Windows Vista တွင် ရနိုင်တဲ့ ဝိုင်ယာလက်စ် Network ကို ဘယ်လို ရှာကြမလဲ

ရရှိနိုင်တဲ့ ဝိုင်ယာလက်စ် Network ကို အသုံးပြုဖို့ ဆိုရင် သင့် ကွန်ပျူတာတွင် ဝိုင်ယာလက်စ် Networking Card တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ပထမဆုံး အဆင့်က ရရှိနိုင်တဲ့ ဝိုင်ယာလက်စ် Network ကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ ဒုတိယအဆင့်က ဝိုင်ယာလက်စ် Network ကို ဆက်သွယ်ဖို့ ဖြစ်ပါတယ်။

Windows Vista တွင် ရရှိနိုင်တဲ့ ဝိုင်ယာလက်စ် Network ကို ရှာဖို့ ဆိုရင် အောက်ပါ အဆင့်များကို လိုက်နာပါ။

၁။ Start Menu ကနေ Connect To item ကို ရွေးချယ်ပါ။

Connect to a Network ဆိုတဲ့ Window ပွင့်လာပါမယ်။ အဲဒီ Window က သင် ဆက်သွယ်နိုင်တဲ့ အမျိုးမျိုးသော အရာများကို စာရင်းပြုထားပါတယ်။ သင့် ကွန်ပျူတာရဲ့ ဝိုင်ယာလက်စ် Networking Card ကြိမ်နူန်းအတွင်းက ဝိုင်ယာလက်စ် Networks ထုတ်လွှတ်ခြင်းကို Wireless Network Connection Area ထဲတွင် ပြထားပါတယ်။

၂။ စာရင်းကနေ သတ်မှတ်ပေးဖို့ Network တစ်ခုကို ရွေးချယ်ပါ။

သင့် အိမ်နီးနားချင်းရဲ့ Network ဒါမှမဟုတ် ပတ်ဝန်းကျင် စီးပွားရေးလုပ်ငန်းရဲ့ Network တွေ စသဖြင့် များပြားလှတဲ့ ဝိုင်ယာလက်စ် Network များကို သင် တွေ့နိုင်ပါတယ်။

၃။ Connect ခလုပ်ကို ကလစ်နှိပ်ပါ။

Windows က Network ကို ဆက်သွယ်ဖို့ ကြိုးစားပါလိမ့်မယ်။

Network က မလုံခြုံဘူးဆိုတဲ့ သတိပေးချက်ကို သင်တွေ့ပါလိမ့်မယ်။ ဆက်သွယ်ရေးအတွက် စကားဝှက် မလိုတဲ့ အခမဲ့ ဝိုင်ယာလက်စ် Network များ အတွက် ဒီ သတိပေးချက်က တွေ့ရ အများဆုံးပါ။ ဆက်လက် လုပ်ဆောင်ဖို့ Connect Anyway ကို ကလစ်နှိပ်လိုက်ပါ။

၄။ အဲဒီလို လုပ်ဖို့ စေခိုင်းတယ်ဆိုရင် Network ရဲ့ စကားဝှက် ကို တည့်လိုက်ပါ။

ယနေ့ခတ်တွင် Network အများစုက လုံခြုံပါတယ်။ ( စကားဝှက်နဲ့ ကာကွယ်ထားမယ် ဆိုရင် ) စကားဝှက်ကို သင်မသိဘူးဆိုရင် သင် မဝင်ရောက်နိုင်ပါဘူး။

၅။ Network အများသုံးလား ဒါမှမဟုတ် သီးသန့်လားဆိုတာ ရွေးချယ်ပါ။

ဒါက အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ အများသုံး Network တစ်ခုဆိုတာက တခြားသူများ အသုံးပြုနိုင်တဲ့ လူအားလုံးကို ထုတ်ပြထားတာပါ။ ဒီအခြေအနေတွင် သင့် ကွန်ပျူတာကို ပိတ်ထားပြီး ကိုယ်ရေး ကိုယ်တာ အချက်များကို သင်က ဖွင့်မထားစေချင်ပါဘူး။

သီးသန့် Network ဆိုတာက သင် သိတဲ့ လူတွေ ဒါမှမဟုတ် လုံခြုံတဲ့ ကွန်ပျူတာများကိုသာ ရရှိနိုင်တဲ့ သင့် ရုံး ဒါမှမဟုတ် အိမ်က Network ကို ဆိုလိုတာပါ။ အဲဒီလို Network က အများသုံး Network ထက် ပိုပြီး ပွင့်လင်းပါတယ်။

၆။ Network ရဲ့ ဆက်သွယ်ရေး အချက်အလက်များကို သိမ်းထားမလားဆိုတာ ရွေးချယ်ပါ။

နောက်တစ်ကြိမ် ဝိုင်ယာလက်စ် ဆက်သွယ်ရေးကို အသုံးပြုဖို့ အစီအစဉ် ရှိတယ်ဆိုရင် သင် အနေနဲ့ အချက်အလက်များကို သိမ်းထားသင့်ပါတယ်။ အဲဒီနည်းလမ်းက သင် ဆက်သွယ်လိုက်တဲ့ အချိန်တိုင်း စကားဝှက်ကို သင် ပြန်လည်ပြီး ထည့်ပေးစရာ မလိုပါဘူး။

၇။ Close ခလုပ်ကို နှိပ်လိုက်ပါ။

ဒါဆို သင်က အွန်လိုင်းပေါ် ရောက်နေပါပြီ။

၈။ User Account Control dialog box တစ်ခု ကျလာမယ်ဆိုရင် Continue ခလုပ်ကို ကလစ်နှိပ်လိုက်ပါ။

အခု သင်က ဆက်သွယ်ထားပြီး Network ကို အသုံးပြုဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သင် ဆက်သွယ်ထားတာကို ပြတဲ့ ဝိုင်ယာလက်စ် Networking အိုင်ကွန်တစ်ခု Taskbar ပေါ်က Notification Area ထဲတွင် ပေါ်လာပါမယ်။ ပိုပြီး အချက်အလက်များအတွက် အဲဒီ အိုင်ကွန်ကို မောက်စ်နဲ့ ချိန်ကြည့်ပါ။