ခန္ဓာကိုယ်အလေးချိန်လျှော့နည်းများ

မမေလးSeptember 18, 20101min833

ခန္ဓာကိုယ်အလေးချိန်လျှော့နည်းများ

အစာအငတ်ခံ နေစရာမလိုပါဘူး စားချင်သလောက် ဗိုက်တင်းအောင်စားပါ ။ ချိုသော အစာကို ရှောင်ပါဆိုသော နည်းကို ဓါတ်စာပညာရှင် Marriott ဆိုသူက ၁၉၄၉ ခုနှစ်မှ စတင် အသုံးပြု၏ ။ ထိုနည်းကို အမေရိကန်နိုင်ငံ  နှလုံးသွေးကြောပိတ်ရောဂါ ကာကွယ်ရေး အသင်းကြီးမှ ( ၁၉၆ရ ခုနှစ်တွင် )  Marriott နည်းကို နှလုံးရောဂါပါ ကာကွယ်နိုင်အောင် ပြုပြင်ထားပါသည် ။
ထိုနည်းသည်  ( ၁၉၆ရ ) အထိ ဗြိတိသျှကျွန်းစု တွင် အကျော်ကြားဆုံး ဖြစ်ခဲ့သည် ။
၁ . အောက်ပါ အစားအစာများကို အောက်ပါအတိုင်း ကြိုက်သလောက် စားပါ ။
* အဆီ မပါသော အသားမျိုးစုံကို နည်းမျိုးစုံနှင့် ချက်ပြုတ်လျှက်
* ငါး အမျိုးမျိူးကို ပြုတ်ပြီးသော် ၎င်း ၊ ကင်ပြီးသော်၎င်း
* ကြက်ဥ ၊ ဘဲဥ မျိုးစုံ အပြုတ်
* ဟင်းသီး ဟင်းရွက် အစိမ်းမျိုးစုံ
* ဟင်းသီး ဟင်းရွက် အပြုတ်မျိုးစုံ
* လတ်ဆတ်သော သစ်သီး ဝလံများ
* အာလူးပြုတ်
* ချဉ်ဖတ် အမျိုးမျိုး နှင့် သနပ် အမျိုးမျိုး
* ကော်ဖီ ၊ လက်ဖက်ရည် ( သကြားမပါ )

၂ . အောက်ပါတို့ကို အတိုင်းအတာနှင့် စားနိုင်သည် ။
* တစ်နေ့ နို့ တစ်ပုလင်း ၁/၂ ပိုင့် လက်ဖက်ရည် ကော်ဖီ ဖျော်ရာ အပါအဝင်
* ပေါင်မုန့် အချပ်ငယ် ၃ ချပ် ( တစ်ချပ်လျှင် တစ် အောင်စထက် မပိုရ )
* ထောပတ် သို့ မာဂျရင်း တစ်အောင်စ ( အလေးအချိန် ထပ်မကျပါက ရှောင်ရန်  )

၃ . အောက်ပါတို့ကို လုံးဝ ရှောင်ရန်လိုအပ်ပါသည် ။
* ထောပတ် အနည်းငယ်မှ အပ ဆီပါသော အစားအစာ
* ထမင်း ၊ ပေါင်မုန့် ၊ နံပြား ၊ ပေါင်မုန့် ၊ ဘီစကွတ် ၊ ကိတ်မျိုးစုံ
* ဒိန်ခဲ ၊ ဝက်အူချောင်း ၊ ဆန်ဖြင့်ပြု လုပ်ထားသော အစားအစာ မျိုးစုံ ဂျုံ ဖြင့် ပြုလုပ်ထားသော ခေါက်ဆွဲလို အစားအစာများ
* သကြား နှင့် သကြား ပါသော အဖျော် ယမကာ မျိုးစုံ
* အရက်မျိုးစုံ
* အဓိကအားဖြင့် သကြား ၊ အဆီ ၊ ဆန် နှင့် ဂျုံ ပါသော အစားအစာများကို အတတ်နိုင်ဆုံး ရှောင်ရပါမည် ။
ထိုအချက်များကို လိုက်နာပါက တစ်လလျှင် ၅ ပေါင် မှ ၁၅ ပေါင် ထိ ကျဆင်းမည်ဟု အာမခံထားပါသည် ။

3 comments

  • kyansitthar101

    September 19, 2010 at 11:47 pm

    ကျေးဇူးဘဲ
    ဒီမှာ လဲ ဝိတ်ချ ချင်နေတာနဲ့ အတော်ဘဲ စမ်းကြည့်လိုက်ဦးမယ် Gong Zhu ရေ

  • search123

    September 23, 2010 at 11:48 am

    အလကားနေရင်း ဝတ်တက်နေလို့ စမ်းကြည့်လိုက်ဦးမယ်…အခြားနည်းလေးတွေရှိရင်လည်း ပြောပါဦးနော်။

  • Gong Zhu

    September 23, 2010 at 4:02 pm

    ဝတ်ကဘယ်ပေါ်တတ်နေတာလဲဟင် . . . 😛

Leave a Reply