Hotmail ကို သူတို့ရွေးချယ်မူရဲ့ ၀က်ဘ်မေးလ် ဆာဗာ အဖြစ် နာမည်ပေးထားတဲ့ ၀က်ဘ်မေးလ် အသုံးပြုသူ သန်း (၂၀၀) ကျော်ထက် ပိုများပါတယ်။ တိတိကျကျဆိုရင် Hotmail က World Wide Web ပေါ်မှာရှိတဲ့ ထိပ်ဆုံး အခမဲ့ ၀က်ဘ်အခြေပြု အီးမေးလ် ထောက်ပံ့သူ သုံးခုထဲက တစ်ခုဖြစ်ပါတယ်။ ဒီ အခမဲ့ ၀က်ဘ်အခြေပြု အီးမေးလ်ကို အသုံးပြုသူများထံ မိုက်ခရိုဆော့ဖ်က ပေးထားပါတယ်။ အသုံးပြုသူများကို အီးမေးလ်များနဲ့ ဖိုင်များ သိုလှောင်ထားဖို့ ပမာဏ (၂၅၀) မီဂါဘိုဒ် ကျော်ကျော် ပေးထားပါတယ်။

သူတို့ရဲ့ Junk အီးမေးလ်များကို သိမ်းဆည်းဖို့ လွယ်ကူတဲ့ နေရာတစ်ခု လုပ်ပေးထားတဲ့ အတွက် လူအများစုက Hotmail ကို ချစ်မြတ်နိုးကြပါတယ်။ မေးလ်က တခြား Hotmail အကောင့်ကို Hack လုပ်ဖို့ တခြားလူ ဒါမှမဟုတ် Spam ဖန်တီးသူများအတွက် လွယ်ကူစေပြီး အဲဒါနဲ့ တခြားသူများကို အီးမေးလ် ပို့ပေးပါတယ်။ Hotmail အီးမေးလ်လိပ်စာ တစ်ခုကနေ မလိုချင်တဲ့ အီးမေးလ်တွေ သင် မကြခဏ လက်ခံရရှိနေတာလား။ အဲဒါဆိုရင် RE (Reverse Email) ရှာဖွေမူကို လုပ်ဆောင်ဖို့ အကြောင်း စဉ်းစားနေပြီးလား။

သင်ဆီကို မလိုချင်တဲ့ အီးမေးလ်တွေ ပို့ပေးနေတဲ့ အီးမေးလ်လိပ်စာများကို ထောက်ပံ့ပေးတဲ့ ၀န်ဆောင်မူကို သင်သုံးတဲ့ အခါ RE ရှာဖွေမူက အလွယ်ကူဆုံး ဖြစ်ပါတယ်။ ကံကောင်းချင်တော့ Hotmail RE ရှာဖွေမူက အင်တာနက် အသုံးပြုသူများအတွက် အခမဲ့ ဖြစ်ပြီး အသုံးပြုဖို့ အလွန် လွယ်ကူပါတယ်။ Hotmail RE ရှာဖွေမူကို နေရာပြဖို့ အလွယ်ကူဆုံးနည်းလမ်းအနေနဲ့ သင် လုပ်ဆောင်ဖို့ လိုအပ်တာက ဘယ် Search Engine ထဲတွင် မဆို “Hotmail Reverse Email Search” ဆိုတဲ့ စကားစုကို ရိုက်ထည့်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ ရှာဖွေမူများကို လုပ်ဆောင်တဲ့ ဆိုဒ်ကို သင့် Search Engine ရလဒ်များထဲတွင် စာရင်း လုပ်ထားပါလိမ့်မယ်။

ရှာဖွေမူကို ပြီးစီးစေဖို့ လိုအပ်တာကြောင့် သင့်ဆီကို မလိုချင်တဲ့ အီးမေးလ်များ ပို့ပေးနေတဲ့ အီးမေးလ်လိပ်စာများကို သိမ်းဆည်းထားပါ။ သိသာတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် သူတို့ ကြည့်ချင်တဲ့ အီးမေးလ် လိပ်စာများကို ချရေးဖို့ လူတွေက မေ့တတ်ကြတယ်ဆိုတာ သိတဲ့အခါ သင် အံ့သြသွားပါလိမ့်မယ်။ သင် ရှာဖွေနေတဲ့ အချက်အလက်များကို ရှာတွေ့ချင်မှ တွေ့မယ်ဆိုတာ သိထားဖို့လည်း အရေးကြီးပါတယ်။ လူတစ်ယောက်က သင်ဆီကို မလိုချင်တဲ့ အီးမေးလ်တွေ ပေးပို့နေတဲ့အခါ Spam Bot တစ်ခုက အီးမေးလ် လိပ်စာကို Hijack လုပ်ထားပြီး သင့် Inbox ကို ပြည့်နေအောင် လုပ်ထားသူကို သင် မသိနိုင်သေးတာက ဖြစ်နိုင်ချေ ရှိပါတယ်။

Hotmail RE ရှာဖွေမူက ဘယ် Hotmail အီးမေးလ် လိပ်စာနဲ့ ဆက်စပ်နေတဲ့ အချက်အလက်အတွက် ရှာဖွေပေးဖို့ ယုံကြည် စိတ်ချရတဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ သင် သိချင်တဲ့ အကြောင်းအရာကို ဖော်ထုတ်ဖိုက ဖြစ်နိုင်ရင် Hotmail RE ရှာဖွေမူကို ပြောင်းလဲ သင့်ပါတယ်။ တကယ်တော့ သင် ရှာဖွေနေတဲ့ ရလဒ်များ မရသေးခင် အမျိုးမျိုးသော RE ရှာဖွေမူများကို ကြိုးစားဖို့ သင်အနေနဲ့ လိုအပ်ပါတယ်။

မည်သူကမှ သူတို့ကို မတွေ့စေချင်တဲ့ အချက်ကို စိတ်ထဲမှာ မှတ်ထားပါ။ သူတို့ကို မတွေ့စေချင်တဲ့ လူတွေက သူတို့ရဲ့ စစ်မှန်တဲ့ သက်သေများနဲ့ ဆက်သွယ်ဖို့ အချက်အလက်များကို ကာကွယ်ဖို့ အပို အဆင့်များ လုပ်ဆောင်ထားပါတယ်။ သင်ကိုယ်တိုင် RE ရှာဖွေမူနဲ့ သင် ရှာဖွေနေတဲ့ အချက်အလက်များကို ရှာမတွေ့ နိုင်ဘူးဆိုရင် သင်အတွက် ရှာဖွေပေးဖို့ ကျွမ်းကျင်သူတစ်ယောက်ကို သင် ငှားချင်ပါလိမ့်မယ်။ သင်ဆီကို မလိုချင်တဲ့ အီးမေးလ်များ ပို့ပေးနေတဲ့ လူများကို သင် ဖော်ထုတ်ချင်တဲ့ အခါ ရွေးချယ်စရာ ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်အဆင့် ၀န်ဆောင်မူများ ရရှိနိုင်ပါတယ်။

သင့် Hotmail အကောင့်ထဲမှာ ပြနေတဲ့ မလိုချင်တဲ့ အီးမေးလ်များကို သင့် Hotmail ထောက်ပံ့သူဆီ သတင်းပေးဖို့ အတွက်လည်း မှတ်မိဖို့ အရေးကြီးပါတယ်။

(၀န်ခံချက်။ ။စာရေးဆရာ Ed Opperman ရဲ့ Hotmail Reverse Email Search ကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။)

About မောင်လင်းငယ်

Zaw Lin has written 83 post in this Website..