ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဖုန်းကိုင်ဆောင်သူ ဦးရေ ၂၆ သိန်းကျော် အထိရှိလာမည်

etoneSeptember 17, 20101min963

ယခုနှစ်အတွင်း ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုးချဲ့ချထားပေးနိုင်ရန် စီစဉ်လျက်ရှိရာ အဆိုပါဖုန်းများ အားလုံးကို အများပြည်သူထံ ချထားပေးမှုများ ပြီးစီးပါက မြန်မာနိုင်ငံတွင် ဖုန်းကိုင်ဆောင်နိုင်သူ ဦးရေ ၂၆ သိန်းကျော်အထိ ရှိလာမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တရားဝင်ထုတ်ပြန်ချက်များ အရ သိရှိရသည်။ လက်ရှိအချိန်၌ မြန်မာပြည်တွင် အော်တိုတယ်လီဖုန်းအလုံးရေ ၈၆၆၀၈၄လုံး၊ ARTS ရေဒီယိုတယ် လီဖုန်း အလုံးရေ ၃၈၅၆လုံး၊ DECT ရေဒီယို တယ်လီဖုန်း အလုံးရေ ၁၉၄၈၊ CDMA (Fixed ) တယ်လီဖုန်းအလုံးရေ ၂၀၀၃၈လုံး၊CDMA (Mobile ) တယ်လီဖုန်း အလုံးရေ ၅၄၅၆၅ဝလုံး၊CDMA -800 တယ်လီဖုန်းအလုံးရေ ၁၅၀၀၀ဝလုံး၊D-AMPS တယ်လီဖုန်း အလုံးရေ ၃၈၄၀ဝ လုံး၊ GSM တယ်လီဖုန်း အလုံးရေ ၄၉၄၃၀ဝလုံး၊ WCDMA တယ်လီဖုန်းအလုံးရေ ၂၈၀၀ဝ လုံးနှင့် McWLL  တယ်လီဖုန်း အလုံးရေ ၅၀၀၀ဝ လုံးစုစုပေါင်း အလုံးရေ ၂၁၉၈၂၇ရ လုံးကိုကိုင် ဆောင်အသုံးပြုလျက်ရှိကြောင်း သိရှိ ရသည်။

ထို့ပြင် ယခုဘဏ္ဍာရေးနှစ် အတွင်း၌ မိုဘိုင်းဖုန်းများတိုးချဲ့ချထား ပေးနိုင်ရန်ရေဒီယိုစခန်း ၃ဝ ခု၊ CDMA-450 ဖုန်းအလုံးရေ ၂၈၁၀၀ဝအ တွက်စခန်း ၁၅၁ခုနှင့် CDMA-800 WLL အလုံးရေ ၁၀၀၀၀ဝ အတွက် စခန်း ၄၂ ခုကို တိုးချဲ့လျက်ရှိရာပြီး စီးပါက ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်း အလုံးရေ ၅ သိန်းနီးပါးကိုချထား ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် တယ်လီဖုန်း ကိုင်ဆောင်နိုင်သူဦးရေ ၂၆သိန်းကျော် အထိရှိလာမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာလည်း လူ၁၀၀ဝ လျှင် တယ်လီဖုန်းသိပ်သည်းဆ ၃ရ ဒသမ ၇၈ဆထက် ပိုမိုစွာ သုံးစွဲလာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

3 comments

  • Gong Zhu

    September 17, 2010 at 10:56 am

    ကောင်းတာပေါ့ . . . ဒါဆိုလမ်းဘေးဖုန်းတွေ အရင်ကလောက် သိပ်ပြီးဝင်ငွေမကောင်းတော့ဘူးပေါ့နော် . . .

  • khunmyat

    September 17, 2010 at 7:06 pm

    အခုတော့ ကြိုးဖုန်းတွေထက်တောင် CDMA ဟန်းဖုန်းတွေက ဈေးပိုသက်သာနေပီနော်… လူတော်တော်များများ သုံးနိုင်လာတာတွေ့ရတယ် … လိုင်းတွေ ပိုကောင်းလာရင်တော့ အရမ်းကောင်းမှာပါ

  • kyansitthar101

    September 19, 2010 at 11:38 pm

    လိုင်းတွေက ကျပ်လာသလိုဘဲ
    လိုင်းတွေကိုလဲ ဂရုစိုက်ပေးရင် ကောင်းမယ်
    ပြည်သူတွေ ဖုန်းတွေ ကိုင်နိုင်လာတာကောင်းပါတယ်

Leave a Reply