အလိမ်ခံချင်ကြပါသလား။

ရွှေ မင်း သားSeptember 16, 20101min835

တီဗီလာသော မျက်လှည့်ပြခွက်လေးကို စိတ်ဝင်တစားကြည့်နေမိပါသည်။
ကျနော်နှင့် အတူ အိမ်ရှိလူကုန်အားလုံး ထိုင်ကြည့် နေကြသည်။ တီဗီကြည့် နေသော အိမ်ရှိလူကုန်အားလုံးမှာ မျက်လှည့်ဆရာ၏ ပြခွက်တွင် မျှောပါသွားအောင်ပင် အသံများတိတ်လို့ ပေါ့။
စိတ်ဝင်စားနေကြသည်မှာ အားလုံးက ငါတို့ကို ဒီမျက်လှည့်ဆရာ ဘာများညာတော့မလဲပေါ့။ ဘယ်လိုများငါတို့ကို လိမ်တော့မလဲပေါ့။ စိတ်ဝင်တစားကြည့် နေကြသည်။
မိမိ ကို လိမ်တော့မည့် မျက်လှည့်ဆရာကို စိတ်ဝင်တစား အားပေးနေကြသည်။ ကျနော်အပါအဝင်ပေါ့။
အတွေးတခု ဖြတ်ခနဲ ပေါ်လာခဲ့သည်။ အဲဒါကတော့ ကိုယ့် ကိုလိမ်မည့် ဟာကို အသည်းအသံ စိတ်ဝင်တစားအားပေးခဲ့ သော ကိုယ့်ကိုကိုယ် ပင်ပြန်၍စဉ်းစားမိသည်။
လူတိုင်းပဲ ကိုယ်ကိုလိမ်မည်ကိုသိသိကြီးနှင့် စိတ်ဝင်စားနေကြသလားပေါ့။
မျက်လှည့်ဆရာ ကတော့ တမျိုးပြီးတမျိုး လုပ်ပြလို့ပေါ့ ။ တနည်းပြောရရင် တမျိုးပြီး တမျိုးလိမ်နေလို့ပေါ့။
ရေးရင်းရေးရင်းနဲ့ မျက်လှည့်ဆရာတွေလဲ လူလိမ်တွေဖြစ်တော့ မယ်။ အဲလိုရေးတာတော့မဟုတ်ပါဘူး။ လူတွေက မိမိကိုလိမ်တော့မည်ကိုသိသိကြီးနှင့် အလိမ်ခံချင်ကြကြောင်းတွေးမိလို့ပါ။
အဲလိုဘဲ လေ အလှူပွဲ မင်္ဂလာဆောင်ပွဲများ သွားကြရင်လဲ လှလှမလှလှ အရမ်းလှတာဘဲ ဟု ပြောလိုက်လျှင် အပြောခံရသူမှာ ပြုံးလို့။ အပြောခံရသူမှာ မိမိကိုယ် မိမိ တကယ်ရော လှရဲ့ လားဟု ပြန်မစဉ်းစား ကျေနပ်နေတတ်ကြသည်။
အော် မသိမသာ မိမိကိုယ် လာလိမ်သွားသည်ကို သတိမထားမိ။ မြှောက်ပင့်ပြောလိုက်သည့်အတွတ် သူကျေနပ်သွားသည်။
ဗေဒင်ခန်းများတွင်လဲ နောင်ဘာဖြစ်မည်မှာ သေချာ မပြောနိုင် သေးချိန်တွင် ဗေဒင်ဆရာက မင်းသေချာပေါက်ချမ်းသာ မည် သေချာပေါက်သဌေးဖြစ်မည် ဟု ပြောလိုက်လျှင် အလိုလို ပျော်လို့ပေါ့။ တကယ်ဖြစ်မဖြစ်က ကိုယ်လုပ်မှဖြစ်မှာ။ တကယ်ပြောမယ်ဆို ဘာမှ မသေချာသေး ပါ။ တကယ် ဖြစ်ချင်မှလဲ ဖြစ်မည်။
မှန်သလားမှားသလားမသိ မိမိကို အကောင်းပြောလိုက်လျှင် ချက်ချင်းပြင် ပျော်ရွှင်ကျေနပ်သွားကြသည်။

အော် တော်တော် အလိမ်ခံ ချင်ကြပါလား။

5 comments

  • kopauk mandalay

    September 16, 2010 at 3:04 pm

    အလိမ်ခံချင်တာမဟုတ်ပါဘူးဗျာ။
    ဘာဖြစ်မလဲလို့သိချင်လို့ မျက်လှည့်ကြည့်တာပါ။
    ကိုယ်ကို အကောင်းပြောရင်ကျေနပ်တာကလဲလူ့သဘာပါနော်။

  • kyansitthar101

    September 16, 2010 at 3:15 pm

    ကိုပေါက်ရေ
    ကိုပေါက်ပြောတာလဲ မှန်ပါတယ်။
    လူ့သဘောလေးကိုဘဲ သတိထားမိသွားလို့ ရေးလိုက်တာ။
    ရေးတာ လမ်းကြောင်းနည်းနည်းလွဲသွားတယ်။

  • iguana

    September 17, 2010 at 4:08 am

    ဘာပဲပြောပြော မီးကတော့ မျက်လှည့်ကြိုက်တယ်…အဟီးဟီး

  • Gong Zhu

    September 17, 2010 at 4:04 pm

    သူတစ်ပါးကို ယုံအောင် လိ်မ်နိုင်တယ်ဆိုတာလည်း ပညာတစ်မျိုးပဲလေ . . . ဟုတ်ဘူးလား . ..

  • မန်း ရိပ်

    September 18, 2010 at 8:36 am

    အလိမ်ခံလိုက်ရပြီဆိုရင် ပညာတမျိုးတော့ရအောင်ယူဗျို့

Leave a Reply