သင်တန်းကျောင်းများ၌ စောင့်ရှောက်ပေးထားသော အခြေအနေမဲ့ နေထိုင်သူများအနက် အုပ်ထိန်းသူထံသို့ ပြန်အပ်နှံသည့် ကလေး ၈၂၅ ဦးရှိခဲ့

etoneSeptember 17, 20101min470

၂၀၀၉-၂၀၁ဝခုနှစ်အတွင်း သင်တန်းကျောင်းများ၌ စောင့်ရှောက်ပေးထားသော အခြေအနေမဲ့ နေထိုင်သူများအနက် မိဘအုပ်ထိန်းသူထံသို့ ပြန်အပ်နှံသည့်ကလေး အရေအတွက် ၈၂၅ ဦးရှိကြောင်း တရားဝင် ထုတ်ပြန်သောစာရင်းအရ သိရသည်။
အလားတူပင် ၂၀၀၉-၂၀၁ဝ ခုနှစ်တွင် သင်တန်းကျောင်းများသို့ ယာယီပို့အပ်စောင့်ရှောက်ထားသည့် ကလေးမှာလည်း ၈၈၂ဦးရှိကြောင်း သိရပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများ၌ စောင့်ရှောက်ထားပေးသော အခြေ အနေမဲ့နေထိုင်သူများတွင် မိဘအုပ် ထိန်းသူရှိပါက မိဘအုပ်ထိန်းသူ များနှင့် ပြန်လည်ပေါင်းစည်းပေး ကြောင်း သိရသည်။
အခြေအနေမဲ့ နေထိုင်သူများကို မြို့တော်စည်ပင်သာယာ ရဲတပ်ဖွဲ့ စခန်း၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနနှင့် မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းများမှ စီမံချက်ဖြင့်ခေါ်ယူ၍ မြို့တော်စည် ပင်သာယာ ရဲတပ်ဖွဲ့စခန်း(ဟံသာဝတီ)၌ ခေတ္တထိန်းသိမ်းစောင့် ရှောက်ထားပြီး ထို့မှတစ်ဆင့် အသက် ၁၆ နှစ်အောက် ကလေးသူငယ် များကို လူမှုဝန်ထမ်းဦးစီးဌာနလက် အောက်ရှိ ပြုစုရေးဌာနများနှင့် သင် တန်းကျောင်းများဖြစ်သည့် ရွှေဂုံ တိုင်ကလေးပြုစုရေးဌာန၊ ထောက် ကြန့်ကလေးပြုစုရေးဌာန၊ ကမ္ဘာအေး လူငယ်သင်တန်းကျောင်း၊ ငှက်အော်စမ်း လူငယ် သင်တန်းကျောင်း၊ အမျိုးသမီးကလေးများ သင်တန်း ကျောင်း(မလိခ)၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း(နတ်မောက်)တို့၌ ယောက်ျားလေးနှင့် မိန်းကလေးခွဲခြား၍အသက်အရွယ် အလိုက် ခေါ်ယူစောင့်ရှောက်ထားကြောင်း သိရှိရသည်။
မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံသောစာရင်း
(၃-၇-၂၀၁ဝ မှ ၆-၈-၂၀၁ဝ ထိ)

၃ .ရ .၂၀၁ဝ မှ ၉ .ရ .၂၀၁ဝ ထိ ရ ဦး
၁ဝ .ရ .၂၀၁ဝ မှ ၁၆ .ရ .၂၀၁ဝ ထိ ၂၁ ဦး
၁ရ .ရ .၂၀၁ဝ မှ ၂၃ .ရ .၂၀၁ဝ ထိ ၅ ဦး
၂၄ .ရ .၂၀၁ဝ မှ ၃ဝ .ရ .၂၀၁ဝ ထိ ၁ဝ ဦး
၃၁ .ရ .၂၀၁ဝ မှ ၆ .၈ .၂၀၁ဝ ထိ ၃ ဦး