ဆိုးဆိုးဝါးဝါးကိစ္စပါပဲဗျာ.. သန်လျင်တစ်ခါဝင်ရင် ပေးလိုက်ရတဲ့မြို.၀င်ကြေးတွေ..တံတား ခအတွက်ကောက်တာက ပြသနာမရှိဘူးပေါ့.. ခုက မြို.၀င်ခါနီးမှာ မြို.၀င်ကြေးပေးရတယ် နှစ်ရာတဲ့.. အရင်ကတော့ တစ်ရာပါ.. စက်တင်ဘာလကနေ နှစ်ရာဖြစ်သွားတယ်တဲ့.. ထားလိုက်ပါအုန်း အဲဒါလည်း.. ပြီးတော့ ကျိုက်ခေါက်ဘုရားဘက်ကနေပြန်လာရင် လမ်းမှာတစ်ခါ ကောက်တယ်.. အဲဒါအပြင်ကို သန်လျင်ကနေ ရန်ကုန်ဘက်ကို အသွား သန်လျင်တံတားနားမရောက်ခင် မှာ မြို.ထွက်ကြေးကောက်တယ်တဲ့ဗျာ…တစ်ရာတဲ့… လမ်းအတွက်ကောက်တယ်တဲ့… လမ်းတွေကလည်း တော်တော်ကောင်းတယ်ဆိုတော့ လကမ္ဘာကြီးကျနေတာပဲ .. ချိုင့်ကွက်တွေအပြည့်နဲ့… တစ်နေ.တစ်နေ.ကို သန်လျင်သွားတဲ့ကားတွေမှ တပုံကြီးပဲ.. အဲလိုကောက်တယ်ဆိုရင်လည်း လမ်းလေးတော့ကောင်းအောင်လုပ်သင့်ပါတယ်… ခုတော့လမ်းတွေကလည်းဆိုး မြို.ထွက်ကြေးလည်းကောက်.. တကယ်ဆိုးတယ်ဗျာ.. တံတားခတောင် ငါးဆယ်ပဲပေးရတယ်.. မြို.၀င်ကြေးနဲ့မြို.ထွက်ကြေးက တော့ တော်တော်လွန်တယ်.. သန်လျင်တစ်ခါဝင်ရင် အနည်းဆုံးငါးရာ ပဲ…

About twitty

nge nge has written 1 post in this Website..