ထွင်းဖောက်မြင်နိုင်သောမဲပုံးအကြည်များကိုရွေးကောက်ပွဲတွင်သုံးမည်။

minhtettharSeptember 16, 20101min1013

၂၀၁ဝ ပြည့်နှစ် နိုဝင်ဘာ ရ ရက်တွင် ကျင်းပ မည့် ရွေးကောက်ပွဲ အတွက် ဆန္ဒမဲ ပေးရမည့် မဲပုံး အားလုံးမှာ ထွင်းဖောက် မြင်နိုင်သည့် အဖြူ (အကြည်) ရောင် ပလတ်စတစ် ပုံးများ အသုံး ပြုရမည် ဖြစ်သည်ကို တွေ့ရသည်။ မဲပုံးမှာ အကြည်ရောင် ဖြစ်ပြီး လွှတ်တော် အသီးသီး အတွက် စာတန်း အရောင် များဖြင့် ခွဲခြား သတ်မှတ် ထားကြောင်း တွေ့ရှိရသည်။

မဲပုံးဘေး ဘက်၏ စာတန်းတွင် တိုင်း ဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် ဆန္ဒ မဲပုံး အတွက် စာတန်း ခရမ်းရောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဆန္ဒ မဲပုံး အတွက် စာတမ်း အပြာရောင်၊ ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲပုံး အတွက် စာတန်း အစိမ်းရောင်ဖြင့် အရောင်များ ခွဲခြား သတ်မှတ် ထားသည်ကို တွေ့ရှိ ရသည်။ မဲပုံး အားလုံးရဲ့ အရောင်တွေက အဖြူ (အကြည်) ရောင် တွေပါပဲ။ တခြား အရောင်တွေ သုံးလို့ မရဘူး။

အဲ့ဒီမှာမှ စာတန်း အရောင် တွေကပဲ လွှတ်တော် တွေကို ကိုယ်စားပြု သွားတာပါဟု ရွေးကောက်ပွဲ ကော်မရှင် (ရန်ကုန်တိုင်း) ရုံး၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မဲပုံး၏ မျက်နှာပြင် အပေါ် ဘက်တွင် မဲထည့် ရန်အတွက် အပေါက် တစ်ပေါက် ဖောက် ထားသည်။ ဘေးနှစ်ဖက်တွင် ပလတ်စတစ် ကလစ် ပုံသဏ္ဍန် ပါရှိပြီး သော့ခတ် နိုင်သည့် ပတ်တာ မပါရှိကြောင်း တွေ့ရှိရသည်။

3 comments

  • Machitsu

    September 16, 2010 at 9:40 pm

    what’s the point of having the clear boxes when there is only for dumb and dumers.

  • etone

    September 17, 2010 at 2:25 am

    ထွင်းဖောက်မြင်မြင်မမြင်မြင် လိမ်တာက လိမ်တာပဲ ။ အယုံကြည်ကိုမရှိဘူး ။

  • ဆူး

    September 17, 2010 at 2:46 am

    မဲမထည့်ရင် ဆန့်ကျင်သူဆို အဲဒါဟုတ်လား

Leave a Reply