ကင်ဆာပျောက်တယ်လို့ ပေါ်ပြူလာဖြစ်နေတဲ့ ဂျုံမြက်နုအကြောင်း အစုံအလင်

Good IdeaSeptember 16, 20101min831

ကင်ဆာရောဂါတွေ ပျောက်ကင်းစေတဲ့ ဂျုံမြက်နုဆေးပင် ဆိုပြီး သတင်းစာမျက်နှာ
တွေပေါ်မှာ အခုတလော တော်တော်လေး တွေ့နေရပါတယ်။ လက်ရှိ ဒီဆေးဘက်ဝင် အပင်ကို
ပြည်တွင်းမှာ ပထမဦးဆုံး စတင်ဖြန့်ချိတာ တစ်နှစ်လောက် ရှိသွားပြီ ဖြစ်တဲ့
FAME ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကနေ မကြာသေးမီက ပြုလုပ်ခဲ့တဲ့
ဟောပြောပွဲတစ်ခုမှာ ကင်ဆာရောဂါတွေကို ခုခံတိုက်ဖျက်ဖို့ အကောင်းဆုံး
ဆေးတစ်မျိုး ဖြစ်တယ်လို့ FAME ရဲ့ မန်နေးဂျင်းဖြစ်သူ အင်္ဂလန်မှ Alternative
Medicine (ခေတ်သစ်သဘာဝဆေးပညာ) ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ယူလာသူ
ဒေါက်တာခင်မောင်လွင်မှ ပြောကြားသွားခဲ့ပါတယ်။
လက်ရှိ ပြည်တွင်းဈေးကွက်မှာ လုံလောက်စွာ ဖြန့်ဖြူးရောင်းချ ပေးနေသလို
ပြည်ပနိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊
မလေးရှား စတဲ့ နိုင်ငံများကနေ ဝယ်ယူရန် ကမ်းလှမ်း လာကြတယ်လို့ FAME ရဲ့
ပြောရေးဆိုခွင့်ရှိသူ ဆေးဝါးတာဝန်ခံတစ်ဦးက မီဒီယာများသို့ ပြောပြပါတယ်။
ဒီတော့ ဒီလောက်တောင် အစွမ်းထက်ကြောင်း နာမည်ရလာတဲ့ ဂျုံမြက်နုနဲ့
ပတ်သက်လို့ သေသေချာချာ သိရအောင် ဂျုံမြက်နုနဲ့
ပတ်သက်သမျှ အကြောင်းအရာ တွေကို စုစည်း တင်ပြပေး လိုက်ပါတယ်။

ဂျုံမြက်နု ဆိုတာ………….

ဂျုံမြက်နုဆိုတာ Triticum aestivum လို့ သိပ္ပံအမည်ရတဲ့ ကျွန်တော်တို့
နေ့စဉ်စားနေကျ ဂျုံပင်လေးတွေရဲ့ အစေ့ရွက်ကနေ ဖြစ်လာတဲ့ အပင်လောင်းလေးတွေ
ဖြစ်ပါတယ်။ ဒီဂျုံပင်လောင်းလေးတွေ ၈ ရက်သားကနေ ၁ဝ ရက်သားအတွင်း
ရိတ်သိမ်းမှသာ အရည်အသွေး အပြည့်ဝဆုံး ဂျုံမြက်နုကို ရရှိနိုင်ပါတယ်။
အရွယ်ရောက်ပြီးသား ဂျုံပင်တွေမှာတော့ ကျန်းမာရေးအထောက်အကူပြု အစွမ်းတွေ
နည်းပါးသွားတာကို တွေ့ရှိရပါတယ်။
ဂျုံမြက်နုဟာ ကျွန်တော်တို့ အာရှမှာ မကြာသေးမီ ကမှ စားသုံးခြင်း အတန်ငယ် ရှိလာပေမယ့် အနောက်တိုင်း
ဥရောပတိုက်မှာတော့ စိုက်ပျိုးရေးဓာတုပညာရှင် တစ်ဦးဖြစ်သူ ချားလ်စ် အက်ဖ်
ရှန်နာဘယ် (Charles F. Schnabel) (အသံထွက် လွဲလျှင်
ခွင့်လွှတ်ပါရန်) ရဲ့ စမ်းသပ်စစ်ဆေး တွေ့ရှိချက်တွေကြောင့် ၁၉၃၀
ပြည့်နှစ်များ ကတည်းက အနောက်ကမ္ဘာခြမ်းမှာ စတင် သုံးစွဲနေကြပြီ ဖြစ်ပါတယ်။
ရှန်နာဘယ်ဟာ စိုက်ပျိုးရေး ဓာတုပညာရှင် တစ်ဦးဖြစ်ကာ ဂျုံမြက်နုရဲ့
အစွမ်းကို ကမ္ဘာက သိပြီး ပေါ်ပြူလာ ဖြစ်အောင် အားထုတ်ခဲ့သူ ဖြစ်ပါတယ်။
၁၉၃ဝ ပြည့်နှစ်မှာ ရှန်နာဘယ်ဟာ ကြက်နာကျလို့ သေလုဆဲဆဲ ကြက်တွေကို ပြန်ကျန်းမာလာအောင် ဂျုံမြက်နုတစ်မျိုးတည်း သုံးပြီး ကုသပေးခြင်းဖြင့်
ဂျုံမြက်နုရဲ့ ဆေးဖက်ဝင် အစွမ်းသတိ္တကို စတင်ဖော်ထုတ်
လက်တွေ့ပြနိုင်ခဲ့ပါတယ်။ အဲလို ပြန်နေကောင်းလာတဲ့ ကြက်မတွေဟာ တခြား
နေကောင်းတဲ့ ကြက်တွေထက်တောင် ဥဥနှုန်းတွေ သိသိသာသာ မြင့်မားလာတာ
တွေ့ရပါတယ်။

အဲဒါနဲ့ သူလည်း အားတက်သွားပြီး ဂျုံမြက်နုတွေကို အခြောက်လှမ်း အမှုန့်ပြုကာ ကြက်တွေရဲ့ မွေးမြူရေး ဖြည့်စွက်အစာအဖြစ်
ကိုယ်တိုင်လည်းကျွေး၊ ခြံနီးချင်းတွေကိုလည်း ဝေမျှပေးပြီး
စမ်းသပ်ကြည့်တဲ့အခါမှာ အရမ်းကို မယုံနိုင်လောက်တဲ့ နှစ်ဆတိတိ နှုန်းနဲ့
ဥတွေ အထွက်တိုး လာတာကို တွေ့ရှိရပြီး နောက်ပိုင်း ရှန်နာဘယ်ဟာ
ဓာတုဗေပညာရှင်များနဲ့ အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းတွေဆီ သူ့ရဲ့
တွေ့ရှိချက်ကို ကြော်ငြာကမ်းလှမ်း နိုင်ခဲ့ပါတယ်။
ဂျုံမြက်နုရဲ့ အစွမ်းကို လက်တွေ့ သိရှိလာကြတဲ့ အခါမှာ Quaker Oats နဲ့ American Dairies
Inc. တို့လို ကော်ပိုရေးရှင်းကြီး နှစ်ခုကနေ တိရိစ္ဆာန်တွေနဲ့
လူသားတွေအတွက် ဂျုံမြက်နု ထုတ်လုပ်ရေးနဲ့ နောက်ထပ် သုတေသန
ပြုနိုင်ရေးများအတွက် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီး မြှုပ်နှံ
ခဲ့ကြပါတယ်။ ဒါကြောင့် ၁၉၄ဝ အရောက်မှာ ရှန်နာဘယ်ရဲ့ ဂျုံမြက်နုအမှုန့်
သံဘူးများကို အမေရိကန်ပြည်ထောင်စု နဲ့ ကနေဒါနိုင်ငံတွေ အနှံ့မှာ ရှိတဲ့
ဆေးဆိုင်ကြီးတွေမှာ ရောင်းချနိုင်ခဲ့ပါတယ်။
ယနေ့ ကမ္ဘာပေါ်မှာ ဂျုံမြက်နုကနေ ဖျော်ရည် ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ တချို့ တိုင်းပြည်
တွေမှာဆို ဂျုံမြက်နုကို အိမ်မှာ တနိုင်တပိုင် ဗန်းငယ်လေးနဲ့
စိုက်ပျိုးပြီး လတ်လတ်ဆတ်ဆတ် အရည်ညှစ်သောက်သုံးတဲ့ အလေ့အထတောင်
ရှိကြတယ်လို့ သိရပါတယ်။


ဂျုံမြက်နုရဲ့ ထူးခြားကောင်းမွန်သော အရည်အသွေးများ

(၁) အပင်တွေအားလုံးနီးပါး အစိမ်းရောင် ရှိနေရတာဟာ အပင်တို့ရဲ့ ဆဲလ်ထဲမှာ
ပါဝင်တဲ့ အစိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖီး (chlorophyll) ဆိုတာကြောင့်
ဖြစ်ပါတယ်။ ဒီ ကလိုရိုဖီးဟာ လူသားရဲ့ အသက်ရှည် ကျန်းမာရေးကို
နည်းမျိုးစုံနဲ့ အထောက်အကူပြုပါတယ်။ ဂျုံမြက်နုဖျော်ရည် (Wheatgrass
Juice) ဟာ ကလိုရိုဖီးတွေရရှိနိုင်တဲ့ အကောင်းဆုံး အစားအသောက်ပင်ရင်း
ဖြစ်တယ်လို့ ဆိုပါတယ်။

(၂) အလင်းကနေရတဲ့ သဘာဝစွမ်းအင် နဲ့ အောက်စီဂျင် ပါဝင်မှုမှာ ဂျုံမြက်နုက အမြင့်မားဆုံး အစားအသောက် တစ်မျိုး
ဖြစ်ကြောင်း သိရပါတယ်။ ဂျုံမြက်နုမှာ ကျန်းမာရေး အထောက်အကူပြု အင်ဇိုင်း
(Enzymes) ၈ဝ ကျော် ပါဝင်ပြီး ကင်ဆာရောဂါတွေကို ကာကွယ် တားဆီးပေးနိုင်သလို
သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိရှိခြင်းဟာ သူ့ရဲ့ အကြီးမားဆုံး
တန်ဖိုးဖြစ်ပါတယ်။

(၃)နေရောင်ခြည်ရဲ့ သဘာဝစွမ်းအားတွေ စုစည်းထားတဲ့ ဂျုံမြက်နုဟာ နှလုံးနဲ့ သွေးလှည့်ပတ်မှု၊ အူ၊ သားအိမ်နဲ့
အဆုတ်များရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက် ကောင်းမွန်စေပါတယ်။
(၄) ကူးစက်ရောဂါပိုးတွေကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ အနာကျက်မြန်စေတဲ့ ဆေးအဖြစ် သုံးလို့ရပါတယ်။

(၅) ထူးခြားချက် အနေနဲ့ ဂျုံမြက်နုဖျော်ရည်ဟာ သောက်ချလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း ခန္ဓာကိုယ်အတွင်းမှာ ကြေပျက်သွားနိုင်တာ တွေ့ရပါတယ်။

(၆) ဂျုံမြက်နုဟာ ကလိုရိုဖီး ကြွယ်ဝလို့ သွေးအားကို

ပြန်ဖြည့်တင်းပေးနိုင် ပါတယ်။ သွေးနီဆဲလ်ပမာဏ အရမ်း ကျဆင်းလို့
သွေးအားနည်းရောဂါ (Anaemia) ရနေတဲ့ သူတွေကို ဂျုံမြက်နု ဖြည့်စွက်
ကျွေးမွေးပေးရင် ၄ ရက် ၅ ရက် အတွင်းတောင် ပုံမှန်ပမာဏကို
ပြန်ရောက်နိုင်တယ်လို့ သိရပါတယ်။

(၇) မြုံနေတဲ့ နွားထီး နွားမတွေကို ပုံမှန်ကျွေးပေးရင် မြုံနေခြင်း ကနေတောင်
ပြန်ကောင်းနိုင်တယ်လို့ သိရပါတယ်။ မဂ္ဂနီစီယမ် ကြွယ်ဝတဲ့ ကလိုရိုဖီးဟာ
မျိုးပွားဟော်မုန်းတွေကို ပုံမှန်ကောင်းမွန်စေတဲ့ အင်ဇိုင်း (Enzymes)
တွေကို တည်ဆောက်ပေးနိုင်လို့ ဖြစ်ပါတယ်။


လူ့ခန္စာကိုယ်ကို ဖွဲ့စည်းထားတဲ့ ဒြပ်စင်များပြပုံ ဖြစ်ပါတယ်

(၈) ကလိုရိုဖီးဟာ အစိ်မ်းရောင် အပင်တွေ အားလုံးမှာ ပါဝင်ပေမယ့် ဂျုံမြက်နုရဲ့ ကလိုရိုဖီးက သာလွန် ကောင်းမွန်ပါတယ်။ ဩဂဲနစ်နည်းပညာနဲ့
စိုက်ပျိုးထားတဲ့ ဂျုံမြက်နုဟာ မြေဆီလွှာထဲမှာ ရှိတဲ့ သတ္တုဓာတ် ၁၀၂ မျိုးထဲ
၉၂ မျိုးအထိ စုပ်ယူနိုင်တဲ့ အတွက် သူ့အထဲမှာ လူသားတွေ လိုအပ်တဲ့
အာဟာရဒြပ်စင် ၁၀ဝ ကျော်အထိ ပါဝင်နေတာကို ထူးခြားအံ့ဩဖွယ် တွေ့ရှိရပါတယ်။

(၉) ခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေကို အသစ်ပြန်လည် တည်ဆောက်ပေးနိုင်စွမ်း ရှိပါတယ်။
(၁၀) ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ နေရာမှာ မုန်လာဥဝါဖျော်ရည် အပါအဝင် အခြားသော သစ်သီးဝလံဖျော်ရည်တွေ ထက်တောင်
ပိုအစွမ်းထက်တယ်လို့ သိရပါတယ်။ ဂျုံမြက်နု တစ်ပေါင်ခွဲ စားရင် မုန်လာဥဝါ၊
ဆလတ်ရွက်၊ တရုတ်နံနံပင် စတဲ့ ကျန်းမာရေး အထောက်အကူပြု ဟင်းသီးဟင်းရွက်များ
၃၅ ပေါင်စားတာနဲ့ ညီမျှတယ်လို့ သိရပါတယ်။

(၁၁) ဆေးဝါးတွေ ခန္ဓာကိုယ်မှာ စုပုံခြင်းကို ဖယ်ရှားထုတ်ပစ် နိုင်လို့ ဆေးတွေရဲ့
ဘေးထွက်ဆိုးကျိုးကို နည်းစေပါတယ်။ အဆိပ်အတောက်တွေကို ပျက်ပြယ်စေပါတယ်။
အသည်းသန့်စင်စေလို့ အသည်းရောဂါ ရှိသူတွေအတွက် အရမ်းကောင်းမွန်ပါတယ်။
ဆီးချိုရှိသူတွေ ပုံမှန်မှီဝဲသွားရင် သွေးတွင်းသကြားပမာဏ (blood sugar
level) ကို ပိုမို ထိန်းသိမ်းနိုင်လာတာ တွေ့ရပါတယ်။

(၁၂) အလှအပ ဖက်ဆိုင်ရာကနေ ကြည့်ရင် ဂျုံမြက်နု ဖျော်ရည်ဟာ ဝက်ခြံတွေကို
ပျောက်ကင်းစေနိုင်ပြီး အမာရွတ်တွေကိုလည်း ပျောက်စေတယ်လို့ သိရပါတယ်။
ခံတွင်းနံ့နဲ့ ကိုယ်နံ့မကောင်းခြင်းလည်း ပျောက်ကင်းစေပြီး တစ်နေ့ နည်းနည်း
စားသုံးသွားရုံနဲ့ သွားများကို ခိုင်မာစေကြောင်း တွေ့ရှိထားရပါတယ်။
ဆံပင်ဖြူလည်း နှေးစေပါသတဲ့။ ခုခံအားစနစ် ပျက်ယွင်းလို့ ဖြစ်ရတဲ့
နှင်းခူနဲ့ လေးဖက်နာရောဂါ အမျိုးမျိုးတို့လည်း သက်သာစေတဲ့
အာနိသင်ရှိပါတယ်။

(၁၃) ဂျုံမြက်နုဖျော်ရည်ကို ခံတွင်းမှာ ၅ မိနစ် ငုံထားရင် သွားကိုက်တာကို သိသိသာသာ သက်သာစေပြီး ခံတွင်းထဲက
အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ လည်ချောင်းနာခြင်းနဲ့
သွားဖုံးပြည်ယိုနာ ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၁၄) မဂ္ဂနီစီယမ် ကြွယ်ဝတဲ့ ဂျုံမြက်နုဟာ ဝမ်းချုပ်သူတွေအတွက်လည်း ဘေးဥပဒ်မရှိတဲ့ သဘာဝ ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။

(၁၅) သွေးတိုးရောဂါကို ထိန်းထားပေးနိုင် ပါတယ်။

(၁၆) ယနေ့ခေတ်ရဲ့ မြို့ပြလေထုထဲမှာ အနည်းနဲ့ အများ ဆိုသလို ပါဝင်နေတဲ့ အဆိပ်ဓာတ်ငွေ့ ကာဘွန်မိုနောက်ဆိုဒ် (Carbon Monoxide) ရဲ့ အဆိပ်အာနိသင်ကို
အနည်းဆုံးအထိ လျှော့ချ ပေးနိုင်ပါတယ်။

(၁၇) ခဲ (Lead) ၊ စိန်ဖြူခေါ် အာဆင်းနစ် (Arsenic) ၊ ပြဒါး (Mercury) စတဲ့ အဆိပ်သတ္တုများကို
ခန္ဓာကိုယ်ထဲကနေ ထိရောက်စွာ ဖယ်ရှားပေးနိုင်ကြောင်း တွေ့ရပါတယ်။

(၁၈) သာလစီးမီးယား (Thallasemia) ၊ ဟေမိုဖေးလေးယား (Haemophillia) စတဲ့ သွေးနဲ့ ပတ်သက်တဲ့ ရောဂါများ အားလုံးအတွက် အထူးကောင်းမွန်တယ်လို့
ဆိုပါတယ်။

(၁၉) ဓာတ်တိုးဆန့်ကျင်စွမ်းရည် (Antioxidant Property) ရှိတဲ့ ဂျုံမြက်နုဟာ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး
အိုမင်းခြင်းကို အထူးနှေးကွေးစေ ပါတယ်။

ဂျုံမြက်နု၏ ဘေးထွက်ဆိုးကျိုးများ

လူတချို့မှာ ရှားရှားပါးပါး အနေနဲ့ ဂျုံမြက်နုနဲ့ မတည့်တဲ့ အတွက် စားသုံးလိုက်ရင်

(၁) ပျို့တက်ခြင်း (ဒီလိုမဖြစ်အောင် တခြားအစားအစာတွေနဲ့ ဝေးဝေး သုံးဆောင်သင့်ကြောင်း ပညာရှင်များ ညွှန်ကြားထားပါတယ်)

(၂) ခေါင်းကိုက်ခြင်း (ဒီလိုဖြစ်ရင်လည်း အရမ်း ထိတ်လန့်ကြောက်ရွံ့စရာ မလိုပါဘူး။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ဂျုံမြက်နုက ဖယ်ရှားနေတဲ့
အတွက် ပျို့တက်ခြင်း၊ ခေါင်းကိုက်ခြင်းတွေ ခဏလောက် ခံစားရတာ ဖြစ်ပါတယ်။
သူ့အလိုလိုပဲ ပြန်ကောင်းသွားပါတယ်)

(၃) ပထမဆုံးအကြိမ် စသောက်သောက်ချင်းမှာ ဒါမှမဟုတ် အလွန်အကျွံ သောက်လိုက်မိရင်တော့ ဝမ်းလျှောတတ်ပါတယ်။

(၄) ဓာတ်မတည့်ခြင်း (အရေပြားမှာ အဖုအပိန့်များထွက်ခြင်း၊
အသက်ရှူကျပ်ခြင်း စတာတွေလည်း ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ဂျုံမြက်နု
ထုတ်လုပ်ရာမှာ မသန့်ဘဲ မှိုပါလာလို့ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်
ဒီဘေးထွက်ဆိုးကျိုးတွေဟာ စိုးရိမ်ရလောက်တဲ့ အနေအထားတော့ မရှိပါဘူး)

လက်ရှိ ပြည်တွင်းမှာ ဂျုံမြက်နုကို FAME ကပဲ တွင်တွင်ကျယ်ကျယ် စိုက်ပျိုး
ထုတ်လုပ် ရောင်းချနေပါတယ်။ ပြင်ဦးလွင်မြို့၊ ကျွဲနားထောက်ရွာနားမှာ
ရှိတဲ့ FAME ရဲ့ Organic Farming Project ကနေပြီး တစ်ပြည်လုံးအတွက်
ဖူလုံအောင် ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး မှာယူလာတဲ့ ဂျပန်၊
တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံများသို့လည်း
ပို့ဆောင်ရောင်းချသွားမှာ ဖြစ်တယ်လို့ FAME ရဲ့ တာဝန်ခံတစ်ဦးက
ပြောကြားပါတယ်။

ဂျုံမြက်နုဆေးဝါး ထုတ်လုပ်ပုံကို ၎င်းက ဆက်လက် ရှင်းပြရာမှာ ဂျုံပင်များမှ မျိုးစေ့များရအောင် ၃ လခန့် စောင့်ပြီး
ထုတ်ယူရကြောင်း၊ အဆိုပါ ဂျုံစေ့များမှ အပင်လောင်းလေးများ ရအောင် ဖောက်ကာ
ပျိုးထောင်ပေးရကြောင်း၊ ရရှိလာတဲ့ ဂျုံမြက်နု ပင်လေးများကို ၈ရက်သားမှ ၁၀
ရက်သားအတွင်း ရိတ်သိမ်းအခြောက်လှမ်းကာ အစွမ်းထက်လှသော ဂျုံမြက်နုဆေးအဖြစ်
ထုတ်လုပ်ရရှိကြောင်း ပြောကြားခဲ့ပါတယ်။

င်္်င်္င်္င်္င်္FF မှ သူငယ်ချင်း မိတ်ဆွေများကို ကျန်းမာရေး ဗဟုသုတ ရစေရန်သာရည်ရွှယ်ပါသည် .
တခြားမည်သည် ့ စိတ်ကူးမျှမရှိပါ.
အားလုံးကိုခင်တဲ ့
GOLDEN + POWER

One comment

  • tunaung

    September 16, 2010 at 11:37 am

    ဂျုံမြက်နုအကြောင်းမသိသေးပါ ခုလိုတင်ပေးတာအထူးဘဲကျေးဇူးတင်ပါတယ်……

Leave a Reply