သြော် . . . မိဘ ဆီကမုန့်ဖိုးရတော့ လွယ်လွယ်တောင်း လွယ်လွယ်သုံး လာတာလေ . . . ခုကျတော့ ၅၀၀၀ ရဖို့ကို မနည်းရှာနေရတယ် . ခုမှ ၃ ထောင်ကျော်ပဲ ရှိသေးတယ် . ပိုက်ဆံရှာရတယ် မလွယ်မှန်း ကိုယ် ကို တိုင်ရှာကြည့်မှသိတော့တယ် . . . ကပ်စေးကုတ်တတ်လာပြီပေါ့ . . . ပင်ပန်းတယ်နော် . . . ဒါတောင် ဘာအလုပ်မှမရှိဘူး . . . ဒီ ကွန်ပျူတာလေး ရှေ့မှာ ထိုင်ပြီးပဲ စာရေးရတာ . . . မျက်လုံးတွေတောင် ကိုက်လာပြီ . . . ဒီကနေ ပိုက်ဆံ တစ်သိန်း ရရင်တော့ ဦးဦးဖျားဖျား ငွေကို လှူဒါန်းရမယ် . မရှိလို့ မလှူလို့ မရှိ ဆိုတဲ့ အတိုင်းပေါ့ . . . ၀၀ စား များများလှူ ပေါပေါသုံးနိုင်အောင်လို့ . . . နောက် တစ်သိန်းရမှပဲ ပါပါး ၊ မာမား ကို ကန်တော့တော့မယ် . . . သုံး သိန်းရမှ ကိုယ် သုံးဖို့ရမှာ . . . အမယ်လေးလေး ဘယ်လောက်တောင် လုပ်ရဦးမလဲ မသိဘူးနော် . . . တစ်နေ့ တစ်နေ့ ဘာရေးရမလဲ စဉ်းစားနေရတာနဲ့ပဲ . . . ခေါင်းတွေလည်း ခြောက်လှပါပြီ ။ ။ ။

About မမလေး

has written 129 post in this Website..