အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်မှုလုပ်ငန်းများ ကို ဆောင်ရွက်မည့်အဖွဲ့များ တိုးလာ

etoneSeptember 17, 20101min762

အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်မှုလုပ်ငန်းများ ကို ဆောင်ရွက်မည့်အဖွဲ့များ တိုးလာကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် ကိုရီးယား-အာဆီယံ အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများကို ၂၀၀၄ ခုနှစ်ကတည်းက လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းကာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိ ကိုရီးယား-မြန်မာ အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှာ မြန်မာဝိုင်အမ်စီအေ၊ World Vision (မြန်မာ)၊ Global Vision ၊ Help Age International အစရှိသောအဖွဲ့အစည်းများမှ ၎င်းတို့၏ စီမံချက်နယ်မြေများတွင် သက်ကြီးရွယ်အိုများကို အိမ်တိုင်ရာ ရောက်စောင့်ရှောက်မှု ပြုလုပ်ပေးနေ ပြီး အလားတူပင် ကျန်းမာရေးဦးစီး ဌာနမှလည်း သက်ကြီးရွယ်အို ကျန်း မာရေးစောင့်ရှောက်မှုအဖြစ် စီမံချက်ဝင်မြို့နယ်များရှိ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးစောင့်ရှောက်မှု ကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအထူး စောင့်ရှောက်ပေးသောနေ့အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့ အသစ်များမှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် Caritas Thailand အဖွဲ့တို့ဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ မှော်ဘီ၊ နေပြည်တော် ပျဉ်းမနား၊ နေပြည်တော် လယ်ဝေးတို့တွင် ယခုနှစ်ကုန်ပိုင်းမှ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
Caritas Thailand မှ လွိုင်ကော်၊ ဒီမောဆိုနှင့် ကော့သောင်း တို့တွင် အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်မှု လုပ်ငန်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

2 comments

  • Gong Zhu

    September 17, 2010 at 10:52 am

    အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်မှု လုပ်ငန်း ဆိုတာဘယ်လိုမျိုးလဲ . . . လက်သည်းညှပ်တာတို့လား . . .

  • kyansitthar101

    September 19, 2010 at 11:32 pm

    ဝမ်းသာပါတယ်ဗျာ
    ကုသိုလ်ရမယ့်အလုပ်ဆိုတော့ များများလုပ်နိုင်ကြပါစေဗျာ

Leave a Reply