ပိုက်ဆံတန်ဖိုး – – – နားလည်ပြီ

မမေလးSeptember 17, 20101min26614

ဪ . . . မိဘ ဆီကမုန့်ဖိုးရတော့ လွယ်လွယ်တောင်း လွယ်လွယ်သုံး လာတာလေ . . . ခုကျတော့ ၅၀၀ဝ ရဖို့ကို မနည်းရှာနေရတယ် . ခုမှ ၃ ထောင်ကျော်ပဲ ရှိသေးတယ် . ပိုက်ဆံရှာရတယ် မလွယ်မှန်း ကိုယ် ကို တိုင်ရှာကြည့်မှသိတော့တယ် . . . ကပ်စေးကုတ်တတ်လာပြီပေါ့ . . . ပင်ပန်းတယ်နော် . . . ဒါတောင် ဘာအလုပ်မှမရှိဘူး . . . ဒီ ကွန်ပျူတာလေး ရှေ့မှာ ထိုင်ပြီးပဲ စာရေးရတာ . . . မျက်လုံးတွေတောင် ကိုက်လာပြီ . . . ဒီကနေ ပိုက်ဆံ တစ်သိန်း ရရင်တော့ ဦးဦးဖျားဖျား ငွေကို လှူဒါန်းရမယ် . မရှိလို့ မလှူလို့ မရှိ ဆိုတဲ့ အတိုင်းပေါ့ . . . ဝဝ စား များများလှူ ပေါပေါသုံးနိုင်အောင်လို့ . . . နောက် တစ်သိန်းရမှပဲ ပါပါး ၊ မာမား ကို ကန်တော့တော့မယ် . . . သုံး သိန်းရမှ ကိုယ် သုံးဖို့ရမှာ . . . အမယ်လေးလေး ဘယ်လောက်တောင် လုပ်ရဦးမလဲ မသိဘူးနော် . . . တစ်နေ့ တစ်နေ့ ဘာရေးရမလဲ စဉ်းစားနေရတာနဲ့ပဲ . . . ခေါင်းတွေလည်း ခြောက်လှပါပြီ ။ ။ ။

14 comments

  • kyansitthar101

    September 17, 2010 at 7:04 am

    ကြိုးစားထား Gong zhu ရေ ကျနော်လဲ အခုမှ ၁၅၀ဝ ကျော်ဘဲ ရှိသေးတယ်။

  • nyimalay

    September 17, 2010 at 7:28 am

    go ahead ko Gong Zhu. Money tway myar myar shar nai par say.

  • etone

    September 17, 2010 at 7:33 am

    အင်း … ဒီလိုပါပဲ ပိုက်ဆံရှာရတာလွယ်တာမဟုတ်ဘူးလေ။ ဒီလောက်ပင်ပန်းတာက ကံကောင်းသေးတယ် ။ သူများတွေဆို နေပူကျဲတဲမှာ 4ထောင်5ထောင်ရဖို့ရှာ ရတာ … ။ etone တို့တောင် တနေ့လုံး ဇက်ကြောတတ်အောင်အလုပ်လုပ်ရတာ ။ စိတ်ကလည်းပင်ပန်းသေးတယ် အိမ်ရောက်ရင် မျက်စိတောင်မဖွင့်ချင်တော့ဘူး ။

  • char too lan

    September 17, 2010 at 8:14 am

    ကြိုးစားကြတာပေါ့ဗျာ
    အဲဒါမှမရှိရင်လူရာမဝင်သလိုပုံပေါက်နေတော့လည်း
    အဲဒီအတွက်အားမစိုက်ရင် ဘယ်အတွက်အားစိုက်ရမလဲနော့်
    ကျနော်တောင်ဒီကတစ်သိန်းရရင်ဦးကျော်သူဆီသွားလှူမှာ
    ုုခုတော့ဘာရေးရမလဲဆိုပီး ခေါင်းချောက်နေတယ်. 😀

  • Gong Zhu

    September 17, 2010 at 8:54 am

    အားလုံးပဲ ကြိုးစားထားကြဟေ့ . . . ပိုက်ဆံပြည့်ခါနီးမှ ဘန်း ခံလိုက်ရလို့ကတော့ ပိုးလိုးပက်လက်တော့ လန်ပါပြီ . . .

    ကျေးဇူးတင်ပါတယ် . . . nyimalay

    char too lan . . . ဟုတ်ပ ဒီမှာလည်း အဲ့လိုပဲ ရေတောင် ကိုယ်ပေါ်ရောက်တာနဲ့ တန်းချောက် သွားတာ . . .

    etone . . . အဲ့ဒါကြောင့် ပုံမှာ မျက်လုံးတစ်ဖက်အနားပေးထားတာကိုး . . .

  • kai

    September 17, 2010 at 9:21 am

    ဝက်ဆိုက်က..နေရာရွေ ့နေလို့ခဏခဏပြုတ်ကျနေတဲ့အချိန်မှာ.. ကြိုးစားပမ်းစားစာလာရေးနေတဲ့အတွက်..Gong Zhuကို ဇွဲဆုပေးတဲ့အနေနဲ့ ပွိုင့်တွေ ၂ဆတိုးပေးလိုက်ပါတယ်နော…။

    • etone

      September 17, 2010 at 10:10 am

      kai ဟင်းခွက်ကြီးရာ မျက်နှာပါတာလား … အဲ့… မျက်နှာကြီးရာဟင်းခွက်ပါတာလားပြော … ဘာတုန်း ……ဘက်လိုက်တာ ။ နှာခေါင်း ………. ဟီးဟီး ချိတ်ချိုးရဘူးနော် ။ 😛 😛

  • Gong Zhu

    September 17, 2010 at 10:36 am

    kai . . . ကျေးဇူးတင်ပါတယ် အရမ်းပဲ ။ ။ ။ ပျော်သွားတာတော့ အမှန်ပဲ . . . တိုက်တိုက်ဆိုင်ဆိုင် etone က invite လုပ်တာတွေ့လိုက်တော့ လူတစ်ယောက်ကို Invite လုပ်ရင် ၄၀၀ဝ ပေးတယ်လားလို့ . . . မဟုတ်ရင် သူကပဲ စေတနာပေါက်ပြီး ပေးတာလားလို့ . . . ခုမှသိတယ် . . .etone ရေ sorry ဟာ . . . ဟီးဟီး 😛 စဉ်းတောင်စဉ်းစားလိုက်သေးတယ် . . . လူ ၁ဝ ယောက်လောက် Gong Zhu ကို invite လုပ်ရင် ၄၀၀၀ဝ ရမယ်ပေါ့ . . . ဟဲဟဲ

  • kopauk mandalay

    September 17, 2010 at 4:01 pm

    ပိုက်ဆံရှာတာကတော့မလွယ်ပါဘူး။
    စာရေးပြီးပို်က်ဆံရှာရတာပိုတောင်မလွယ်သေးတယ်။
    (စဉ်းစားရလွန်းလို့ ဆံပင်ညိုတွေတောင် ပိုဖြူလာပါတယ်နော်)
    kai ရေ ကြုံတုန်းရန်လုပ်လိုက်အုံးမယ်။
    ဟိုနေ့ကပျင်းတာနဲ my point ကိုဖွင့်ကြည့်လိုက်တော့ စိတ်တွေလေသွားတယ်။
    ကျနော်က မရေးရရင်မနေနိုင်လို့ရေးတဲ့ထဲမှာပါ ပါတယ်။
    အရင်ကဘာမျှော်လင့်ချက်မှကိုမရှိဘဲရေးနေတာ။
    mandalaygazett ကမှ ပိုက်ပိုက်ပေးတဲ့အစီအစဉ်ရှိတော့ပျော်တာပေါ့။
    ကျနော်ကြိုးစားပမ်းစားရေးပြီးတင်လို်က်တဲ့ ပိုစ်လေးတွေပေးထားတာ အမှတ်100ဆိုတော့ မနည်းဘူးလားဗျာ။
    ဒါပေမယ့်မပေးလဲ ရေးနေမှာပါ။
    အခြားဆိုက်တွေကို တစ်ပြိုင်တည်းတင်ပေးတာကတော့လူများများဖတ်စေချင်လို့ပါ။
    ညီလေး Gong Zhu ရေ အကိုရေးနေတာကြာပြီ တစ်သိန်းပြည့်အောင်တော့ ကြီုးစားရေးပါအုံးမယ်နော်။

  • Gong Zhu

    September 17, 2010 at 8:33 pm

    kopauk mandalay (59980Kyats ) . . . စိတ်မလေပါနဲ့ ဒီကိုလည်း ကြည့်ပါဦး ဘယ်လောက်လဲဆိုတာ အားတက်သွားမှာပါ . . . ( ဆံဖြူရှင် မောင်နှမများဖြစ်သွားတာပေါ့ . . . ) . . . { Gong Zhu = မင်းသမီး }

  • လင်းငယ်

    September 19, 2010 at 8:52 pm

    ကျွန်တော်လည်း အင်တာနက် သုံးခလေးကာမိအောင် လက်ညောင်းခံပြီး ရေးနေရတုန်းပဲဗျို့။

  • bigcat

    September 19, 2010 at 10:46 pm

    Ko kai ကပြောခိုင်းလို့ပါ။ မြန်မာပြည် ဒီမိုကရေစီစစ်စစ် (စည်းကမ်းရှိ၍ စစ်မှန်သော ဒီမိုကရေစီမဟုတ်) ရရင် ပွိုင့်ကို၁ဝဆ တိုးပေးပါ မယ်တဲ့။

  • Gong Zhu

    September 24, 2010 at 8:35 pm

    လင်းငယ် ကြိုးစားထား ဟေ့ . . . စကားမစပ် etone က တစ်သိန်းကျော်နေပြီ ပိုက်ဆံမထုတ်သေးဘူးလား . . . မေ့နေတယ်ထင်လို့ သတိပေးလိုက်တာနော် . . . ဘယ်လိုထုတ်ရတာလဲ . . .

  • ဆူး

    September 25, 2010 at 3:20 am

    အားမငယ်နဲ့ ဝါသနာ အရ ကွန်မန့်လိုက်ပေးတာ ၂၀၀၀ဝ ကျော်ဘဲ ရှိသေးတယ်

Leave a Reply