တရုတ် စစ်တက္ကသိုလ်တွင် တက်ရောက်ရန် ဖိုးလပြည့် စာရင်းဖြည့်သွင်းခဲ့

etoneSeptember 17, 20101min731

အဘိုး ဖြစ်သူ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် အတူ တရုတ် ပြည်သို ့ ငါးရက် ကြာအလည်အပတ်
သွားရောက်ခဲ့သည့် နေရွှေသွေးအောင် သည် သက်တမ်း ၈၅ နှစ် ရှိပြီ ဖြစ်သည့် တရုတ် ပြည်သူ ့
လွတ်မြောက်ရေးတပ်မတော်၏ စစ်တက္ကသိုလ် တွင် ပညာသင်ယူ နိုင်ရန် အတွက် စာရင်းသွင်း
ထားပြီး ဖြစ်သည် ဟု သိရသည်။

စစ်တက္ကသိုလ် များ အနေဖြင့် အရည်အချင်း ပြည့်မှီ မှု ရှိမှ အချိန်ပြည့် သင်ကြားခွင့်ရရှိရန်
လက်ခံသော်လည်းနေရွှေသွေးအောင် ကိုမူ တရုတ်ပြည်၏ အဆွေတော် နိုင်ငံမှ ခေါင်းဆောင် တစ်ဦး
၏ သားသမီး အဖြစ် ချွင်းချက် ဖြင့် လက်ခံ နိုင်သည် ဟု ရုရှား နိုင်ငံ မော်စကို မြို ့တွင်ပညာ သင်ကြားနေ
သည့် စစ်တပ် အရာရှိတစ်ဦး က Freedom News Group သို ့ပြောသည်။

ထိုအရာရှိ က ဘယ်လို ပြောရမလဲ Honorable Doctrine ပေါ့ ဒီရုရှား မှာ လည်းရှိတယ်။ ရုရှား စစ်တက္ကသို လ်
ကနေ အရှေ ့ဥရောပ နဲ ့ တခြား နိုင်ငံက ဒိုင်နက်စတီ သားသမီး တွေ ကို ခေါ်ပြီး တစ်နှစ် လောက် ပညာ
သင်ပေး သူတို ့ရဲ ့တိုက်ချင်းပစ် လက်နက် ထားတဲ့ နေရာ (ရှေ ့တန်း) တွေ နဲနဲ ပါးပါး လိုက်ပြပြီး ရင် ဂုဏ်
ထူးဆောင် ဘွဲ ့ပေးလိုက်တာ တို ့ ဘာတို ့ရှိတယ်။ သူက ဘယ် လို ဘာသာရပ် ကို ယူမလဲ တော့ မသိဘူး။
ဒါမျိုးက ပညာတော် သင် ဆုပေး သလိုမျိုး ပဲ ဟု ပြောသည်။

နေရွှေသွေးအောင် သည် ပြီးခဲ့သည့် လက သူ၏ ရဟတ်ယာဉ် မိတ်ဆက် ပွဲ တွင် သူငယ်ချင်း များ အား
နိုင်ငံ အုပ်ချုပ် ရေး ကို စိတ်မဝင်းစား ဟု အတိအလင်းပြောကြားခဲ့သည်။

ယခု ဆေးတက္ကသိုလ် တက်နေ သည့် နေရွှေသွေးအောင် သည် အမေရိကန် စစ်ဘက်သုံး အပါချီ နှင့် ဘလက်ဟော့ ရဟတ်ယာဉ် များ ကို မောင်းနှင် လိုစိတ် ရှိ သည် ဟု ဆိုသည်။ ၎င်းသည် ထိုင်းတပ်မတော်
သုံး အမေရိကန် ရဟတ်ယာဉ် များ ရရှိ ရန် နည်းလမ်းများ စွာ ဖြင့် ကြံဆနေ သည် ဟု ၎င်း ၏ သူငယ်ချင်း
တစ်ဦးက FNG သို ့ပြောသည်။

ref: Freedom News Group

One comment

  • toe2

    September 17, 2010 at 4:01 pm

    လုပ်ကြပေါ့ သူတိုမို ့မရှက်တယ်….

Leave a Reply