သွေးတိုးဝေဒနာရှင်များလိုက်နာရန်

မမေလးSeptember 16, 20101min973

အသက်              ယောကျာ်း သွေးပေါင်ချိန်    မိန်းမ သွေးပေါင်ချိန်
၃ဝ – ၃၉                         ၁၂ဝ / ၈ဝ                      ၁၂ဝ / ၈၀
၄ဝ – ၄၉                        ၁၃၅ / ၈၀                      ၁၃ဝ / ၈၀
၅ဝ – ၅၉                       ၁၄၅ / ၈၅                      ၁၅ဝ / ၈၅
၆ဝ – ၆၉                       ၁၅ဝ / ၈၅                      ၁၆ဝ / ၉၅

သွေးတိုးဝေဒနာရှင်များလိုက်နာရန်

၁ . သွေးတိုးရောဂါ ရှိသူများသည် မကြာခဏ သွေးအားတိုင်းကြည့်ရန် လိုအပ်ပါသည် ။
၂ . စိတ်ညစ်ခြင်း ၊ စိတ်သောကများခြင်း ၊ စိတ်လှုပ်ရှားခြင်း ၊ ကြောက်တတ်ခြင်း များကို တတ်နိုင်သမျှ ရှောင်ကြင်ရမည် ။ စိတ်ချမ်းသာအောင် ၊ စိတ်ငြိမ်သက်အောင်  ပျော်ရွှင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေရမည် ။
၃ . စိတ်ရော ကိုယ်ပါ အားစိုက်ရမည့် လုပ်ငန်းများကို ရှောင်ကြဉ်ရမည် ။
၄ . သေရည် သေရက် သောက်ခြင်းမှာ ထိုရောဂါနှင့် မသင့်ပါ ။ တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမည် ။
၅ . ဆား နှင့် ဆားပါသည့်  ငံသည့် အစားအစာများကိုလည်း ရှောင်ပါ ။
၆ . ဝမ်းမချုပ်သင့်ပါ ။
ရ . သွေးကျဆေးများ ဖြစ်သည့် ဆေးများကို ဆရာဝန် ပြပြီး စားပေးရမည် ။
၈ . ရောဂါသည် မျိုးရိုးနှင့် ဆက်နွယ်နေပြီး ဝ သောသူများတွင် အဖြစ်များ၏ ။ အလေးချိန်လျှော့ချ လိုက်ရုံနှင့် ရောဂါပျောက်ကင်း သွားသူများလည်း မနည်းပေ ။ ထို့ကြောင့် ဆရာဝန်များက သွေးတိုးရောဂါရှင်များအား အချိုဓါတ်ပါသော အစာကို လျှော့စားစေခြင်းဖြစ်သည် ။

( ၁၉၈၁ အောက်တိုဘာလထုတ်  ဆရာဝန်တင်ရွှေ  ( ဆမ ၁၆၃ဝ ) ရဲ့ ဝသောသူများ ကိုယ်ရေစစ်၍ ပိန်သောသူများ ဝဖြိုးလိုလျှင် ဆိုသော စာအုပ်မှ အဓိက အချက်လေးတွေချည်းပဲ ဖော်ပြပေးလိုက်ပါတယ် ။ )

3 comments

  • etone

    September 17, 2010 at 9:58 am

    လူ့အသက်ဆိုတာ ကလေးကစားသလိုလုပ်လို့မှမရပဲ ။ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ရင်းနှီးထားတဲ့ နှစ်တွေ ပိုက်ဆံတွေကလည်း နည်းမှမနည်းပဲကိုး ။ မင်းနေမကောင်းလို့ ကိုယ့်ဘာသာကိုယ်ဆေးသောက်ပြီးမပျောက်ရင်ဆေးခန်းပြေးရတာပဲမဟုတ်ဘူးလား ။ ကုန်တဲ့ပိုက်ဆံကိုမမြင်ပဲနဲ့ ကိုယ့်ရဲ့ အဖိုးတန်လှတဲ့ရခဲတဲ့အသက်ကိုပဲတန်ဖိုးထားပါကွာ ။ ဆေးခန်းမပြခင်ကတည်းက ဘေးပတ်ဝန်းကျင်ကိုနည်းနည်းစနည်းနာရတယ်ကွ ။ ဒီဆရာဝန်ဆေးလိုက်မလိုက် … specialist ဟုတ်မဟုတ်ပေါ့ ။ ဆရာဝန်တိုင်း ဆေးစစ်ခိုင်းတာမဟုတ်ပါဘူး ။ လိုအပ်လို့ စစ်ခိုင်းတာပါ ။ ဆေးစစ်ခိုင်းလို့ ယူတို့စစ်လည်း ဆရာဝန်က ဘာရမှာလဲ ။ ဘာအကျိုးမှမရဘူး ။ bus စီးခလောက်ရတဲ့ပိုက်ဆံလေးကိုမျှော်ကိုးပြီး ဆေးစစ်ခိုင်းတဲ့ ဆရာဝန်တော့မရှိပါဘူး ကွာ ။ အခုခေတ်မှာ အ များဆုံးဖြစ်နေတာက ကုသမှမှားယွင်းရင်သေပြီသာမှတ် မီဒီယာနဲ့ လူထုက ဝိုင်းဆော်ပြီပဲ ။ လူတယောက်ရဲ့ အသက်ကိုခက်ခက်ခဲခဲ ကယ်တင်ခဲ့ရင်တောင် ဘယ်သူကများသတင်းစာထဲမှာ ကျေးဇူးတင်လွှာထည့်ကြေငြာလို့လည်း ။ ပညာရှိသတိဖြစ်ခဲ အလွဲလွဲချော်ချော်ဖြစ်နေရတာ နာမည်ကြီးအတွေ့ကြုံရှိတဲ့ဆရာကြီးတွေမှာသာဖြစ်တတ်ကြောင်း ယူလည်း ကြားခဲ့မှာပေါ့ ။ သူငယ်ချင်း ပွိုင့်တွေတိုးအောင်ပဲ မျက်စိအညောင်းခံပြီး ပို့စ်တွေတင်ဖို့ပဲမစဉ်းစားပါနဲ့ … ပိုက်ဆံရဖို့ဘယ်လောက်ပဲခက်တယ်ပြောပြော ….ဒီလိုပို့စ်မျိုးတင်ပြီးဆရာဝန်တွေကို အပုပ်မချပါနဲ့ ။ ရတဲ့ ပွိုင့်လေးနည်းနည်းနဲ့ ကိုယ်ချင်းစာတရားတွေမခေါင်းပါးပါစေနဲ့ကွာ ။ ဆရာဝန်တိုင်းက ဒီလိုမဟုတ်ပါဘူး ။ နောက်ပြီး ဆေးရုံမှာလူတွေစည်နေတာကလည်း အပျင်းပြေပျော်ပွဲစားထွက်နေတာမဟုတ်ဘူးလေ … ။ မကုမဖြစ်တဲ့အခြေနေမို့လို့ ရှိသမျှလေး ခြစ်ကုတ်ပြီး လာကြရတာကိုလည်း မင်းနားလည်ပါစေကွာ ။

  • kyansitthar101

    September 19, 2010 at 11:58 pm

    သွေး အမြဲတိုးနေရင် ဂရုစိုက်ကြပါ။
    သွေးတိုး တာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီးဗျ။

  • doekalay

    September 20, 2010 at 8:37 am

    ဟုတ်ပါတယ်။သွေးမတိုးအောင်အစားအစာလည်းရှောင်သင် ့တယ်လို ့ထင်ပါတယ်။စိတ်ခံစားမှုများလည်းမရှိအောင်လည်းနေသင် ့တယ်လို ့ထင်ပါတယ်။

Leave a Reply