ရယ်မောခြင်းကနေ ရရှိနိုင်တဲ့ အချက် (၁၀) ချက်

ရယ်မောခြင်းက ကျွန်တော်တို့ရဲ့ ဝိညာဉ်ကို သာယာ ညိမ့်ညောင်းစေပါတယ်။ အဲဒါက ကျွန်တော်တို့ကို ပျော့ပျောင်းစေပြီး ပျော်ရွှင်စေပါတယ်။ သင်က အလုပ်၊ အိမ် ဒါမှမဟုတ် ကဇာတ်ရုံတွင် ရှိနေတဲ့ အခါ ဖြစ်နိုင်ရင် အချိန်တိုင်း လိုလို ရယ်မောခြင်းကို သင့်ဘဝထဲ ယူဆောင်လာစေချင်ပါတယ်။ ကဇာတ် ဟာသများကို ကြည့်ပြီး သင်တို့ ကိုယ်တိုင် နဲ့ တစ်ယောက်ချင်းစီ ကြည့်ပြီး ရယ်မောလိုက်ပါ။ ရူးကြောင်ကြောင် လုပ်ပေးပါ။ ဟာသ ဇာတ်ကားများ ကြည့်ပေးပါ။ ဟာသ စာများ ဖတ်ပေးပါ။ အရေးကြီးဆုံးအရာက သင် ချစ်မြတ်နိုးတဲ့၊ သင် ဂရုစိုက်တဲ့၊ အတူတကွ ရယ်မောတတ်တဲ့ လူတွေနဲ့ အချိန်ကို ကုန်ဆုံးစေပါ။ ဘဝဆိုတာက ရယ်မောခြင်းလို့ ဆိုလိုတဲ့ ဟာသမဟုတ်တာတွေနဲ့ ကြမ်းတမ်းတဲ့ အလုပ်တွေ လို့ မဆိုလိုပါဘူး။ ဒီလိုအချိန်လေးတွင် သင် ရောက်ရှိနေတုန်း ကောင်းမွန်တဲ့ အချိန်လေး ဖြစ်ပါစေ။ ပြီးတော့ သင့် ဘဝရဲ့ နေရာတိုင်းထဲ ပျော်ရွှင်မူကို ရယူနိုင်ဖို့ လေ့လာ သင်ယူပါ။ ကောင်းကောင်း ရယ်မောနိုင်ပါစေ။ ပြီးတော့ ဟာသမြောက်ပါစေ။ ဘဝဆိုတာက ကောင်းမွန်တဲ့ အချိန်လေးကို ဆိုလိုတာပါ။

၁။ ဘဝဆိုတာက ပျော်ရွှင်စရာလို့ ဆိုလိုပါတယ်။ ပြိးတော့ မကြာခဏ ပျော်ရွှင်စေဖို့ ကျွန်တော်တို့ တစ်တွေ ကိုယ့်ကိုယ်ကို ခွင့်ပြုထားဖို့ လိုအပ်ပါတယ်။

၂။ သင်ကိုယ့်ကို ပြင်းပြင်းထန်ထန် မထားပါနဲ့။ သင့်ကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ လူတွေက ဘာပဲ ဖြစ်ဖြစ် သင့်ကို ဆက်ပြီး ချစ်မြတ်နိုးနေဦးမှာပါ။ တစ်ခြားလူတွေကတော့ အရေးမကြီးပါဘူး။

၃။ ကျယ်ကျယ်လောင်လောင် ရယ်မောနိုင်လေ၊ ပိုပြီးကောင်းလေပါပဲ။

၄။ ရယ်မောခြင်းက သင့်ကို ကောင်းမွန်တဲ့ ခံစားချက် ပေးပါတယ်။

၅။ ကြိမ်ဖန်များစွာ ရယ်မောခြင်းက ရှေ့ရေးကို တွေးဖို့ သင့်ကို တစ်စုံတစ်ရာပေးပါတယ်။ စဉ်းစားဖို့လည်း မှတ်ဉာဏ်တွေ ပေးပါတယ်။

၆။ ရယ်မောခြင်းက ရယ်မောနေတဲ့ လူတွေအတွက် ကောင်းစေရုံ သာမက သူတို့ ပတ်လည်က လူတိုင်းကို လည်း တောက်ပ နုပျိုစေပါတယ်။

၇။ ဘဝရဲ့ အကောင်းဆုံးသော အရာတွေက အခမဲ့ ဖြစ်ပါတယ်။ ရယ်မောခြင်းက ကုန်ကျစရိတ် မရှိပါဘူး။

၈။ ရယ်မောခွင့် မရတဲ့ လူတွေနဲ့ အခြေအနေတွေက တွေ့ကြုံရတဲ့ မကောင်းတဲ့ လူတွေနဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

၉။ သင့် ဘဝထဲတွင် အရေးကြီးတယ်လို့ သင် ထင်တဲ့ အရာတွေက အမှန်တကယ်တော့ အရေးမကြီးပါဘူး။

၁၀။ ရယ်မောခြင်းက ကျွန်တော်တို့ အများစု လက်ရှိ အမှန်တကယ် ရှိနေတဲ့ အကြိမ်အရေတွက် အနည်းငယ်ထဲက တစ်ခုသာ ဖြစ်ပါတယ်။ ရယ်မောဖို့ ဆိုတာက ခက်ခဲပါတယ်။ ပြီးတော့ တခြားနေရာမှာလည်း ရနိုင်ဖို့ ခက်ခဲပါတယ်။

3 comments

  • Nang Lay

    September 20, 2010 at 9:21 am

    yes. When can Lunchl we can get fresh and god exercise for all. So, all wish all the people can lunch.

  • HayMonChan

    September 21, 2010 at 3:25 pm

    မှန်ပါ့
    ချမ်းချမ်းလဲ.
    အမြဲရယ်နိုင်အောင်ကြိုးစားပါတယ်
    ကျေးဇူးပါ

  • Gong Zhu

    September 22, 2010 at 5:02 pm

    အရမ်းရယ်လွန်းရင် ပါးညောင်းတယ်နော် . . . 😛

Leave a Reply