နှာချေပြီး နားကန်းသွားသူ

မမေလးSeptember 16, 20101min764

လွန်ခဲ့တဲ့ တစ်လလောက်တုန်းက အသိတစ်ယောက်က နှာချေလိုက်တာ နည်းနည်း ပြင်းထန်သွားတယ်တဲ့ . . . အားပါသွားတာပေါ့လေ . . . ပြီးလည်းပြီးရော နားကိုက်တာနဲ့ နီးစပ်ရာ ဆေးဆိုင်မှာ သွားပြောပြီး ဆေးသွားတောင်းတယ်တဲ့ . . . ဆေးဆိုင်က ဆေးပေးလိုက်တယ် . . . နားထဲမှာ အဲ့ အရည်လေးတွေက ပွက်နေတဲ့ဟာမျိုးတဲ့  . . . ဆေးထည့်ပြီးရင် အဲ့ အရည်လေးတွေကို နားပြန်စောင်းပြီး ပြန်ထုတ်ပစ်ရတယ်တဲ့ . . . ဒါပေမယ့် သူ့နားထဲကနေ ဆေးရည်တွေက ပြန်ထွက်မလာဘူးတဲ့ . . . အဲဒါလည်း တစ်ရက် နှစ်ရက် လောက်ဆက်ထည့်ရင်းနဲ့ တော်တော်လေး ကိုက်လာတာနဲ့ ဆရာဝန်သွားပြတော့ ဓါတ်မှန်ရိုက်ခိုင်းတယ် . . . နားထဲမှာ ပြည်တည်နေတာတဲ့ . . .  နားစည်ကို ထုတ်လိုက်ရတယ်တဲ့ . . . ခု အဲ့နား တစ်ဖက်က မကြားရတော့ဘူးတဲ့ . . . နှာချေရင် ဖြည်းဖြည်းချေပြီး တစ်ခုခုဖြစ်တာနဲ့ ဆရာဝန်သာပြလိုက်ပါတော့ . . . ပြောမယ့်သာ ပြောတာ ဆရာဝန်တွေကလည်း ဈေးကြီးတယ် . . .

4 comments

  • moethidasoe

    September 17, 2010 at 7:51 am

    မှန်ပါတယ် .. နှာခေါင်းနဲ့ နား အလယ်ပိုင်းကို လေပြွန်လေး တစ်ခုနဲ့ ဆက်ထားတယ် .. နှာချေတဲ့အခါ နှာခေါင်းက နှပ်တွေ ထွက်ရင် ရွံစရာလို့ တွက်ထားတဲ့အတွက် နှာခေါင်းကို အတင်း ပိတ်လိုက်ကြတယ် .. ဒါကြောင့် အဆုတ်ထဲက ဆောင့်ထွက်လာတဲ့ လေလမ်းကြောင်းက နှာခေါင်း အပြင် ထွက်ရမယ့် အစား လေပြွန်လေး က တဆင့် နား အလယ်ပိုင်းထဲ ထိုးဝင်သွားတဲ့အခါ နှပ်ချေးတွေ နားထဲ ရောက်သွားသလို ပြင်းထန်တဲ့ အားကြောင့် နားစည်အမြှေး ပေါက်သွားပါလေရော .. အဲဒါကို ဟိုက်ဒရိုဂျင် ပါရောက်ဆိုဒ် (နဖာချေး ဖျော်ဆေး .. ဆူပွက်တဲ့ အရည်) ထည့်တဲ့အခါ ပေါက်သွားတဲ့ နားစည်ကို ကျော်ပြီး အလယ်ပိုင်း အရိုးနုတွေ ရှိတဲ့နေရာ ရောက်ရော .. ပြီးပါလေရော .. ဒါကြောင့် နှာချေတဲ့အခါ ဘေးကို လွင့်မစင်အောင်ပဲ လက်ဝါးနဲ့ ကာရုံ ကာပါ .. နှာခေါင်းကို မပိတ်လိုက်ကြပါနဲ့ လို့

  • Gong Zhu

    September 17, 2010 at 8:57 am

    moethidasoe . . . စေတနာကို ကျေးဇူးတင်ပါတယ်နော် . . .

  • khaizin

    September 17, 2010 at 4:34 pm

    အခုလိုသိရလို့နောက်ဆိုဆင်ခြင်လို့ရသွားပါတယ်……thanks a lot………

  • doekalay

    September 20, 2010 at 9:06 am

    ထူးဆန်းတယ်နော်။ ဘယ်လောက်ပြင်းထန်သွားလဲမသိဘူး။ နှာချေတာတောင်နားလေးသွားတယ်ဆိုတော့ နောက်ဆိုသတိထားရမယ်။

Leave a Reply