Gmail အတွက် New Mail Sound ကို ဘယ်လို ပြောင်းမလဲ

သင့် Gmail အကောင့်ထဲကို ရောက်လာတဲ့ ဘယ်စာ မဆို မလွဲချင်တဲ့ ဆန္ဒ ရှိပါသလား။ ဒါမှမဟုတ် မေးလ် အသစ်ရောက်တဲ့ အခါတိုင်း Gmail Nofifier က သတိပေးတဲ့ သတိပေးချက်မျိုး နှစ်သက်ပါသလား။

ဘာပဲဖြစ်ဖြစ် သင့် Gmail အကောင့်အတွက် အသံပါတဲ့ သတိပေးချက်ကို ပေါင်းထည့်ဖို့ ဒါမှမဟုတ် ဖွင့်ထားတဲ့ သံစဉ်ကို ပြောင်းလဲဖို့ ဘယ်လို လုပ်ရမယ်ဆိုတာကို ပြောပြထားတာပါ။

Gmail အတွက် New Mail Sound ကို ပြောင်းလိုက်ပါ။

Gmail တွင် New Mail Sound ကို ပြောင်းဖို့ ဆိုရင် –

  • Gmail Notifier ကို Installation လုပ်ထားသလားဆိုတာ သေချာအောင် လုပ်ပါ။
  • Windows ရဲ့ Start Menu ကနေ Control Panel ကို သွားပါ။
  • Sounds and Audio Devices ကို ရွေးချယ်ပါ။
  • အဲဒါကို သင် မတွေ့ဘူးဆိုရင် ဘယ်ဖက်နားက Switch to Classic View ကို ကလစ်နှိပ်ပါ။
  • Sounds ကဏ္ဏ ကို သွားပါ။
  • New Mail Notification အတွက် စိတ်ကြိုက် အသံကို ရွေးချယ်ပါ။
  • Audio Nofification ကို မလိုအပ်တော့ဘူးဆိုရင် None ကို ရွေးလိုက်ပါ။
  • OK ကို ကလစ်နှိပ်လိုက်ပါ။

Gmail Nofifier က ပုံသေ ဝင်းဒိုးစ် မေးလ် အသစ် Event Nofification ကို သုံးထားတာကြောင့် Gmail အတွက် သင် ရွေးလိုက်တဲ့ အသံက ဥပမာ Outlook Express ဒါမှမဟုတ် Outlook ထဲမှာ မေးလ်အသစ် ရောက်တဲ့ အခါ သင် ကြားရမယ့် အသံ ဖြစ်ပါတယ်။