နှလုံးသွေးကြောပိတ်ရောဂါ

မမေလးSeptember 17, 20101min612

နှလုံးသွေးကြောပိတ်ရောဂါ

၁ . အဆီအဆိမ့်စားကောင်းသောက်ဖွယ်များကို စားပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးသည့်အပြင် အညောင်းထိုင်လေ့ ရှိသော လူမျိုးတွင် အများဆုံးတွေ့ရ၏ ။ အလေးချိန်ပိုသူတွင် ဒီရောဂါ အဖြစ်များ၏ ။
၂ . အုန်းနို့ ၊ အုန်းဆီ ၊ နို့ ၊ ဒိန်ခဲ ၊ မလိုင် စသည်တို့ကို ပိုမိုစားသုံးလေ့ ရှိသူများတွင် တွေ့ရ၏ ။
၃ . ဆီးချိုရောဂါ နှင့် သွေးတိုးရောဂါ အခံရှိသူများတွင် ဒီရောဂါ တွေ့ရ၏ ။
၄ . ဆေးလိပ်သောက်သူများ ၊ စိတ်ပင်ပန်းခံ အလုပ်လုပ်လေ့ လုပ်ထရှိသူများ စိတ်သောကများသူများတွင် တွေ့တတ်၏ ။

ရောဂါလက္ခဏာများ

နှလုုံးခုန်သည့် ရင်ဘတ်အတွင်းမှ စတင်နာကြင်လာခြင်း ၊ ဝဲဘက်လက်မောင်း ဖြတ်ဆင်း နာကျင်ခြင်း ၊ ရောဂါဖြစ်ချိန်တွင် ၂ မိနစ် ၊ ၃ မိနစ် လောက်သာကြာပြီး နှစ်လ ၊ သုံးလ တစ်ကြိမ် သာနာ၏ ။ ဒီအချိန်ထိ ဆေးကုသမှု မခံယူပါက ဝေဒနာသည် တဖြည်းဖြည်းနှင့် တခါတရံ အိပ်မရသည်အထိ ဖြစ်တတ်၏ ။ တစ်ခါတစ်ရံ ချွေးသီးချွေးပေါက် ကျသည်အထိ နာကျင်ပြီး သွေးပေါင်ချိန်ကျကာ သတိလစ်တတ်သည် ။ အချို့ဆိုလျှင် ရုတ်တရတ် သေဆုံးသည် အထိ ဖြစ်သွားတတ်၏ ။

2 comments

  • kopauk mandalay

    September 17, 2010 at 4:08 pm

    အဲဒါတော့ဟုတ်ပါပြီ။
    ကျောင်းစစ်မှကျရင်လဲအောင်အောင်လုပ်ပေးတတယ်ဆိုပါတော့။
    ဆယ်တန်းလို အစိုးရစစ်ကျတော့ သူကဘာလိုက်လုပ်ပေးသလဲဗျာ။
    ဒီလိုဆရာ ဆရာမတွေရှိနေလို့
    မြန်မာပြည်ပညာရေးအဆင့်အတန်းဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တာပါ။
    ဖယ်ယှားပစ်သင့်ပါတယ်။
    အုပ်ချုပ်သူပြောင်းလဲ ဒီလိုအမူအကျင့်တွေမပြောင်းရင် နောက်တန်းရောက်နေတဲ့နို်င်ငံတွေထဲမှပါနေအုံးမှာကတော့အမှန်ပါဘဲ။

  • Gong Zhu

    September 17, 2010 at 7:18 pm

    ဘာမှတော့ လိုက်လုပ်မပေးဘူးလေ ။ ။ ။ လုပ်ပေးလို့မှမရတဲ့ဟာကို . . .

Leave a Reply