အဓိပတိ Bus

မမေလးSeptember 16, 20101min863

အဓိပတိ အဝါ Bus ကားတွေ စစပေါ်တုန်းကဆိုရင် Air Con လေးနဲ့ TV လေးနဲ့ ထိုင်ပြီးလိုက်သွားရုံပဲ အေးအေးဆေးဆေးလေး . ထိုင်ခုံမဆန့်ရင် လူမတင်တော့ဘူး . . . ၂၀ဝ ပေးရတာ တန်တာပေါ့ . . . ငြိမ့်တာကိုး ။ နောက်နည်းနည်းလေးလည်း ကြာတော့ ထိုင်ခုံ ရှိရှိ မရှိရှိ  တင်တော့တာပဲ မတ်တပ်လေးနဲ့ ဒါပေမယ့် အပျင်းပြေ TV လေးကြည့်လို့ရသေးတယ် Air Con ကလည်းအေးသေးတယ် . . . မဆိုးပါဘူး တစ်ခြားကားတွေထက်စာရင် မဟုတ်ဘူးလား ။ ။ ၂၀ဝ တန်ပါသေးတယ် . နောက်ပိုင်းကြတော့ Air Con ကလည်း မဖွင့်တော့ဘူး  ၂၀ဝ ပေးပြီးစီးရတာ ဘာတန်တော့မှာလဲ . . .  တစ်မှတ်တိုင်တည်း စီးလည်း ၂၀ဝ ပဲပေးရတယ် . အဲ့ဒါတော့မတန်ဘူး ။  တို့တွေက Bus ကားကို အလကားလိုက်စီးတာဆိုတော့ သူတို့အော်တာလည်းခံရသေးတယ် ။ တွန်းချတာလည်းခံရသေးတယ် ။

3 comments

  • etone

    January 24, 2012 at 4:35 pm

    ပေါက်ကွဲသံစဉ်ထွက်နေတဲ့ မင်းသမီးလေးနဲ့ .. ဒီတစ်ခါတော့ ရင်ခုန်သံချင်းတူသွားပြီ 😀

  • FattyCat

    January 24, 2012 at 5:02 pm

    Aircorn လေးနဲ့ BUS ကားပေါ့ဗျာ…
    အဓိပတိ (အဝါ)ကို လှည်းတန်းကနေ သုဝဏ္ဏအထိ ပတ်စီးဖူးတယ်ဗျ…
    မိန်းထဲမှာ Diploma တစ်ခုတက်တုန်းက…
    MP3 နဲ့ သီချင်းလေးနားထောင်ပြီးတော့ စီးရတာ ဇိမ်တစ်မျိုးပေါ့…စာအုပ်လေးဖတ်ရင်းနဲ့…
    အခုတော့….

Leave a Reply