ချစ်သူနှစ်ဦးကြားမှာ
သော်လည်းကောင်း အလုပ်ရှင်နဲ့ အလုပ်သမားကြား အပြန်အလှန် ဆက်ဆံရေးကြားမှာသော်လည်းကောင်း သူငယ်ချင်း အချင်းချင်း အစရှိတဲ့ ဆက်ဆံရေးတွေမှာသော်လည်းကောင်း သင်တတ်စွမ်းနိုင်သမျှ ၁၀၀ ရာခိုင်နှုန်း အပြည့်သာပေးပြီး ငြိမ်းချမ်းစွာ အိပ်စက်လိုက်ပါ။
လူ့ဘ၀ကြီးမှာ ကျင်လည်လာတဲ့ဘ၀အတွေ့အကြုံတွေအရ မဖြူစင်တဲ့ကောက်ကျစ်တဲ့သူတွေနဲ့ အတွေ့များလာခဲ့ရင်လဲ တဘက်သားကို မယုံကြည်စိတ်များတတ်ကြပါတယ်.
ိုသံသယတွေကြောင့်ပဲ သူတို့မှာ အထီးကျန်တယ်ဆိုတာ
ကိုခံစားလာရပါတော့တယ်.ပိုက်ဆံချမ်းသာတဲ့သူတွေရဲ့ ၈၀% ဟာ သူတို့မှာသူငယ်ချင်းကောင်းမရှိဘူးလို့ ပြောတတ်ကြပါတယ်.အောင်မြင်နေတဲ့သူတွေရဲ့ ၇၀ %
ကမအောင်မြင်ကထက် အောင်မြင်သွားတဲ့အခါ ရင်နှီးတဲ့အတွင်းသိ
သူငယ်ချင်းနည်းသွားတတ်ကြတာ ဒီ စိတ်ကြောင့်ပါ.
ဒါကြောင့် ကျွန်တော်ရဲ့ role model မာသာထရီဆာပြောဖူးတဲ့
စကားတခွန်းကဒီနေရာမှာ တော်တော် လေး တာ သွားပါတယ်
”သင်ဟာ လူတွေကို ဝေဖန်ပိုင်းခြားနေ၇င် သူတို့အပေါ်မှာ
မေတ္တာထားဖို့အချိန်ရှိမှာမဟုတ်ဘူး” တဲ့. အမှန်ပါပဲ ဥပမာ- အလှူတခုအတွက် အလှူခံလာကောက်တယ် လှူတာကိုတော့ ပုဂ္ဂိုလ်ကြောင့်ပဲဖြစ်ဖြစ် စေတနာကြောင့်ပဲဖြစ်ဖြစ်လှူလိုက်တယ် ပြီးရင်တော့ တကယ်ကော လုပ်မှာ ဟုတ်ရဲ့လား ငါ့အလှူငွေကို သူတို့သုံးပစ်လိုက်မှာလားမသိ ဆိုတဲ့ မယုံကြည်တဲ့ သယလေးတွေရှိတတ်ကြပါတယ် .ဒီလိုသံသယတွေကြောင့်ပဲ လူတွေရဲ့ ပျော်ရွင်နိုင်စွမ်းရဲ့ ၆၀% ကို ဆုံးရှုံးကြရတာပါ
ကဲဒီလိုသံသယတွေကြောင့် မငြိမ်းချမ်းတာကိုကျော်လွန်ချင်ရင် ဘယ်လိုလုပ်ရမလဲ လွယ်ပါတယ် .reaction ကောင်းကောင်းကိုပဲလိုချင်စိတ် ကိုယ့်ကိုကိုယ် ချစ်တဲ့
စိတ်ကို နဲနဲလေး. အရင် စွန့်ရပါမယ်.(ဘာလို့လဲဆိုရင် လူတော်တော်များများက သူများအပေါ်ကောင်းကြတာဟာ သူတို့အပေါ်ပြန်ကောင်းတာလိုချင်ကြလို့ပါ.ကိုယ့်အတွက် ပဲလေ )
လူတိုင်းနီးပါးကကိုယ်ကသူများအပေါ်ကောင်းကြတယ်.ကောင်းတဲ့ ကိုယ့်အတွက်လဲ တန်ပြန်ပြီးကောင်းတာပဲလိုချင်ကြလို့ပါ တနည်းအားဖြင့် reaction တန်ပြန် သက်ေ၇ာက်မှုကိုတအားအလေးထားနေလို့ပါပဲ
ဥပမာ- ကိုယ်ကသူငယ်ချင်းတယောက်ကိုကောင်းတယ် သူကကိုယ့်ပေါ်မကောင်းရင် တအားခံရခက်တတ်ပါတယ်
နောက် ကိုယ်ကချစ်သူကို တအားချစ်တယ် သူကအေးစက်စက် လုပ်နေတဲ့အခါမျိုး တအားခံစားရတတ်ပါတယ် ဘာကြောင့်ခံစားရလဲ ဆိုရင် လူတိုင်းနီးပါးက ကိုယ်ကကောင်းသလို ကိုယ့်အပေါ်ပြန်ကောင်းတာကိုပဲလိုချင်လို့ပါ.ကိုယ်ချစ်သလို
ပြန်ချစ်စေချင်တယ်.ကိုအလေးထားသလို အလေးထားစေချင်လို့ပါ
ဒီတော့ ကျွန်တော်တို့ က ဘယ်လိုပြင်မလဲ ဆိုရင် ဆက်ဆံရေးမှာ ဘယ်သူ့အပေါ်မဆို ၁၀၀% အပြည့်ကောင်းလိုက်မယ်
ကိုယ်ကောင်းတာ ကိုယ့်ဘက်အပိုင်း သူရဲ့ တုန့်ပြန်မှုကသူ့ဘက်ပိုင်းလို့တွက်ပါ.တဖက်လူဆီက
ရိုးသားမှုလိုချင်ရင် ကိုယ်ကအရင် ရိုးသားရပါမယ်.တဖက်သူရဲ့
လေးစားမှုလိုချင်ရင် သူကိုအရင်လေးစားပါ တဖက်လူရဲကအချစ်ကိုလိုချင်ရင် အ၇င် ကိုယ်ကချစ်တတ်ပါ့်မြန်မာစကားမှာ သင်ကောင်းရင် ကျွန်ုပ် မဆိုးပါ
ဆိုတတ်ပါတယ်.ဒါကြောင့် တဖက်သားကကိုယ့်ပေါ်ကောင်းဖို့
ကိုယ်ကအရင်ကောင်းဖို့လိုပါတယ်
.ပြီးတော့ သူတို့ရဲ့ reaction ကကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သိပ်ဂရုစိုက်မနေပါနဲ့ ဒါဆို သင့်ရဲ့ ၁၀၀% ဆက်ဆံရေးအတွက် ၁၀၀% ပျော်ရွင်မှုကို သင် ပိုင်ဆိုင်ရမှာပါ.

About smytu1996

soe tun has written 142 post in this Website..

i just wanna share my knowledge via web.