးကြောင်ပြောတာကိုလက်ခံပါတယ် …..

  • leo

    October 24, 2010 at 4:55 am

    ကျွန်တော့်အထင်ပြောရရင် ပြည်သူလူထုကိုအရင်ပြောင်းလဲဖို့ဆိုတာထက် လက်ရှိအုပ်ချုပ်နေတာကိုအရင်ပြောင်းလဲသင့်တယ် … အုပ်ချုပ်မှုပုံစံပြောင်းလဲလာမှ အခွင့်အလမ်းတွေပွင့်လာမယ် အလုပ်လက်မဲ့တွေလျော့ကျလာမယ် ပြည်သူလူထုဝင်ငွေတိုးလာမယ် ပြည်သူလူထုဖတ်ကအဖက်ဖက်က တိုးတက်လာမှ လူနေမှုဘဝမြင့်မားလာမှာမလား ……အဲ့တော့ xxမာစတာပြောတဲ့ (လူသားတွေကိုအရင်ပြောင်းလဲမှာလား၊ အစိုးရကို အရင်ပြောင်းလဲမလားဆိုတာပါပဲ။ အစိုးရကြောင့်လူသားတွေပြောင်းလဲရတယ် ဆိုတဲ့အယူအဆ ထက် လူသားတွေကို အရင်ပြောင်းလဲနိုင်မှ ကောင်းမွန်တဲ့အစိုးရဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ) စကားဟာလုံးဝ(လုံးဝ)ကိုအဓိပ္ပာယ်မရှိဘူး …… မြန်မာပြည်သူပြည်သားတွေ ဘယ်သူမပြောင်းလဲချင်မှာလည်း … အုပ်ချုပ်ရေးစနစ်ကအရာရာကို ထိမ်းချုပ်နေတော့ ဘယ်လိုလုပ်ပြီးပြောင်းလဲနိုင်မှာလည်း …. ဘုရင်ပြောင်းလဲသွားလို့ပဲ တိုးပြည်တိုးတက်တယ် ဆုတ်ယုတ်တယ်ပဲရှိတာ ….

Leave a Reply