အဆီလွတ်လပ်စွာ စားပြီး အလေးချိန်လျှော့သော နည်းလမ်းများ

မမေလးSeptember 18, 20101min561

ယခုခေတ် ဆရာဝန်များက လက်ခံအကြံပြုလျက် ရှိပါသည် ။

( ၁ ) အောက်ပါ အစားအစာတို့ကို လွတ်လပ်စွာ စားသုံးပါ ။
* အသားမျိုးစုံ
* ငါး ၊ ပုဇွန် မျိုးစုံ
* ဘဲဥ ၊ ကြက်ဥ မျိုးစုံ
* ဒိန်ခဲ အမျိုးမျိုး
* ဟင်းသီးဟင်းရွက်မျိုးစုံ ၊ အစိမ်းကြော် ၊ အပြုတ်
* ဟစ်သီးဝလံမျိုးစုံ ( အခြောက် ၊ စည်သွတ်ဘူးများနှင့် သကြားဖြင့် ပြုပြင်ထားသော အဆီများ မပါဝင် ) ၊ ထောပတ် ၊ ထောပတ်ရေ နှင့် ဟင်းရွက်ဆီ ( ဝက်ဆီ အပါအဝင် မျိုးစုံ )
* စွပ်ပြုတ်ရေ အမျိုးမျိုး ၊ ချဉ်ဖတ် အမျိုးမျိုး ၊ သရက်သီးသနပ် စသည့် သနပ်မျိုးစုံ
* လက်ဖက်ရည် ၊ ကော်ဖီ
* စက်ကရင် ဆေးသကြား

( ၂ ) အချိန်အဆ အတိုင်း တစ်နေ့အတွက် စားသုံးရန်
* နို့ တစ်ပုလင်း  ( လက်ဖက်ရည် ၊ ကော်ဖီ အပါအဝင် )
* ပေါင်မုန့်  ( အညိုရလျှင် ပိုကောင်းသည် ) ( သို့ ) ဘီစကစ် ( သို့ ) ထမင်း ( ဆန်လုံးညို ( သို့ ) မောင်းထောင်းဆန် ရလျှင် ပိုကောင်းသည် ။ )  ၃ အောင်စ
* အာလူး အလုံးသေ ၂ လုံး

( ၃ ) လုံးဝရှောင်ရန်
* အထက်ပါ ခွင့်ပြုချက်မှ အပ ပေါင်မုန့် ၊ ထမင်း
* ထမင်း ၊ ကောက်ညှင်း နှင့် ပြုလုပ်ထားသော မုန့် အမျိုးမျိုး ၊ ဂျုံ ဇြင့်ပြုလုပ်ထားသော ခေါက်ဆွဲစသည့် မုန့် အမျိုးမျိုး
* သကြား ၊ ထန်းလျက် ၊ ကြံသကာ ၊ ပျားရေ ၊ ရေဖြင့် ပြုလုပ်ထားသော ချိုချဉ်များ ၊ အဖျော် ယမကာများနှင့် ယိုမျိုးစုံ
* အရက်မျိုးစုံ
တစ်နေ့လျှင် သုံးကြိမ် အစာစားပါ ။ တစ်လ အတွင်း ၅ ပေါင် မှ ၁ဝ ပေါင် ထိ အလေးချိန်ကျပါလိမ့်မည် ။

မှတ်ချက် ။ ။ ။ အလေးချိန်သည် တစ်နေ့ထဲတွင် ၂ ပေါင် မှ ၃ ပေါင် အထိ ကွာခြားတတ်သည် ။ ညနေတွင် အလေးချိန် ပိုနေလေ့ ရှိသည် ။
အရက်ကြိုက်သူဖြစ်ပါက ဘီယာ တစ်ခွက် ( သို့ ) အရက် တစ်ခွက်သည် ပေါင်မုန့် တစ်အောင်စ နှင့် တူညီသည် ။ အရက်သောက်မိပါက ပေါင်မုန့်ကို လျှော့စားရပါမည်။

တစ်နေ့လျှင် ၃ မိုင် လမ်းလျှောက်လျှင် ( သို့ ) စက်ဘီး ၄၅ မိနစ် စီးလျှင် ( သို့ ) နာရီဝက် ကြာအောင် ရေကူးလျှင် ( သို့ ) တင်းနစ် ကစားလျှင် တစ်လတွင် အလေးချိန် ၃ ပေါင် ကျမည်ဟု ဆိုသည် ။ အစာရှောင်သူတိုင်း အလေးချိန် ပိုကျစေရန် လေ့ကျင့်ခန်းကိုပါ ပူးတွဲယူသင့်သည် ။
နောက်ဆုံး သုတေသန ပြုချက်များအရ အစာစားပြီး တစ် နာရီ ၊ နှစ် နာရီ အတွင်း လေ့ကျင့်ခန်း လုပ်မည်ဆိုပါက အလေးချိန် ပိုကျသည်ဟု ဆိုသည် ။ စားလိုက်သော အစားအစာ မှန်သမျှ အဆီဓါတ် အသွင်သို့ ပြောင်းလဲခွင့်မရတော့သောကြောင့် ဖြစ်သည်ဟုဆိုသည် ။

One comment

  • smytu1996

    September 19, 2010 at 9:09 pm

    Really it is simple to do to avoid some meals other than three miles walking.After eating making physical exercises is profitable to reduce weight.Thanks.

Leave a Reply