သစ္စာဆိုတာ

*** သစ္စာ ဆိုတာ***

တစ်ခါတုန်းက ဟိမဝန္တာ တောကြီးထဲမှာ..ရသေ့ကြီးတစ်ပါးသီတင်းသုံးနေထိုင်ပါတယ်..တောကြီးနဲ ့မနီးမဝေးရွာမှာတော့ပုဏ္ဏားလင်မယားရှိပါတယ် ရသေ့ကြီးကိုဥပုဒ်နေ ့တိုင်းဆွမ်းကွမ်းတွေ..အမြဲလာလှူတဲ့ဒကာရင်းပေါ့..တစ်နေ ့တော့ပုဏ္ဏားလင်မယားနဲ ့၆နှစ်အရွယ်..တစ်ဦးတည်းသောသားငယ်လေး..ဆရာရသေ့ကြီးဆီဆွမ်းပို ့အလာသားငယ်လေးကကလေးသဘာဝဆော့နေရင်းနဲ ့.ကစားစရာလေးတွင်းတစ်တွင်းထဲကျသွားလို ့လက်နဲ ့အနှိုက်မှာတောကြီးမြွေဟောက်.ပေါက်ခံရပြီးမြွေဆိပ်တွေတက်လို ့တစ်ကိုယ်လုံးပြာနှမ်းပြီး..မေ့မြောနေပါတယ်..ပုဏ္ဏားလင်မယားဟာငိုကြီးချက်မနဲ ့ဆရာရသေ့ကြီးကိုအကူအညီတောင်းပါတယ်…ဆရာရသေ့ကြီးက…”ဆရာ့ဆီမှာတော့..ဘာဆေးမြီးတိုမှမရှိဘူးကွဲ ့..ဆေးလဲမကုတတ်ဘူး”..ပုဏ္ဏားလင်မယားဟာ သားငယ်လေးကိုကြည့်လိုက်..ငိုလိုက်နဲ ့သောကမီးတွေတောက်လောင်နေတာပေါ့..အဲဒါနဲ ့ဆရာရသေ့ကြီးက ”ကဲ..ငိုမနေကြနဲ ့..ဆေးမြီးတိုမရှိပေမယ့်..တို့ရဲ ့မှန်ကန်တဲ့သစ္စာနဲ ့ ကုကြတာပေါ့…အဲ့ဒါနဲ ဆရာရသေ့ကြီး ဟာ ခွက်တစ်ခုထဲ ရေဖြည့်ပြီး..သစ္စာစပြုပါတယ်  **ငါသည်..ရသေ့ဘဝစရောက်သည့်နေ ့မှစပြီးဒီကနေ့အထိရသေ့ဘဝမှာတစ်ရက်ကလေးမှမပျော်ခဲ့ပါ.ဖခင်ရဲ ့ဆန္ဒကိုမလွန်ဆန်နိုင်သောကြောင့်သာရသေ့ဝတ်ခဲ့ရပါသည်…ထိုသစ္စာစကားမှန်ကန်ပါက..သူငယ်လေးရဲ ့မြွေဆိပ်ကျပါစေသား**သစ္စာဆိုပြီးတာနဲ ့ဆရာရသေ့ကြီးဟာရေကိုသူငယ်လေးရဲ ့ခေါင်းကနေဖြန်းလိုက်တာနဲ ့တပြိုင်ထဲ သူငယ်လေးရဲ ့မြွေဆိပ်ဟာခေါင်းကနေ..ရင်ဘတ်ထိ ကျသွားပါတယ်..ဆရာရသေ့ကြီးကပုဏ္ဏားလင်မယားဘက်လှည့်ပြီးတော့.”ကဲ..ငါ့သစ္စာရဲ ့ အစွမ်းကတော့ ဒီလောက်ပဲ ထက်တယ်ကွဲ ့ ဒကာကြီးတို ့ပဲသစ္စာဆက်ပြုကြ”‘အဲ့ဒါနဲ ့ရေခွက်ကို ပုဏ္ဏားကြီးဘက် လှမ်းပေးလိုက်ပါတယ် ပုဏ္ဏားကြီး ကရေခွက် ကိုကိုင်ပြီး သစ္စာပြုပါတယ်.**ငါသည်..ဃခုကိုးကွယ်နေသောရသေ့ကြီးကို နည်းနည်းလေးမှမကြည်ညိုပါ..ဆွမ်းကွမ်းကိစ္စလည်းမလှူချင်ပါ မိဘများလက်ထပ်ကတည်းကကိုးကွယ်ခဲ့သောကြောင့်သာ..ကိုးကွယ်ရပါသည်.ထိုမှန်ကန်သောသစ္စာစကားကြောင့်

..သားငယ်၏အဆိပ်များကျပါစေသား..**ဆိုပြီးရေနဲ ့သားငယ်လေးရဲ ့ရင်ဘတ်ကခြေမအထိဖြန်းလိုက်တာမြွေဆိပ် ဟာ ရင်ဘတ်ကနေ ခါးထိကျသွးပါတယ်..ပုဏ္ဏားကြီးက ငါ့သစ္စာရဲ ့အစွမ်းကဒီလောက်ပဲ ထက်တယ်ကွဲ ့ ရေခွက်ကို ပုဏ္ဏေးမကြီးကိုလှမ်းပေးပါတယ်..ပုဏ္ဏေးမကြီး ဟာရေခွက်ကိုကိုင်ပြီး သစ္စာဆိုပါတယ်..**ငါသည်..ပုဏ္ဏားကြီးအားချစ်လို ့လက်ထပ်ခဲ့ခြင်းမဟုတ်ပါ..မေတ္တာလည်းတစ်စက်ကလေးမှမရှိခဲ့ပါ..မိဘများသဘောတူပေးစားလို ့သာ လက်ခံခဲ့ရပါသည်..ယခုအဆိပ်သင့်နေသော သားငယ်လေး၏အသက်နှင့်ပုဏ္ဏားကြီး၏အသက်လဲလို ့ရလျှင်လဲပါမည်..ထိုမှန်ကန်သောသစ္စာစကားကြောင့်သားငယ်လေး၏အဆိပ်များ အကုန်ကျပါစေသား* ဆိုပြီးတော့ သားလေးရဲ ့ခါးကနေ ခြေမအထိ ရေလေးနဲ ့ဖြန်လိုက်တာ မြွေဆိပ်ဟာ ချက်ချင်းလို အကုန်ကျသွားပါတယ်..သားငယ်လေးလဲ ပကတီအတိုင်းနေကောင်းသွားပါတယ်..

ကဲ..သူငယ်ချင်းတို ့ရေ..**သစ္စာ** ဆိုတဲ့ဝေါဟာရလေးကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲ..ပုံပြင်ထဲကအတိုင်းဆိုရင်တော့.ရသေ့ကြီးရော.

.ပုဏ္ဏားကြီးရော..ပုဏ္ဏေးမရော…တစ်ဦးအပေါ်တစ်ဦး..မကောင်းကြပါဘူး.. ဘာဖြစ်လို ့သူတို ့ကြောင့် ကလးငယ်လေး အဆိပ်ကျသွားရတာလဲ.

တို ့ရဲ ့မြတ်စွာဘုရားရှင် ဟာ လေးသချေင်္နဲ ့ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့ရတဲ့ကာလတစ်လျှောက်မှာ ပါရမီနုတဲ့ဘဝတွေမှာ..ကံငါးပါးမလုံခဲ့ပါဘူးမလုံခဲ့လို ့လဲ ငရဲကျခဲ့ရတဲ့ဘဝတွေရှိခဲ့ပါတယ်.ဒါပေမယ့်တစ်ခုတည်းသောကံကိုတော့ အသက်အသေခံ.စည်းစီမ်အစွန် ့ခံပြီးစောင့်ထိန်းခဲ့တယ် အဲဒီကံကတော့…မုသာဝါဒ ကံပါပဲ…သစ္စာလေးပါး မြတ်တရားကိုဟောဖို ့အတွက်..၄သချေင်္ ကမာ္ဘတစ်သိန်းတိတိ သစ္စာပါရမီကိုမကျိုးမပေါက်အောင်ထိန်းနိုင်ခဲ့ပါတယ်

တကယ်တော့**သစ္စာ**ဆိုတာ ဝန်ခံခြင်းပါ ကုသိုလ် အကုသိုလ် နဲ ့မဆိုင်ဘူးအကောင်း အဆိုးနဲ ့လဲမဆိုင်ပါဘူး အမှား အမှန်နဲ ့လဲမဆိုင်ပါဘူး..မှန်မှန်ကန်ကန်ဝန်ခံခြင်းနဲ ့ပဲဆိုင်ပါတယ်…သူငယ်ချင်းတို ့ရော..အပြစ်တစ်စုံတစ်ရာ ကျုးလွန်ခဲ့တဲ့အခါ..မှန်မှန်ကန်ကန်ဝန်ခံတဲ့သူဆိုရင်တော့..သူငယ်ချင်းတို ့ဟာ **သစ္စာ**ရှင်တွေပေါ့နော်..

Smileကတိသစ္စာတည်သောခါဝယ် ဩဇာလေးနက် ပေါ်ဆီတက် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏Smile