အွန်လိုင်း လုံခြုံမူအတွက် အချက် (၁၀) ချက်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကစပြီး ကမ ္ဘာ့တစ်ဝှမ်းတွင် အင်တာနက် အသုံးပြုမူ ရုတ်တရက် မြင့်တက်လာတာနဲ့ အမျှ အွန်လိုင်း Scams နဲ့ Frauds ပမာဏကလည်း မြင့်တက်လာပါတယ်။ ယနေ့တွင် အင်တာနက် အသုံးပြုသူ အများစုဟာ သူတို့ရဲ့ လုံခြုံစိတ်ချရတဲ့ အင်တာနက် အသုံးပြုမူအတွက် အမှန်တကယ် ပြိုင်ဆိုင်နေတဲ့ ဖြစ်ပျက်လေ့ရှိတဲ့ အွန်လိုင်း ခြိမ်းခြောက်မူ အများအပြားကို သတိမမူကြပါဘူး။ ရလဒ်တစ်ခုအနေနဲ့ အွန်လိုင်း လုံခြုံမူက အင်တာနက် အသုံးပြုသူ အများစုအတွက် မေးစရာ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် အသုံးပြုသူများ က တွေ့ရတတ်တဲ့ Scams နဲ့ Frauds တို့ကို သတိထားလာတဲ့ အွန်လိုင်း မလုံခြုံမူကို တားဆီးဖို့ နဲ့ သူတို့ကိုယ့် သူတို့ ဘယ်လို ကာကွယ်ရမယ်ဆိုတာ သိဖို့က ဖြစ်နိုင်ပါသေးတယ်။ အင်တာနက် အသုံးပြုသူ (၉၁) ရာခိုင်နူန်း ကျော်ကျော်က အွန်လိုင်း Scam များကို သတိမမူပါဘူးလို့ လေ့လာမူ တစ်ခုက ဆိုထားပါတယ်။ အင်တာနက် အသုံးပြုသူများက သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်လာကြပါပြီ။ သင်က အဲဒီ (၉၁) ရာခိုင်နူန်းထဲ ပါနေတယ်ဆိုရင်တော့ အောက်ပါ အချက်များက သင့် အွန်လိုင်း လုံခြုံမူကို သေချာစေတဲ့ အချက် (၁၀) ချက် ဖြစ်ပါတယ်။

၁။ အမြဲတမ်း ကောင်းမွန်တဲ့ Antivirus Software တစ်ခုကို တင်ထားပြီး Up-to-date ဖြစ်အောင် လုပ်ပါ။ Spyware တွေကနေ သင့် ကွန်ပျူတာကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ Anti-spyware တစ်ခုလည်း တင်ထားပါ။

၂။ အမြဲတမ်း ရင်နှီးထားပြီး ယုံကြည်စိတ်ချရတဲ့ ဝက်ဆိုဒ်များကိုသာ လည်ပတ်ပါ။ သင် မရင်နှီးတဲ့ ဝက်ဆိုဒ်များကို လည်ပတ်ရတော့မယ်ဆိုရင် သံသယရှိတဲ့ Links နဲ့ Banners ပေါ်တွင် ကလစ်မနှိပ်မိပါစေနဲ့။

၃။ အသုံးမပြုခင် သင် ဒေါင်းလုပ် လုပ်ထားတဲ့ ဖိုင်များ၊ အီးမေးလ် Attachment များပေါ်တွင် Virus Scan ကို လုပ်ဆောင်ပေးပါ။

၄။ သင့် Operating system နဲ့ Browser software များကို ပုံမှန် Update လုပ်ပေးပါ။ ပိုမို ကောင်းမွန်တဲ့ လုံခြုံမူအတွက် သင့် Browser ပရိုဂရမ်ရဲ့ နောက်ဆုံး ဗားရှင်းနဲ့အင်တာနက်ကို အသုံးပြုပါ။

၅။ ဘယ်လို အကြောင်းပြချက်ပဲရှိရှိ ဘယ်သူနဲ့မှ သင့် စကားဝှက်ကို မမျှဝေပါနဲ့။ ခက်ခဲတဲ့ စကားဝှက်တစ်ခုကို ရွေးပြီး ဥပမာ သုံးလတစ်ကြိမ်လောက် ပုံမှန် ပြောင်းပေးပါ။ ခန့်မှန်းရ လွယ်ကူတဲ့ စကားဝှက်များကို အသုံးပြုခြင်း ရှောင်ရှားပါ။ ( ဥပမာ အိမ်မွေး တိရစ ္ဆာန်ရဲ့ နာမည် ဒါမှမဟုတ် ကလေးရဲ့ နာမည် )

၆။ Login စာမျက်နှာများကို ဝင်ဖို့ဆိုရင် သင့် Browser ရဲ့ လိပ်စာနေရာတွင် ဝက်ဆိုဒ်ရဲ့ URL ကို အမြဲတမ်း ရိုက်ထည့်ပေးပါ။ ( ဥပမာ သင့် Gmail အကောင့်ကို ဝင်ဖို့ဆိုရင် http://mail.google.com လို့ ရိုက်ပါ )

၇။ ဘယ် Login စာမျက်နှာမဆို သင့် စကားဝှက်ကို မထည့်ခင် http အစား https လားဆိုတာ သေချာကြည့်ပါ။ HTTPS ပရိုတိုကောက SSL ( Secure Sockets Layer ) ကို အထောက်အကူ ပြုပါတယ်။ အဲဒါက သာမန် HTTP ထက် ပိုပြီး လုံခြုံစိတ်ချရပါတယ်။

၈။ Phishing အီးမေးလ်များကို သတိပြုပါ။ အီးမေးလ်ရဲ့ စာကိုယ်တွင် Link တစ်ခုကို ကလစ်နှိပ်ခြင်းနဲ့ သင့် Login အသေးစိတ်ကို Update လုပ်ဖို့ တောင်းဆိုထားတဲ့ ဘယ် အီးမေးလ်မဆို မတုံပြန်ပါနဲ့။ အဲဒီ Link များက အယောက်ဆောင် Login စာမျက်နှာများ ( Spoofed Pages ) ကို ခေါ်ဆောင်သွားနိုင်ပါတယ်။

၉။ Browser ဝင်းဒိုးစ်ကို ရုတ်တရက် ပိတ်လိုက်ခြင်းထက် သင့် Login အပိုင်းကို ပိတ်ဖို့ဆိုရင် အမြဲတမ်း Logout ခလုပ်ကို နှိပ်ပေးပါ။ မန်မိုရီနဲ့ သင့်ကွန်ပျူတာရဲ့ Hard Disk ထဲတွင် သိမ်းဆည်းထားတဲ့ ယာယီဖိုင်များကို ဖယ်ရှားမယ်ဆိုရင် အသုံးပြုပြီးတိုင်း သင့် ဝက်ဘ် Browser cache များကို ရှင်းလင်းပါ။

၁၀။ အရေကြီးတဲ့ အချက်အလက်များကို ဆက်သွယ်ဖို့ အင်တာနက် ကဖေးများတွင် အများသုံးကွန်ပျူတာများ အသုံးပြုခြင်းကို ရှောင်ရှားပါ။ သင့် အီးမေးလ် ဒါမှမဟုတ် ဘဏ်အကောင့်များကို Login လုပ်ဖို့ အဲဒီလို ကွန်ပျူတာများကိုလည်း ရှောင်ရှားပါ။ သင့် အနေနဲက အဲဒီလို ကွန်ပျူတာပေါ်တွင် Spyware များ၊ Keystroke-logger များ၊ Password-sniffer များနဲ့ တခြားဆိုးကျိုးရှိတဲ့ ပရိုဂရမ်များကို Installation လုပ်မထားဘူးလို့ မသေချာပါဘူး။

အထက်တွင် ဖော်ပြခဲ့တဲ့ အချက် (၁၀) ချက်ကို လိုက်နာပါက သင့် အွန်လိုင်း လုံခြုံမူကို (၉၀) ရာခိုင်နူန်း ကျော်ကျော် အာမခံနို်င်ပါတယ်။

One comment

  • Gong Zhu

    September 22, 2010 at 5:06 pm

    ကျေးဇူးတင်ပါတယ်နော် . . . သုံးလ တစ်ခါမပြောင်းရင်ရော ဘာဖြစ်တတ်လဲ သိချင်တယ် . . .

Leave a Reply