*** အမုန်း < အပြုံး***
………………………
အဆိပ်ပြင်းလွန်းတဲ့.
အမုန်းမြှားချက်တွေနဲ့ 
ငါ့နှလုံးသားကို..
ရက်ရက်စက်စက်
ပစ်ခွင်းခဲ့ပြီးမှ..
အကြွင်းမဲ့  ငါ့ချစ်ခြင်းကို
လှောင်ပြုံး ပြုံးဖို့ ဆိုရင်
တစ်ခါ လှည့်ပြီး
ပြန်လာမကြည့်ပါနဲ့ သခင်
မုန်းချင်သလောက်မုန်း
လှောင်ပြုံးတော့ မပြုံးလိုက်ပါနဲ့ 
မင်းရဲ့ အမုန်းထက်
လှောင်ပြုံးတစ်ချက်ဟာ
ငါ့ နှလုံးသားမှာ..
နာကျင်လှစွာ….

ဆတ် ဆတ် ခါ…

…………. ………………

(ဘ၀ သစ်မှာ.ပျော်ရွှင်ပါစေ..သခင်..)

About ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)

ရွာသူလေးချမ်းချမ်း ရင်တွင်းဖြစ် has written 27 post in this Website..

Only one is free